HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
Top Block

"ဘယ်လို Profile တွေက တိုက်လဲ အများစုကတော့ ကျွန်မ မပြောလည်း သိနေတာပဲ"

PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်နှင့် တွေ့ဆုံခြင်း

By - Boom Live Myanmar | 29 Aug 2020 4:02 PM GMT

ပါတီနိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေထဲမှာ သတင်းအမှားတွေများစွာနေ့စဉ်ပေါ်ထွက်နေသလို NLD ပါတီနဲ့ USDP ပါတီတို့အပြင် PPP ပါတီနဲ့ပတ်သက်တဲ့သတင်းအမှားတွေလည်းပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒီသတင်းတု၊ သတင်းမှားတွေထဲမှာ ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်အပါအဝင် ပါတီဝင်တချို့နဲ့ပတ်သက်တဲ့သတင်းအမှားတွေလည်းပျံ့နှံ့ခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲကလမှာ ပါတီအချင်းချင်းနဲ့ ပါတီထောက်ခံသူတွေအချင်းချင်းကြား အကောင့်တု ၊အကောင့်ပုန်းများဖြင့်တိုက်ခိုက်မှုတွေရှိနေသလို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကာလမှာ မဲပေးသူပြည်သူလူထုကိုဆုံးဖြတ်ချက်ဝေဝါးစေနိုင်ဖို့ ဖြန့်ဝေနေတဲ့ သတင်းအမှားတွေလည်းထွက်ပေါ်နေပါတယ်။ ဒီအခြေအနေတွေအပေါ် PPP ပါတီမှာလက်ရှိကြုံတွေ့နေတဲ့ သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှုတွေနဲ့ ပတ်သက်လို့ ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်နဲ့ Boom Myanmarနှင့်တွေ့ဆုံမေးမြန်းမှုကိုဖေါ်ပြလိုက်ပါတယ်။

ရွေးကောက်ပွဲအကြိုကာလ ကိုယ်စားလှယ်လောင်းစားရင်းတွေမထွက်ခင်ကရော ထွက်လာပြီးတော့ရော ppp နဲ့ပတ်သက်တဲ့သတင်းအမှားတွေ ထွက်နေတယ်။ ဘာကြောင့်ဒီလိုထွက်လာတယ်ထင်လဲ

သတင်းအမှားတွေ ထွက်တယ်ဆိုတာက ပါတီအချင်းချင်း တိုက်ခိုက်ချင်တာပေါ့နော်။ ဒါမှမဟုတ်ရင် ပါတီအချင်းချင်း မဟုတ်ရင်တောင်မှ ပါတီကို ထောက်ခံတဲ့ သူတွေကပေါ့နော် ကိုယ်ထောက်ခံတဲ့ပါတီ အနိုင်ရဖို့ ပါတီအသစ်တွေ ပေါ်လာတာကို တောက်ချချင်တာပေါ့နော်။ အဓိကကတော့ တိုက်ခိုက်ချင်တာပေါ့။ ပါတီအချင်းချင်း တိုက်ခိုက်ချင်တာပေါ့နော်။ အဲ့ဒါလည်း ဖြစ်မယ်။ ပြီးလို့ရှိရင် များသောအားဖြင့်တော့ ဘယ်လို Profile တွေက တိုက်လည်း အများစုကတော့ ကျွန်မ မပြောလည်း သိနေတာပဲ။ ဘယ်လို Profile တွေကတော့ဖြင့် တစ်ဖက်သတ်ပေါ့နော် တရားသေ ယူပြီးတော့မှ ဒါပဲမှန်တယ်။ ဒါကလွဲပြီး ကျန်တာကို တိုက်ခိုက်ရမယ်ဆိုတဲ့ အယူအဆတွေပေါ့။ ဒါတွေလည်း ရှိနေပြီးတော့ နည်းနည်း အစွန်းရောက်နေတဲ့ သူတွေပေါ့နော်။ ပြီးလို့ရှိရင် များသောအားဖြင့်တော့ အကောင့်ပွားတွေပေါ့ရှင့်။ အကောင့်ပွားတွေ အကောင့်တုတွေ၊ ဘယ်သူက ပြောလို့ ပြောနေမှန်း မသိဘူး။ ပြီးလို့ရှိရင် မကြာသေးခင်ကမှ ဖွင့်ထားတဲ့အကောင့် အသစ်တွေပေါ့နော်။ အဲ့လိုမျိုးတွေက များသောအားဖြင့် တိုက်ခိုက်ပြီးတော့ ဝိုင်းပြီး ပိုစ့်တင်တယ်။ ပြီးရင် ဝိုင်းရှယ်တယ်။ ဝိုင်းဆဲတယ်။ အဲ့ဒါကျတော့ Cyber Bully လုပ်တာပေါ့နော်။ လူများစုကနေပြီးတော့ ပါတီတစ်ခုကို သို့မဟုတ် လူပုဂ္ဂိုလ် တစ်ယောက်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မယ်။ ပါတီတစ်ခုကို ပြည်သူကြားထဲမှာ သိက္ခာကျအောင် လုပ်တာတွေပေါ့ရှင့်။ ဒါကတော့ မသမာတဲ့နည်းနဲ့ အောက်လုံး လုပ်တယ်လို့ ကျွန်မ ယူဆပါတယ်ရှင့်။

