BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ်...
သတင်းအတု

NLD ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် ဘာသာရေးနဲ့ ဦးတည်တိုက်ခိုက်တဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ NLD ထိပ်ပိုင်း ခေါင်းဆောင်တွေအပေါ် ဘာသာရေးနဲ့ပတ်သက်လို့နားလည်မှုလွဲမှားအောင် လှုံ့ဆော်ရေးသားထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  5 Dec 2020 5:15 PM IST
  • NLD ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် ဘာသာရေးနဲ့ ဦးတည်တိုက်ခိုက်တဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဒီဇင်ဘာလ ၁ ရက်နေ့ည ၇ နာရီ ၄၇ မိနစ်မှာ အောင်အောင် မြန်မာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဦးစွာ ရေးသားဝေဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဗုဒ္ဓဘာသာကို နှိမ့်ချ ပြောဆိုခဲ့ကြသော NLD အမတ်များ၏ အမည်စာရင်း" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပါတယ်။

    အဲ့ဒီ သတင်းရဲ့ အတွင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နဲ့ NLD ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒေါက်တာဒေါ်မေဝင်းမြင့် တို့ရဲ့ နာမည်တွေအသုံးပြုပြီး ယခင်ထွက်ပေါ်နေကြ ဘာသာရေးသွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားတွေဖြန့်ဝေတဲ့ပုံစံအတိုင်း ရေးသားဖြန့်ဝေထားပါတယ်။

    ပထမဆုံး ဒေါ်အောင်ဆန်းစုကြည် နာမည်သုံးပြီး ဖြန့်ထားတဲ့ သတင်းအမှားထဲမှာ " ဗုဒ္ဓဘုရားဟာ သာမန်မင်းသားတစ်ပါးဖြစ်တဲ့အတွက် ထူးပြီး ကိုးကွယ်စရာမလိုကြောင်း ပြောခဲ့သလို ရဟန်းတစ်ပါး မီးရှို့သတ်ခံရတာဟာ ဘာမှ မဖြစ်ပါဘူး။ ဗလီဆိုတာ သူတို့ရဲ့ အသည်းနှလုံးဖြစ်လို့ ထိခိုက်အောင် မလုပ်သင့်ပါဘူးလို့ တရားဝင်ပြော ကြားခဲ့" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် အဲ့ဒီသတင်းထဲမှာ ယဉ်ကျေးမှုနဲ့ သာသနာရေးရာဝန်ကြီး သူရဦးအောင်ကိုက ဘုန်းကြီးကျောင်း ၂၈၀ ကျော်ကို ဖျက်ခဲ့ပြီး လူထောင်ချီတဲ့ ဗလီကြီးကို ဆောက်ပေးချင်ကြောင်း ရေးသားထားပါတယ်။ ပြီးတော့ ပြန်ကြားရေး ဝန်ကြီးဦးဖေမြင့်၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဒေါက်တာဒေါ်မေဝင်းမြင့် တို့ နာမည်တွေသုံးပြီး ဗုဒ္ဓဘာသာကို ဦးစားမပေးဘဲ အစ္စလာမ် ဘာသာကို ဦးစားပေး ဆောင်ရွှက်နေသယောင် ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၅၀၀ ကျော်နဲ့ ထပ်ဆင့် ဝေမျှထားသူ ၅၀၀ ကျော် ရှိနေပြီး နောက်ထပ် သီဟသူရပြောက်ကျား ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုကလည်း ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေ ရှိတဲ့ Group ထဲ ရေးတင်ထားပြီး ၎င်းသတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၆၀၀ ကျော် ရှိနေပါတယ်။ ဒါ့အပြင် တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာကလည်း ဒီအကြောင်းအရာကို ကူးယူဖော်ပြနေကြပါတယ်။

