BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရက္ခိုင့်တပ်တော် (AA) ကို PDF က...
သတင်းအတု

ရက္ခိုင့်တပ်တော် (AA) ကို PDF က သတိပေးတယ်ဆိုတဲ့ သတင်းအမှား

ရက္ခိုင့်တပ်တော် (AA) ဟာ စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲလိုက်တဲ့အပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ သတိပေးတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Nov 2022 9:34 PM IST
  • ရက္ခိုင့်တပ်တော် (AA) ကို PDF က သတိပေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲပ Jayken ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'AA ကို PDF သတိပေးပြီ' လို့ ရေးသားကာ ဗွီဒီယိုဖိုင်ရဲ့ ကာဗာမှာလည်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဓာတ်ပုံနဲ့အတူ 'နိုင်ငံရေး သစ္စာဖောက် AA ကို PDF အပြတ်ချမယ်။ အရေးပေါ် သတင်း' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုတွေဟာ တမင်လုပ်ကြံရေးသားထားတဲ့ ဖြန့်ဝေမှုတွေသာ ဖြစ်ပြီး PDF အဖွဲ့တွေက သတိပေးတယ်ဆိုတာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားခြင်းမရှိသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ထုတ်ပြန်ထားတာမျိုး မရှိပါဘူး။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ အခြားမီဒီယာတွေဆီက ပြန်လည်ကူးယူထားတဲ့ သတင်းတွေနဲ့အတူ Hla Soewai ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ တင်ထားတဲ့ 'AA ၏ မဟာဗျူဟာ ရည်မှန်းချက် ပျက်သုဥ်းသွားပြီလော' ဆိုတဲ့ ပိုစ့်ကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    ဒီ Video ဟာ ကြည့်ရှု့သူ အရေအတွက်များအောင် လိမ်ညာဖြန့်ဝေပြီး Viewers အရေအတွက်ကနေ ဝင်ငွေရှာနေတဲ့ Click baits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ဒုတိယအကြိမ် ယာယီအပစ်အခတ်ရပ်စဲခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၂၈ ရက်နေ့ ဒီနေ့ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

    စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့မှု တွေကြောင့် ဆေးဝါးနဲ့ စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲနဲ့ ရင်ဆိုင်နေကြရသလို တောင်သူလယ်သမားတွေ စပါးရိတ်သိမ်းဖို့ အရေးတကြီးလိုအပ်နေတာကြောင့် ယာယီအပစ်အခတ်ရပ်စဲခဲ့တာလို့လည်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြောင်း RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Military Juntaရက္ခိုင့်တပ်တော် (AA)Arakan Army (AA)PDF forces warned AAAA ကို PDF သတိပေးအပစ်အခတ်ရပ်ဆဲ
    Read Full Article
    Claim :   ရက္ခိုင့်တပ်တော် (AA) ဟာ စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲလိုက်တဲ့အပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ သတိပေးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!