BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG က အမျိုးသမီးတွေကို...
သတင်းအတု

NUG က အမျိုးသမီးတွေကို လူကုန်ကူးနေတယ်ဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေး အစိုးရက ပြည်တွင်းရှိ လူကုန်ကူးပွဲစားတွေနဲ့ ပေါင်းပြီး အမျိုးသမီးတွေကို နိုင်ငံခြားတိုင်းပြည်တွေကို ရောင်းစားနေတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Dec 2022 6:14 PM IST
  • NUG က အမျိုးသမီးတွေကို လူကုန်ကူးနေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို စောမှိုင်းဝေ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒူဘိုင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဓါတ်ပုံကို သုံးထားပြီး သတင်းတစ်ပုဒ်ပုံစံ ဖြန့်ဝေထားပါတယ်။

    သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "NUG မှ ပြည်တွင်းရှိလူပွဲစားများနှင့်ချိတ်ဆက်ပြီး အမျိုးသမီးငယ်များအား နိုင်ငံခြားသို့ ရောင်းစားနေ" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာ "လက်ရှိတည်ဆဲအစိုးရကို ပုန်ကန်ပြီး အကြမ်းဖက်သမား NUGနဲ့ ချိတ်ဆက်ကာ လူပွဲစားများမှ တစ်ဆင့် ဒူဘိုင်းကိုရောက်သွားတဲ့ အသက် ၂၇ နှစ်အရွယ် မသိင်္ဂီစိုးဟာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာက ဒေသခံတစ်ဦးဖြစ်ပါတယ်။ယခုလောလောဆယ်တော့ NUG က ချိတ်ဆက်ပေးတဲ့ လူပွဲစားတွေရဲ့ရောင်းစားခံရမှုကြောင့် ဒူဘိုင်းမှာ လိင်လုပ်သားအဖြစ်လုပ်ဆောင်နေရပြီး စား၀တ်နေရေး ဖြေရှင်းနေရတယ်လို့သိရတယ် ။ အဓိကတရားခံကတော့ NUGပါပဲ သူတို့ကိုထောက်ခံတဲ့ ရိုးသားတဲ့ ပြည်သူတွေကို ပြည်ပနိုင်ငံတွေကိုရောင်းစားပြီး ငွေရှာနေပါတယ် အကြောင်းအရင်းကတော့ PDFတွေကို လက်နက်တပ်ဆင်ပေးဖို့ ငွေမရှိတဲ့အတွက် ယခုလို လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ အလုပ်သမားအရေးလေ့လာသူတစ်ဦးကပြောပါတယ်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG က ပြည်တွင်းရှိ လူကုန်ကူးပွဲစားတွေနဲ့ ချိတ်ပြီး အမျိုးသမီးတွေကို နိုင်ငံခြားတိုင်းပြည်တွေထံ ရောင်းစားနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်သတင်းအမှားတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားဖြန့်တဲ့သူဟာ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ကနေ ဒူဘိုင်းမှာ လာရောက်အလုပ် လုပ်ကိုင်နေတဲ့ မသိင်္ဂီစိုးရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ယူကာ NUG က ရောင်းစားခဲ့တဲ့ ပုံစံ ပြန်ပြောင်းရေးထားတာ တွေ့ရပါတယ်။

    မသိင်္ဂီစိုးတို့ နေထိုင်တဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က မွှေ့လယ်ရွာကို စစ်ကောင်စီတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် တောတောင်ထဲမှာ မိသားစုနဲ့အတူ တစ်လနီးပါး ပုန်းခိုခဲ့ရပြီး ရန်ကုန်မြို့က လူပွဲစားတစ်ဦးနဲ့ ချိတ်ဆက်ပြီး ဒူဘိုင်းမှာ သွားရောက်အလုပ်လုပ်ကိုင်ရာမှ လူပွဲစားတွေထံ အဆင့်ဆင့်ရောင်းချခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။ စစ်ကောင်စီအတွက် ဝါဒဖြန့်နေတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေက ဒီဓါတ်ပုံတွေ သတင်းတွေထဲက အချက်တွေကိုယူပြီး အခုလို လုပ်ကြံရေးသားထားတာ ဖြစ်ပါတယ်။ မသိင်္ဂီစိုးဟာ အိမ်အကူအဖြစ်သာ အဆင့်ဆင့်ရောင်းချခံရတာဖြစ်ပြီး လိင်လုပ်သားလည်း မဟုတ်ပါဘူး။

    မသီင်္ဂီစိုးအကြောင်း ဖော်ပြထားတဲ့ RFA သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    ဒါ့အပြင် မသိင်္ဂီစိုးက အခုလို ဝါဒဖြန့်နေတဲ့ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ "ဘယ် NUG က လူကြီးတွေနဲ့ မှ လည်းမသိသလို ဘယ်PDF နဲ့မှ လည်း မသိဘူး ဘယ်သူမှလည်း ကိုယ်ဒုက္ခ ရောက်နေချိန် ဘယ်အဖွဲ့အစည်းမှ လည်း လာမကြည့် ဘူး ဒုက္ခရောက်တယ်ဆိုတာကလည်း Absconding ဆိုတဲ့ အရာလေးပဲ ရှိတာ RFAဆိုတာလည်း interview လေးပဲ ရိုက်လိုက်တာ ပြီးရင်အကြီးကြီးတွေကိုရေးတာ သူတို့ကူညီချင်ရင် RFA ဆိုတဲ့ နာမည်နဲ့တင် absconding ကိုအေး ဆေး ဖြေရှင်းပေးလို့ရတယ် ခုက interview လုပ်တယ် ပုံကိုမတင်ပါနဲ့ ပြောတယ် ပုံတွေတင်တယ် အကြီးကြီးတွေရေးတယ် ကြားထဲ အလိမ်ပေါင်းစုံတွေ့ နေရတဲ့ကြားထဲမှာမှ နိုင်ငံရေးကို ကြားထဲအမြတ်ထုတ်ဝင်စားနေတဲ့ စစ်ခွေး တသိုက်နဲ့ စစ်ကျွန်တွေက အမြတ်ထုတ်နေသေးတယ် အရာရာကို ကိုယ့်မိဘက ပေးတဲ့ ပိုက်ဆံနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းနေရတာ မကူညီချင်နေ မနှောက်ရှက်ပါနဲ့ မသိရင်မသိသလိုပဲနေပါ ကိုယ့်စကားကြောင့် သူများနာမည်မပျက်ပါစေ နဲ့" လို့ ရေးသားထားပါတယ်။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsNUGHuman traffickingJob search agencybrokersabroadDubaihouse maidWorkerသတင်းအတုလူကုန်ကူးပွဲစားအိမ်အကူဒူဘိုင်း
    Read Full Article
    Claim :   NUG မှ ပြည်တွင်းရှိလူပွဲစားများနှင့်ချိတ်ဆက်ပြီး အမျိုးသမီးငယ်များအား နိုင်ငံခြားသို့ ရောင်းစားနေ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!