ပါတီနဲ့ပတ်သက်တဲ့ သတင်းအမှားတိုက်ခိုက်မှုတွေအပေါ် ပါတီမှာဘယ်လို ပေါ်လစီတွေထားတာရှိလဲ ဥပမာ ဒီသတင်းအမှားတွေကိုဖြေရှင်းဖို့ တစ်ဦးတစ်ယောက်ကို သတ်သတ်မှတ်မှတ်ထားတာရှိလား ဘယ်လိုကိုင်တွယ်နေလဲ

အဲ့ဒါကတော့ လုပ်သင့်တယ်လို့ ကျွန်မ ယူဆတယ်လေ။ ဘာလို့လဲဆိုတော့ သတင်းအမှားတွေကို သိရမယ်။ လူတိုင်းကတော့ Facebook သုံးနေတာပေါ့နော်။ လူတိုင်းဆိုတာ ကျွန်မဆိုလိုချင်တာ PPP ပါတီဝင်တွေမှ မဟုတ်ဘူး ပြည်သူလူထုတိုင်း ဖေ့စ်ဘွတ် သုံးနေတယ်။ အဲ့လိုပဲ ကျွန်မတို့ ပါတီဝင်တွေလည်း ဖေ့စ်ဘွတ်သုံးနေတယ်။ သုံးနေတယ်ဆို ကျွန်မတို့ ပါတီကို မဟုတ်မမှန် သတင်းတွေ တိုက်ခိုက်တဲ့ သတင်းတွေဆို များသောအားဖြင့် အဲ့လို ပြောနေပြီတို့ဘာတို့ ပြောပါတယ်ရှင့်။ ပြောတော့ သီးသန့်ကြီးတော့ ကျွန်မတို့ လတ်တလောတော့ စောင့်ကြည့်တဲ့ Team တော့ မရှိသေးဘူး။ မရှိသေးပေမယ့် ပါတီဝင်တွေကနေ သိလာလို့ရှိရင် သတင်းပေးပြီးတော့မှ တစ်ခါတစ်လေလည်း နောက်ကျနေတာ ရှိတာပေါ့။ သတင်းက ကြာပြီ ပြန့်နေတာ ဒါမယ့် ကိုယ့်ဆီရောက်တာ နောက်ကျတော့ သိတဲ့အချိန်မှာတော့ ပေးတယ်ပေါ့နော်။ အဲ့လိုပေးတဲ့အချိန်မှာတော့ ကျွန်မတို့ Boom Myanmar ကိုပဲ ကျွန်မတို့က ဒါ သတင်းအမှား ဖြစ်ပါတယ်ဆိုတာ အတည်ပြုပြီးတော့မှ အကူအညီ တောင်းတာပေါ့နော်။ အဲ့နည်းနဲ့ပဲ ကျွန်မတို့ လုပ်နေပါတယ်ရှင့်။

