BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ...
သတင်းအတု

ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ ပါဝင်တဲ့ သတင်းအမှားများ

လူမှုကွန်ယက်ပေါ်မှာ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာသာရေးနဲ့ပတ်သက်လို့ လူတွေအထင်မြင်လွဲစေဖို့ ဦးတည်တိုက်ခိုက်တဲ့ သတင်းအမှားတွေဆက်တိုက်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  14 Oct 2020 6:59 PM IST
  • ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ ပါဝင်တဲ့ သတင်းအမှားများ

    နောက်ဆုံးဖြန့်ဝေတဲ့ သတင်းအမှားတွေမှာတော့ ဗုဒ္ဓဘုရားကို အလေးအနက်ထား ကိုးကွယ်စရာ မလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောတယ်ဆိုတဲ့အကြောင်းအရာတွေကို လုပ်ကြံရေးသားကာ ဖြန့်ဝေမှုတွေရှိနေပါတယ်။

    အဲ့ဒီ သတင်းအမှား VK လူမှုကွန်ယက်၊ Facebook နဲ့ Gifs တွေ ပြုလုပ်တဲ့ Tenor Website တွေမှာ အကောင့်တု များစွာနဲ့ ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး NLD ပါတီကို ဆန့်ကျင်တိုက်ခိုက်သူတွေက အဆိုပါသတင်းအမှားကို လူမှုကွန်ယက်ပေါ်မှာ မကြာခဏ ဖြန့်ဝေလေ့ရှိတာတွေ့ရပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာ Kaung Lay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီအကြောင်းအရာကို ပြန်လည်ဝေမျှထားပါတယ်။

    ၎င်း ပြန်တင်ထားတဲ့ သတင်းအမှားထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို အသုံးပြုထားပြီး အဲ့ဒီ ဓါတ်ပုံအောက်မှာ မြန်မာ ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ "ဗုဒ္ဓဘုရားဆိုတာ သာမာန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအနက်ထား ကိုးကွယ်စရာ မလိုပါဘူး။ Buddha is just ordinary sort of person. So you needn't have strong religious belief in him." လို့ ရေးသားထားပါတယ်။ အဲ့ဒီ ဓါတ်ပုံကို တင်ပြီး သတင်းအမှားဖြန့်ခဲ့တဲ့ Kaung Lay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုန်းကြီးကျောင်း ၂၀၀ ကျော်ကို ဖျက်ခိုင်းခဲ့သူဖြစ်ကြောင်း၊ ယဉ်ကျေးမှုကို တန်ဖိုးမထားသူ ဖြစ်ကြောင်း၊ သံဃာတွေကို ဖမ်းဝရမ်းထုတ်ခဲ့သူ ဖြစ်ကြောင်း စတဲ့ အကြောင်းအရာတွေကို ရေးသားပြီး သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်ထားပါတယ်။

    မူရင်းရေးသားမှုကို ဒီမှာ ကြည့်ပါ။

    အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်ကို ထပ်ဆင့်ဝေမျှ သူဟာ ၂၀၀၀ ခန့်ရှိနေပြီး နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခုဖြစ်တဲ့ ခေတ်မာန်ထက် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၈ နာရီ ၅၁ မိနစ်မှာ အဆိုပါ အကြောင်းအရာကို ပုသိမ်ကြီး ပြည်ခိုင်ဖြိုးဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ ရေးသားဖြန့်ဝေခဲ့ပါတယ်။ အဲ့ဒီပိုစ့်ကို ထပ်ဆင့် မျှဝေသူ ၁၅၀ ခန့်ရှိနေပါတယ်။

    ၎င်းရဲ့ မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    ဒီသတင်းအမှားနဲ့ သွေးထိုးလှုံ့ဆော်ထားတဲ့ အကြောင်းအရာကို vK လူမှု ကွန်ယက်ပေါ်မှာလည်း ဖေ့စ်ဘွတ် အကောင့်ပေါင်းများစွာက တင်ထားတဲ့အပြင် Facebook Gifs တွေ ပြုလုပ်တဲ့ Tenor Website မှာ NLD ပါတီကို သတင်းအမှားနဲ့ တိုက်ခိုက်လေ့ ရှိတဲ့ အဖွဲ့က Gifs တွေ ဖန်တီးထားပါတယ်။

    Tenor Website မှာ ပြုလုပ်ထားတဲ့ Gifs ကို ဒီမှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    ဗုဒ္ဓဘုရားဟာ သာမာန်ပုဂ္ဂိုလ်ဖြစ်လို့ အလေးအနက် ကိုးကွယ်စရာ မလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ သွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။

