BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းမှာဖမ်းမိတဲ့ ဘတ်ငွေ ၁ သန်းကို...
သတင်းအတု

ထိုင်းမှာဖမ်းမိတဲ့ ဘတ်ငွေ ၁ သန်းကို NUG လူကုန်ကူးထာတဲ့ ပိုက်ဆံလို့ဖြန့်ထားတဲ့ သတင်းအတု

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းခံထားရတဲ့လူငယ် ၂ ဦးနဲ့အတူ သိမ်းဆည်းရမိတဲ့ ဘတ်ငွေ ၁ သန်းကို NUG က လူကုန်ကူးထားတဲ့ ပိုက်ဆံတွေလို့ဖြန့်ထားတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  19 March 2024 9:08 PM IST
  • ထိုင်းမှာဖမ်းမိတဲ့ ဘတ်ငွေ ၁ သန်းကို NUG လူကုန်ကူးထာတဲ့ ပိုက်ဆံလို့ဖြန့်ထားတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေဆိုတဲ့ချန်နယ်က ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “NUG က လူမှောင်ခိုကူးထားသည့်ငွေဖြင့် PDF ၂ ဦးကို လက်နက်ဝယ်ခိုင်းစဉ် ထိုင်းရဲကဖမ်းဆီး” လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ “ထိုင်း မြန်မာနယ်စပ် ကို တရားမဝင်ခိုးဝင်လာသူနှစ်ဦးကို ထိုင်းရဲတပ်ဖွဲက ဖမ်းဆီရမိခဲ့ စစ်ဆေးမှုများ အရ NUG အဖွဲမှ လူမှောင်ခိုကူးစဉ် ရရှိထားသည့် ငွေများဖြင့် ထိုင်းနိုင်ငံမဲဆောက်မြိုတွင် တိုက်ခိုက်ရေး ဒရုန်းနှင့် လက်နက်များဝယ်ယူရန် ထိုင်းဘတ် တစ်သန်း ( ကာလတန်ဖိုးကျပ်သိန်း ၁၁၀၀ ခန့်) ကိုယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်းသိရ။ ယင်းဘတ်တစ်သန်း ကို သိမ်းဆည်းပြီး ကွင်းဆက်တရားခံများကို ဆက်လက် ဖမ်းဆီးရန် စီစဉ်နေ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့ဘွတ်အကောင့်တုတွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းခံထားရတဲ့လူငယ် ၂ ဦးနဲ့အတူ သိမ်းဆည်းရမိတဲ့ ဘတ်ငွေ ၁ သန်းကို NUG က လူကုန်ကူးထားတဲ့ ပိုက်ဆံတွေလို့ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မတ်လ ၆ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ကနေ သောင်ရင်းမြစ်ကို ဖြတ်ပြီးထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား လူငယ် ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခဲ့ပြီး ၎င်းတို့နဲ့အတူ ဘတ်ငွေ ၁ သန်း သိမ်းဆီးမိတယ်လို့ ထိုင်းနိုင်ငံက သတင်းဌာန တစ်ချို့မှာ ဖော်ပြထားပါတယ်။

    ဒီလိုဖမ်းဆီးရမိတဲ့ အသက် ၂၀ အရွယ် နဲ့ အသက် ၁၇ နှစ် အရွယ် လူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး ငွေကြေးတွေနဲ့ ပတ်သက်ပြီး စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

    ငွေ ဘတ် ၁ သန်းနဲ့အတူ လူငယ် ၂ ဦး ဖမ်းဆီးခံရတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    မှိုင်းဝေ တယ်လီဂရမ်ချန်နယ်ဟာ အဆိုပါ သတင်းထဲက ဓါတ်ပုံတွေကိုယူပြီး NUG က လူကုန်ကူးပြီးရရှိထားတဲ့ ငွေတွေလို့ ဝါဒဖြန့်ထားတာ ဖြစ်ပါတယ်။

    စစ်ကောင်စီ ထောက်ခံသူတွေဟာ NUG က လူကုန်ကူးတယ်ဆိုတဲ့ သတင်းအမှားကို မကြာခဏ ဖြန့်ဝေလေ့ရှိပြီး ယခင်ဖြန့်ဝေနေခဲ့တဲ့ သတင်းတွေကို အောက်ပါ Link တွေမှာ ဖတ်ပါ။

    NUG က အမျိုးသမီးတွေကို လူကုန်ကူးနေတယ်ဆိုတဲ့ သတင်းအတု

    NUG နဲ့ လက်နက်ကိုင်အဖွဲ့တွေက လူကုန်ကူးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအတု

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupPDF1 million bahtarrestedMyanmar-ThailandNUGသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   NUG က လူမှောင်ခိုကူးထားသည့်ငွေဖြင့် PDF ၂ ဦးကို လက်နက်ဝယ်ခိုင်းစဉ် ထိုင်းရဲကဖမ်းဆီး
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!