အဲ့လို သတင်းအမှားနဲ့တိုက်လို့ သူလည်းမှားလို့ ကိုယ်လည်း အမှားနဲ့ ပြန်တုန့်ပြန်မယ်ဆိုတဲ့ မူဝါဒမျိုး ကျွန်မတို့မှာ မရှိပါဘူး။

ပြီးလို့ရှိရင် ဖေ့စ်ဘွတ်မှာ ရှိတဲ့ Community Standard ပေါ့နော် အဲ့ဒါကို မှီငြမ်းပြီးတော့မှ ပါတီဝင်တွေအတွက်ကို ဖေ့စ်ဘွတ်သုံးတဲ့အချိန်မှာ ဆောင်ရန်၊ ရှောင်ရန် တွေကို ကျွန်မတို့ ညွှန်ကြားချက်တွေ ကျွန်မတို့ ထုတ်ထားပါတယ်။ ပြီးလို့ရှိရင် အမုန်းစကားတွေ မပြောဖို့ အောက်လုံးထိုးပြီး မတိုက်ခိုက်ဖို့၊ သတင်းအမှားတွေနဲ့ မတိုက်ခိုက်ဖို့၊ ကိုယ့်ကိုတိုက်ခိုက်လာရင်လည်း ပြန်ပြီးတော့မှ ရန်မပြုကြဖို့ပေါ့နော်။ ပြန်ပြီးတော့မှ ရန်မဖြစ်ကြဖို့။ ပြန်မပြောကြဖို့ အဲ့ဒါတွေတော့ ကျွန်မတို့က အတက်နိုင်ဆုံး ဆော်သြထားပါတယ်ရှင့်။

PPP ပါတီနဲ့ ပက်သက်တဲ့ သတင်းအမှားတွေက ပါတီနာမည်သုံးပြီး တိုက်ခိုက်တာထက် ဒေါက်တာဒေါ်သက်သက်ခိုင် က ပိုက်ဆံ တွေ အရမ်းသုံးထားတယ် ဆိုတာမျိုးနဲ့ ဖြန့်တာ တွေ့ရတယ်။ အဲ့ဒီအပေါ်ရော ဘယ်လိုမြင်လဲ။

