BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လက်ကမ်းစာရွက် သတင်းတုဖြင့်...
သတင်းအတု

လက်ကမ်းစာရွက် သတင်းတုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်

၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာသာရေးအရ တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  31 Oct 2020 4:50 PM IST
  • လက်ကမ်းစာရွက် သတင်းတုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်

    သတင်းအမှားဖြန့်ဝေသူတွေဟာ လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေသလို ယခုကာလအတွင်း သတင်းအမှားတွေကို လက်ကမ်းစာရွက်တွေနဲ့ ဖြန့်ဝေတာလည်း ရှိနေပါတယ်။

    အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကျော်သူရိန်ထွဋ် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က လက်ကမ်းစာရွက် တစ်ခုကို ဓါတ်ပုံပြန်ရိုက်ထားတဲ့ ပုံကို ပြည်ခိုင်ဖြိုးချစ်သူများ ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲ တင်ခဲ့ပါ

    တယ်။ အဆိုပါ လက်ကမ်းစာရွက်ရဲ့ ခေါင်းစဉ်မှာ "ဒါလား သမ္မတဖြစ်ချင်သူ၊ ဒီလိုလူမျိုးကို ယုံကြည်သင့်သလား" ဆိုတဲ့ ခေါင်းစဉ်ပါဝင်ပြီး အတွင်းမှာတော့ "လူသားအားလုံးမှာ တန်းတူအခွင့်အရေး ရှိသင့်တယ်လို့ ကျမထင်တယ်။ ကျမတို့ ဗုဒ္ဓဘာသာတွေ ဘုန်းကြီးကျောင်း တက်ခွင့်ရှိသလို ကုလားတွေလည်း ဗလီတက်ခွင့်ရှိတယ်။ ရခိုင်မှာ ဘုန်းကြီးကျောင်း မီးရှို့ခံရတယ် ဆိုတာ ဗုဒ္ဓဘာသာတွေက အရင်ဆုံး သူတို့ ဗလီကို သွားဖြိုလို့ပါ။ ဦးကိုနီပြောသလို သူတို့ ကိုးကွယ်တဲ့အရာကို မီးရှို့တာဟာ သူတို့ အသဲနှလုံးကို မီးရှို့တာနဲ့ အတူတူပါပဲ။ ဘုန်းကြီးကို မီးရှို့သတ်တယ်ဆိုတာ ဘာမှ မဖြစ်ပါဘူး။ ဗလီ ဆိုတာ သူတို့ အသည်းနှလုံးပါ။ ဒါမျိုး မလုပ်သင့်ပါဘူး" လို့ ရေးသားထားပြီး စာရဲ့ အောက်ဆုံးမှာ "ဒေါ်အောင်ဆန်းစုကြည်" လို့ ရေးသားထားပါတယ်။ အဲ့ဒီစာတစ်ခုလုံးထဲက "ဘုန်းကြီးကို မီးရှို့သတ်တယ်ဆိုတာ ဘာမှ မဖြစ်ပါဘူး" ဆိုတဲ့ စာကြောင်းကို အနီရောင်နဲ့ မျဉ်းတားထားပါတယ်။

    အဲ့ဒီစာရွက်ကို ပြည်ခိုင်ဖြိုး ချစ်သူများ Group ထဲမှာ တင်ထားတဲ့ ကျော်သူရိန်ထွဋ် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က "ငါတင်တာလာကြိုက်လို့မဟုတ်ဘူးမုန်းလို့လည်းမဟုတ်ဘူး ပြောသွားတာတွေကိုပြောပါတယ်အထိမခံနိုင်တာလေ" လို့ ရေးပြီး တင်ခဲ့ပါတယ်။