    ဒီသတင်းအမှားမှာ အကဲဆတ်တဲ့အကြောင်းအရာတွေကို အသုံးချပြီးသွေးထိုးလှုံ့ဆော်တဲ့ အရေးအသားတွေမြောက်များစွာ ပါဝင်သလို အထောက်အထားမရှိတဲ့ ရေးသားဖြန့်ဝေမှုတွေပါဝင်ပါတယ်။ သတင်းအမှားတွေမှာ ဒေါ်အောင်ဆန်းစုကြည့်ပြောတယ်လို့ ထည့်သွင်းရေးသားမှုတွေဟာ စာသားတွေကို လုပ်ကြံထည့်သွင်းထားတာ ဖြစ်ပြီး အဲ့ဒီလိုပြောဆိုပါတယ်ဆိုတဲ့ အကြောင်းအရာတွေမှာ ဘယ်အချိန်တုန်းက ဘယ်နေရာပြောခဲတယ်ဆိုတဲ့ အထောက်အထားတွေ မပါဝင်ပါဘူး။

    အဲ့ဒီအပြင် ဆိုးရွားတဲ့စွပ်စွဲမှုအနေနဲ့ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်ပိုင်းကလူတွေဟာ ဘာသာရေးကိစ္စ အပါအဝင် ထိလွယ်ရှလွယ် ကိစ္စမျိုးတွေလက်လွတ်စပယ် ပြောဆိုလေ့မရှိသလို ဒီလိုအကြောင်းအရာတွေကို ပြောခဲ့ရင်လည်း ပြည်တွင်းပြည်ပမီဒီယာတွေမှာ ဟိုးလေးတကြော်ဖြစ်နိုင်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားဖူးသမျှစကားတွေထဲမှာ အထက်ပါ သတင်းတွေမှာပါဝင်တဲ့ အကြောင်းအရာတွေ မရှိခဲ့ဖူးပါဘူး။

    လက်ရှိပျံ့နှံ့နေတဲ့ သတင်းအမှားတွေနဲ့ပတ်သက်လို့ ပါတီရဲ့ ဗဟိုပြန်ရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က Boom Myanmar ကို အခုလိုမှတ်ချက်ပြုပါတယ်။

    "ဒေါ်အောင်ဆန်းစုကြည် မပြောဘဲနဲ့ ပြောတယ် ဆိုပြီးတော့ တင်နေတဲ့ ဒီ ပိုစ့်တွေပေါ့လေ။ ဒါတွေက အခုမှ မဟုတ်ပါဘူး။ ဟိုးတုန်းကလည်း တင်ခဲ့တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘာသာကို စော်ကားတယ် ..ဗုဒ္ဓဘာသာတွေကို အထင်သေးတယ် ကိုယ့်လူမျိုးကိုယ် အထင်သေးတယ် ဆိုတဲ့ စကားလုံးတွေနဲ့ပေါ့လေ ပိုစ့်အမျိုးမျိုးနဲ့ တင်တာတွေလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ အခုလည်း ဒါကိုပဲ ထပ်ပြီးတော့ တင်လာပြန်တယ်ဆိုတော့ ဒါတွေက ရိုးသားမှု မရှိပါဘူး။ ဒီကိစ္စက မရိုးသားဘူးလို့ ကျွန်တော်ပြောချင်တယ်။ နောက်တစ်ခုက ဒီလို ရေးနေတာမျိုးတွေကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သိပါတယ်။ သိလို့လည်း ဒီဟာတွေကို အရေးယူစရာ မလိုဘူး။ ဒီကိစ္စတွေကို ပြည်သူလူထုက သိရင်ပြီးတာပဲ။ ဒီ အသိတရားကြောင့် ဒီလို ထုတ်ဖော်မှုကြောင့် ကိုယ့်ကိုကိုယ် ဟီရိဩတပ ပေါ့လေ ရှက်ရမှန်း ကြောက်ရမှန်း သိရင် ပြီးတာပါပဲ ဆိုတဲ့ ပုံမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ထားတာကိုး။ အခုလည်း ဒါ လာပါစေ သူ့ဟာသူ လာချင်တာ လာပေါ့နော်။ ပြည်သူ လူထုက အမှန်တရားကို သိပါတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်" လို့ မုံရွာအောင်ရှင်က Boom Myanmar ကို ပြောပါတယ်။


    Tags

    false newsinciting religiousNLD partyDaw Aung San Suu Kyiဘာသာရေးသွေးထိုးလှုံ့ဆော်မှုသတင်းအမှား
    Read Full Article
    Claim :   ဖေ့စ်ဘွတ်အကောင့်တုတွေ နဲ့ ရေးသားဖြန့်ဝေနေတဲ့ ဗုဒ္ဓဘုရားဟာ သာမာန်ပုဂ္ဂိုလ်ဖြစ်လို့ အလေးအနက် ကိုးကွယ်စရာ မလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်ဆိုတဲ့ အကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook, VK, Tenor,
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!