လူကို တိုက်ခြင်းအားဖြင့် ပါတီကို တိုက်တာလည်း ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပါတီဝင်ပေါ့။ ကျွန်မဆို ပါတီရဲ့ ဥက္ကဌ။ ဆိုလို့ရှိရင် ကျွန်မကို တိုက်ခြင်းသည် ကျွန်မတို့ ပါတီကို တိုက်တာလည်း ဖြစ်တယ်ပေါ့နော်။ ကျွန်မတို့ လူ့အသိုင်းအဝိုင်းက ဘာဖြစ်နေလဲဆိုလို့ရှိရင် ကိုယ့် ကံ၊ ဉာဏ်၊ ဝိရိယအလျှောက် အောင်မြင်နေကြတယ်။ ကြီးပွားချမ်းသာနေကြတာကိုပဲ အပြစ်ပြောချင်နေကြတာပေါ့နော်။ အပြစ်ပြောပြီးတော့မှ ဒီ စီးပွားရေးလုပ်ငန်းရှင် ဖြစ်တယ် တက်နိုင်တယ် ဆိုတဲ့ဟာကို အမှီပြုပြီးတော့မှ ပိုက်ဆံကို သုံးပြီးတော့မှ မဟုတ်တာတွေလုပ်တယ်ဆိုတဲ့ ပုံစံပေါ့နော်။ ဆိုလို့ရှိရင် အဲ့ဒါကလည်း ဝမ်းနည်းစရာကောင်းတယ်။ တိုင်းပြည်တစ်ခု ချမ်းသာတယ်ဆိုတာ အဓိကတော့ ပုဂ္ဂလိက ကဏ္ဍချမ်းသာတာပေါ့နော်။ ပုဂ္ဂလိက ကဏ္ဍ ချမ်းသာတာက ဘာလဲဆိုရင် ဒီ ပုဂ္ဂလိက ကဏ္ဍမှာ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်တယ်ဆိုတာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတာ ဖြစ်တယ်။ ပြီးလို့ရှိရင် ဈေးကွက်က လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ကုန်ပစ္စည်းတွေကို ဈေးကွက်လိုအပ်ချက်အတိုင်း ပေးနိုင်တာ ဖြစ်တယ်။ ပြီးလို့ရှိရင် ဒီ အလုပ်လုပ်နေတဲ့သူတွေက အလုပ်ကို လုပ်ရင်း ကိုင်ရင်းနဲ့ သူတို့ရဲ့ Human Capital Development ပေါ့နော် လူ့စွမ်းအား အရင်းအမြစ်တွေ တိုးတက်လာတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုတွေ တက်သိပညာတွေ ဒါတွေ လုပ်ရင်းကိုင်ရင်းနဲ့ ပိုတိုးတက်လာပြီးတော့မှ ပိုပြီးတော့မှ ဘဝတွေ မြင့်လာတယ်ပေါ့နော်။ ပြီးလို့ရှိရင် နောက်ဆုံးတော့ ဘာလဲဆိုရင် နိုင်ငံတော်အခွန်ဆောင်တာလည်း ဒီ ပုဂ္ဂလိက ကဏ္ဍ ကြီးပွားတိုးတက်ရင် ပုဂ္ဂလိက ကဏ္ဍက အခွန်ဆောင်တာပါရှင့်။ ကျွန်မ ဆိုလို့ရှိရင် ဒီ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွက်ဆိုရင် ကျွန်မတို့ ရန်ကုန်တိုင်းမှာ ဝင်ငွေခွန်ဆောင်တာ ဆိုလို့ရှိရင် ကျွန်မတို့ နံပါတ် ၁၄ ချိတ်ပါတယ်။ ပြီးလို့ရှိရင် ကုန်သွယ်ခွန်ဆောင်တာလည်း ကျွန်မတို့ နံပါတ် ၁ ပါရှင့်။ ဒါ အများဆုံး ဆောင်တဲ့ ကုမ္ပဏီပေါ့နော်။ ဒါမျိုးတွေ ဆိုလို့ရှိရင် နိုင်ငံတော်အနေနဲ့လည်း ဒီ စီးပွားရေးတွေကို မြေတောင်မြှောက်သင့်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် စီးပွားရေးတွေက ကျွန်မ အဲ့ဒါ လွတ်တော်ထဲမှာလည်း ပြောဖူးပါတယ်။ စီးပွားရေး လုပ်ငန်းတွေက ကိုယ့်အိတ်ထဲက ပိုက်ဆံနဲ့ စိုက်ထုတ်ပြီးတော့မှ စီးပွားရေး လုပ်ကြတယ်။ ဒါမှမဟုတ်ရင်လည်း မိတ်ဆွေအပေါင်းအသင်း ဘဏ်တွေကနေ ချေးငှားပြီးတော့မှ စီးပွားရေး လုပ်ကြတယ်။ တကယ်လို့ ရှုံးသွားရင် ဒီ အရှုံးကို သူတို့ အိတ်ထဲက ကျခံရတယ်။ မြတ်လို့ ရှိရင်တော့ အမြတ်ရဲ့ ၂၅ ရာခိုင်နှုန်းကို နိုင်ငံတော်ကို ပေးသွင်းတယ်။ ဆိုတဲ့ အခါကျတော့ နိုင်ငံတော်က စီးပွားရေးလုပ်ငန်းတွေကို မြေတောင်မြှောက်ဖို့ တာဝန်ရှိပါတယ်။ အဲ့ဒါကိုလည်း ကိုယ့်ပြည်သူလူထုကို Educate လုပ်နေဖို့ လိုတယ်ပေါ့နော်။ ဒါ စီးပွားရေး လုပ်ငန်းတွေ အောင်မြင်မှ အလုပ်အကိုင် အခွင့်အလမ်း များများရမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်ကိုလည်း အခွန်များများ ဆောင်နိုင်မယ်။ ဒီ အလုပ်လုပ်တဲ့သူတွေရဲ့ တစ်ယောက်ချင်းစီရဲ့ ဝင်ငွေခွန်တွေလည်း နိုင်ငံတော်က ရမယ်ပေါ့နော်။ ပြီးလို့ရှိရင် ဒီ ပုဂ္ဂလိက ကဏ္ဍ ကလည်း NGO လိုမျိုး ပြောလို့ရှိရင်တော့ NGO တွေအတွက် ပုဂ္ဂလိက ကဏ္ဍက အလှူရှင်တွေ ဖြစ်ပါတယ်ရှင့်။ အစိုးရဆိုတာကတော့ ဒါ အခွန်ငွေနဲ့ ရပ်တည်ရတာပေါ့နော်။ ဆိုလို့ရှိရင် အခွန်ဆောင်တာလည်း ပုဂ္ဂလိက ကဏ္ဍဖြစ်ပါတယ်။ ပြီးလို့ရှိရင် NGO တွေ ဆိုတာလည်း အလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ ရပ်တည်ရတယ်။ အဲ့ဒီ အလှူရှင်တွေကလည်း အများစုက ပုဂ္ဂလိက ကဏ္ဍ က ဖြစ်ပါတယ်ရှင့်။ အဲ့ကျတော့ ဒီတိုင်းပြည်တစ်ခု ကြီးပွားတယ် ချမ်းသာတယ်ဆိုတာ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ဖွံ့ဖြိုးအောင် လုပ်နိုင်ရင် အစိုးရလည်း အခွန်များများရပြီးတော့ တိုင်းပြည်တည်ဆောက်ရေးမှာ ပိုလုပ်နိုင်မယ်။ ပြီးလို့ရှိရင် ဒီ NGO တို့ CSO တို့ကလည်း အလှူငွေတွေ များများရပြီးတော့မှ NGO ၊ CSO အလုပ်ကို ပိုလုပ်နိုင်မယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ကျွန်မတို့က စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းကို အားပေးတဲ့ ပြည်သူလူထုပေါ့နော်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းကို အားပေးတဲ့ အစိုးရ ဖြစ်ဖို့ လိုပါတယ်။ အခုတော့ ကျွန်မသည် နိုင်ငံရေး လုပ်နေတဲ့အချိန်မှာ တစ်သက်လုံးလည်း စီးပွားရေးလုပ်လာတာ ၂၆ နှစ် ကျော်ပြီပေါ့နော်။ စီးပွားရေး လုပ်လာတယ်။ အောင်မြင်တဲ့ စီးပွားရေး လုပ်လာတဲ့လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာတဲ့အတွက်ကို ဒါ ကျွန်မတို့က ကံ၊ ဉာဏ်၊ ဝီရိယ အလျှောက် အောင်မြင်တာ ဖြစ်ပါတယ်ရှင့်။ မသမာတဲ့ နည်းလမ်းနဲ့ စီးပွားရှာထားတာ လုံးဝမရှိပါဘူး။ ဆိုတဲ့အခါကျတော့ အဲ့ဒါကို ကျွန်မကို လုပ်ငန်းရှင် ဖြစ်တယ်။ ပြီးလို့ရှိရင် ပိုက်ဆံတက်နိုင်တဲ့သူဖြစ်လို့ ရှိတဲ့ပိုက်ဆံတွေနဲ့ မဟုတ်တာတွေ လုပ်နေတယ်ဆိုတဲ့ဟာနဲ့ စွပ်စွဲမှုမျိုးတွေကို တမင်သက်သက် လုပ်တာ ဖြစ်ပါတယ်ရှင့်။