    မူရင်းရေးသားမှုကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ပြည်ခိုင်ဖြိုး ဖေ့စ်ဘွတ် Group ထဲ ရေးသားဖြန့်ဝေထားတဲ့ ဒေါ်အောင်စုကြည်ပြောကြားထားတယ် ဆိုတဲ့ လက်ကမ်းစာရွက်ထဲက အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ နိုင်ငံရေး အမြတ်ထုတ်ဖို့ ဘာသာရေးကို အသုံးချပြီး သတင်းအမှား ဖြန့်ထားတာကို တွေ့ရပါတယ်။

    ၎င်းရဲ့ ရေးသားမှုဟာ စစ်အစိုးရလက်ထက်က ဖြန့်ဝေလေ့ရှိတဲ့ လက်ကမ်းစာဆောင်မျိုး ဖြစ်ပြီး အဲ့ဒီ စာရွက်ထဲမှာ လူမျိုးရေး ခွဲခြားတဲ့ "ကုလား" ဆိုတဲ့ အသုံးအနှုန်းကို သုံးထားတာကို တွေ့ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလို လူမျိုးရေးခွဲခြားပြီး နှိမ်ချခေါ်ဝေါ်တဲ့ အသုံးအနှုန်းတွေကို သုံးလေ့မရှိပါဘူး။ ဒီလို အရေးအသားပိုင်းကို ကြည့်ခြင်းအားဖြင့် ယခင် သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ပြီး ဆူပူအောင် လုပ်ခဲ့တဲ့ အဖွဲ့အစည်းက ဖန်တီးခဲ့တာလို့ ယူဆရပါတယ်။

    ဒါ့အပြင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ သတ်တာ ဘာမှမဖြစ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုဟာ လူမျိုးရေး ပဋိပက္ခတွေကို လှုံ့ဆော်ထားတဲ့ ရေးသားဖြန့်ဝေမှုသာ ဖြစ်ပါတယ်။

    အဆိုပါ အကြောင်းအရာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားခြင်း လုံးဝ မရှိသလို လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းမျိုး ပြောဆိုထားခြင်း မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က Boom Myanmar ကို အတည်ပြု ဖြေကြားထားပါတယ်။

    "ဒေါ်အောင်ဆန်းစုကြည်က ဘယ်ဘာသာမှ၊ ဘယ်လူမျိုးမှ ခွဲခြားပြီး ဆက်ဆံတာ မရှိဘူး။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတယ်။ အဲ့ဒီဟာအပေါ်မှာ အခြေခံပြီးတော့ ဘယ်ဘာသာရဲ့ အထွဋ်အမြတ်ထားတဲ့ သာသနိက အဆောက်အဦးတွေကို ဖျက်ဆီးတာ လုပ်တာကို လက်မခံဘူးဆိုတာကို ပြောဖူးတယ်။ အဲ့ဒါကို အခုထပ်ပြီးတော့ ဖြည့်စွက်ပြီးတော့ ဘုန်းကြီးတွေကို သတ်တာကတော့ သတ်လို့ရတယ် ဆိုတာမျိုး ပြောတာကတော့ တော်တော်ကို ယုတ်မာတဲ့ လုပ်ကြံမှုပါပဲ။ အဲ့ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ဘယ်တုန်းကမှ မပြောဘူး။ ကျွန်တော်တို့ NLD ကလည်း ဘယ်တုန်းကမှ ပြောမှာ မဟုတ်ဘူး လို့ပဲ ပြောချင်ပါတယ်" လို့ မုံရွာအောင်ရှင်က Boom Myanmar ကို ပြောပါတယ်။

    Tags

    politically AttackreligiousDaw Aung San Suu Kyifake leafletsလက်ကမ်းစာရွက်သတင်းတု
    Read Full Article
    Claim :   ပြည်ခိုင်ဖြိုး ဖေ့စ်ဘွတ် Group ထဲ ရေးသားဖြန့်ဝေထားတဲ့ ဒေါ်အောင်စုကြည်ပြောကြားထားတယ် ဆိုတဲ့ လက်ကမ်းစာရွက်ထဲက အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!