    မူရင်း ရေးသားမှု အပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ ရေးသားဖြန့်ဝေထားတဲ့ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေက ဘာသာရေး စော်ကားမှု ပြုထားတယ် ဆိုတဲ့ အကြောင်းအရာတွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေကို အသုံးပြုပြီး ဘာသာရေး သွေးထိုးလှုံ့ဆော်မှု ပြုလုပ်ထားတာကို တွေ့ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် နာမည် သုံးပြီး ဖြန့်ဝေထာတဲ့ အကြောင်းအရာဟာ ယခင် ထွက်ပေါ်နေကြ သတင်းအမှား ဖြစ်ပြီး ယခု ပြန်လည် ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ၎င်းရေးသားထားတဲ့ အကြောင်းအရာဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြောကြားထားခြင်း လုံးဝ မရှိပါဘူး။ အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom က အချက်အလက် စစ်ဆေးခဲ့ ပြီးသား သတင်း ၂ ပုဒ် ကို အောက်ပါ Link မှာ ဖတ်ပါ။

    ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ ပါဝင်တဲ့ သတင်းအမှားများ

    လက်ကမ်းစာရွက် သတင်းတုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်


    ဒုတိယ ရေးသားထားတဲ့ သာသနာရေးရာဝန်ကြီး သူရဦးအောင်ကိုဟာ ဘုန်းကြီးကျောင်းတွေ ဖျက်ပြီး လူထောင်ချီဆန့်တဲ့ ဗလီတွေ ဆောက်ပေးမယ် ဆိုတဲ့ အကြောင်းအရာဟာ ဘာသာရေး သွေးထိုးလှုံ့ဆော်မှု ပြုလုပ်ဖို့ ပြန်လည် ဖြန့်ဝေနေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးသူရဦးအောင်ကိုဟာ အခမ်းအနားတစ်ခုမှာ လူဦးရေ ထူထပ်လာတဲ့အတွက် မြောက်ဒဂုံ လို နေရာမျိုးမှာ လူပေါင်းများစွာ ဝတ်ပြုနိုင်တဲ့ အစ္စလာမ် ဘာသာရေး အဆောက်အဦး ဆောက်ပေးချင်တယ်လို့ ပြောဆိုခဲ့ဖူးပါ။ အဲ့ဒီအကြောင်းအရာကို ယူပြီး ဘာသာရေး သွေးထိုးလှုံ့ဆော်မှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။

    ၎င်း တခြားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေဟာလည်း မူရင်းပြောဆိုမှုတွေကို လိုရာဆွဲယူရေးသားက ဘာသာရေး သွေးထိုးလှုံ့ဆော်မှု ပြုလုပ်ထားခြင်းတွေသာ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် နာမည်သုံးပြီး ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာလည်း သတင်းအမှားသာ ဖြစ်ပါတယ်။ ၎င်းတို့ ရေးသားဖြန့်ဝေထားသလို နိုင်ငံပိုင် သတင်းစာတွေမှာ ဗုဒ္ဓအဆုံးအမတွေ မထည့်ရဘူးလို့ ပြန်ကြားရေး ဝန်ကြီးက အမိန့်ပေးထားခြင်း မရှိပါဘူး။ သတင်းအမှားတင်သူတွေဟာ ဘာသာရေးကြောင့် ထိလွယ်ရှလွယ် ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်မှု ပြုလုပ်နေခြင်းသာ ဖြစ်ပါတယ်။

    ဘာသာရေး အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်မှုတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း များစွာ ဖြစ်ပေါ်ခဲ့ကြပြီး အခု ရွေးကောက်ပွဲ ပြီးဆုံးချိန်မှာလည်း သွေးထိုးလှုံ့ဆော်မှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။




    Tags

    NLD leadersreligiouspropagandafake newsNLD ခေါင်းဆောင်ဘာသာရေးသတင်းအမှား
    Read Full Article
    Claim :   ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ ရေးသားဖြန့်ဝေထားတဲ့ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေက ဘာသာရေး စော်ကားမှု ပြုထားတယ် ဆိုတဲ့ အကြောင်းအရာတွေ ကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!