PPP ပါတီနဲ့ပတ်သက်တဲ့ သတင်းအမှားတွေမှာ ပါတီဥက္ကဌရဲ့ မိသားစုဝင်တွေ ကိုပါ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေပါ တွေ့လာရတယ်။ အဲ့ဒီအပေါ် ဘယ်လို မြင်လဲ။

အဲ့ဒါကတော့ တော်တော်လေး အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တွေပေါ့နော်။ ဆိုလိုရှိရင် တော်တော်ကို အဆင့်အတန်းမရှိဘူး။ ပြီးလို့ရှိရင် ပြောတဲ့သူတွေကလည်း များသောအားဖြင့် NLD ကို ထောက်ခံသူတွေက ကျွန်မတို့ကို ပြောတယ်ပေါ့နော်။ NLD ဆိုတာ ဘာလဲဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တယ်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့တဲ့ တကယ့်ကို Opposition Leader ပေါ့နော်။ တကယ့် အတိုက်အခံ ခေါင်းဆောင်အနေနဲ့ ဒီမိုကရေစီ တော်လှန်ရေးမှာ တကယ့်ကို ဦးဆောင်ပြီးတော့မှ လုပ်ခဲ့ပြီးတော့မှ အခုကျတော့မှ ဒီမိုကရေစီ ဆိုတာ ဘာနဲ့ တွဲနေလဲဆို လူ့အခွင့်အရေး နဲ့ တွဲနေတယ်ပေါ့နော်။ ဆိုလို့ရှိရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်တွေပါရှင့် ဒါတွေကလေ။ လူတစ်ယောက်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတို့ ဘာတို့ဆိုတာ ဒါ လူ့အခွင့်အရေး ချိုးဖောက်တာပါရှင့်။ လူတစ်ယောက်ရဲ့ ဒီ အားနည်းချက်ကို ပြောတယ်။ လူတစ်ယောက်ရဲ့ ဒါမှမဟုတ်လို့ရှိရင် ပြောရဲဆိုရဲ မဖြစ်အောင်ပေါ့နော်။ ဥပမာ ထားပါတော့ ထွန်းအိန္ဒြာဗိုလ် ကို တိုက်ခိုက်တယ် ဆိုတာ ဘာလဲဆိုလို့ရှိရင် ထွန်းအိန္ဒြာဗိုလ် က ရှေ့မထွက်လာရဲအောင်၊ ထွန်းအိန္ဒြာဗိုလ် ဘာမှထွက်မပြောရဲအောင် လူတစ်ယောက်ရဲ့ နုတ်ကို ပိတ်ချင်တာပေါ့နော်။ အဲ့လိုမျိုးသဘောနဲ့ ပြောတာ ဖြစ်ပါတယ်ရှင့်။ နောက်တစ်ခုကကျတော့ ဒီလိုပေါ့ အနုပညာရှင် တစ်ယောက်က ပြောလို့ရှိရင် ဒါ စကားက တာသွားတယ်ပေါ့နော်။ တာသွားတော့ ဒါကိုကြောက်လို့ အောက်လုံးထိုးပြီးတော့မှ ပြောတာဖြစ်ပါတယ်ရှင့်။

ရွေးကောက်ပွဲကာလမှာ သတင်းအမှားတွေက ဘယ်လောက်ထိ အန္တရာယ်များလဲ

အန္တရာယ်သိပ်များပါတယ်ရှင့်။ သတင်းအမှားတွေ က အန္တရာယ် သိပ်များပါတယ်။ အထူးသဖြင့် ကျွန်မတို့ မြန်မာပြည် ပြည်သူလူထုက ရိုးသားကြတယ်။ နောက် ပညာနဲ့ တွေးခေါ်နိုင်စွမ်း၊ စဉ်စားချင့်ချိန်နိုင်စွမ်းတွေ နိမ့်ကျကြသေးတဲ့အချိန်မှာ ဒီလိုသတင်းအမှားတွေ ပြောပြီးတော့မှ ပြည်သူလူထုကို အထင်အမြင် မှားစေတာမျိုးပေါ့နော်။ ဒီ ယုံလွယ်တဲ့သူတွေပေါ့နော်။ ရိုးတဲ့အခါကျတော့ ပြောသမျှယုံတယ်ဆိုတဲ့သူတွေပေါ့နော်။ ဒါမျိုးလူတွေ ပြည်သူလူထုထဲမှာ အများကြီးရှိနေတော့ တော်တော်လေးတော့ အန္တရာယ်ကြီးမှားပါတယ်။ အဲ့ဒါကြောင့်မို့လို ဒီ ဖေ့စ်ဘွတ်မှာ သတင်းအမှားတွေကို ဖြန့်ဝေနေတဲ့သူတွေရယ်၊ ဒီ ယုံလွယ်တဲ့သူတွေရယ်ပေါ့နော်။ ဒါတွေ မဖြစ်ဖို့ အတွက်လည်း ကျွန်မတို့ ဝိုင်းပြီးတော့မှ လူတိုင်းက ကိုယ့်ကျရာ အခန်းကဏ္ဍကနေ ဝိုင်းပြီးတော့မှ ထိန်းကြောင်းရမှာ ဖြစ်ပါတယ်ရှင့်။

