BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG နဲ့ လက်နက်ကိုင်အဖွဲ့တွေက...
      သတင်းအတု

      NUG နဲ့ လက်နက်ကိုင်အဖွဲ့တွေက လူကုန်ကူးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအတု

      NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဒုက္ခရောက်နေတဲ့သူတွေကို သွေးဆောင်ဖြားယောင်းပြီး လူကုန်ကူးနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  8 Jan 2024 9:06 PM IST
    • NUG နဲ့ လက်နက်ကိုင်အဖွဲ့တွေက လူကုန်ကူးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာဖြစ်ပါတယ်။ အဆိုပါ သတင်းအမှားထဲမှာ “ပြည်တွင်းအလုပ်အကိုင် အဆင်မပြေမှုကြောင့် ဒုက္ခရောက်နေတဲ့ လူကြီး လူငယ်များကို သွေးဆောင်ဖြားယောင်းကာ ကရင် ချင်း နှင့် ကယားနယ်စပ်များသို့ ခေါ်ဆောင်ပြီး လူကုန်ကူးခံရနေမှုများရှိကြောင်သိရပြီး ဒါတွေကို အဓိက ဦးဆောင်သူများမှာ NUGနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို မှဖြစ်ကြောင်းသိရ” (မူရင်း ရေးသားဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ပါ ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဒုက္ခရောက်နေတဲ့သူတွေကို သွေးဆောင်ဖြားယောင်းပြီး လူကုန်ကူးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      NUG နဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်လာတာ ၃ နှစ် နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ NUG ဘက်က ပြည်သူတွေအပေါ် နှိပ်စက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လူကုန်ကူးတဲ့ ဖြစ်စဉ်တွေ မရှိပါဘူး။

      စစ်ကောင်စီတပ် ထောက်ခံသူတွေဟာ NUG ကို လူကုန်ကူးမှု ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေလေ့ရှိပါတယ်။ ယခင်ဖြန့်ခဲ့ဖူးတဲ့ သတင်းအဟောင်းကို အောက်ပါ Link မှာကြည့်ပါ။

      NUG က အမျိုးသမီးတွေကို လူကုန်ကူးနေတယ်ဆိုတဲ့ သတင်းအတု

      ဒါ့အပြင် ဒီအကြောင်းအရာကို သက်သေအထောက်အထား မပြနိုင်သလို၊ မည်သည့်အဖွဲ့အစည်း မည်သည့်သတင်းဌာနမှ ဖော်ပြထားခြင်းမရှိပါဘူး။ စစ်ကောင်စီရဲ့ ဝါဒဖြန့် အကောင့်တုတွေက လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitaryCoupNUGEAOsHuman traffickingသတင်းအတုစစ်ကောင်စီအာဏာသိမ်းလူကုန်ကူး
      Read Full Article
      Claim :   NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဒုက္ခရောက်နေတဲ့သူတွေကို သွေးဆောင်ဖြားယောင်းပြီး လူကုန်ကူးနေ
      Claimed By :  Facebook, Telegram
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!