PPP လိုပဲ တခြားပါတီတွေအပေါ်မှာလည်း သတင်းအမှားတွေနဲ့တိုက်ခိုက်နေကြတာတွေရှိတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးဘယ်လိုသုံးသပ်လဲ

အဲ့ဒါကတော့ Dirty Politics ပေါ့နော်။ တကယ်တမ်းကျတော့ နိုင်ငံရေး ပါတီတိုင်းက ဘာလုပ်သင့်လဲ ဆိုရင် ကိုယ့်မူဝါဒက ဘာလဲ။ ကိုယ်လုပ်မှာ ဘာလဲ။ ကိုယ့်အကြောင်းပဲ ကိုယ်ပြောနေသင့်တာပေါ့နော်။ ကိုယ့်အကြောင်းပဲ ကိုယ်ပြောနေသင့်တယ်။ ပြောပြီးတော့မှ တခြားပါတီတွေကို တိုက်ခိုက်တာထက် စာလို့ရှိရင်လေ။ အဲ့ဒါနဲ့ ဒီလိုတိုက်ခိုက်တာနဲ့ ဝေဖန်အကြံပြုတာနဲ့က မတူပါဘူးရှင့်။ ဒီမိုကရေစီတွေမှာတော့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင်မှ ကျွန်မတို့ကို ဝေဖန်ကြပါ ဝေဖန်ကြပါနဲ့ ပြောတယ်လေ။ သူကိုယ်တိုင်လည်း အရှေ့အစိုးရကိုလည်း တအားဝေဖန်ခဲ့တာပဲလေ။ ဆိုလို့ရှိရင် ဒါသည် ဒီမိုကရေစီရဲ့ အနှစ်သာရက ဘာလဲဆိုလို့ရှိရင် Opposition ရှိခြင်းပေါ့နော်။ အစိုးရ တစ်ရပ်ဆိုတာ ပြည်သူ့ဘဏ္ဍာကို စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်။ တစ်ချိန်ထဲမှာလည်း အချုပ်အခြာ အာဏာကို ကျင့်သုံးပိုင်ခွင့်ရှိတယ်။ အဲ့လိုမျိုး သိပ်ကိုမှ အာဏာပြင်းထန်တဲ့ အချုပ်အခြာအာဏာ ကိုင်ခွင့်ရှိတဲ့ ပြည်သူ့ဘဏ္ဍာလည်း စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အစိုးရ အဖွဲ့အစည်းကို ထိန်းကြောင်းတာက ဘာလဲဆိုလို့ရှိရင် အတိုက်အခံပါတီတွေက အတိုက်အခံရှိခြင်းပေါ့နော်။ အတိုက်အခံ ပါတီတွေက ထိန်းကြောင်းတယ်။ နောက်ပြီး ပြည်သူလူထုရဲ့ အသံတွေနဲ့ ထိန်းကြောင်းတာပေါ့နော်။ အဲ့ဒါတွေလည်း အပြန်အလှန်ပေါ့နော် ဒီ ပြည်သူလူထုနဲ့ အတိုက်အခံပါတီနဲ့ ကြားမှာ အပြန်အလှန် ဒီ အာဏာရပါတီနဲ့ ကြားမှာ ထိန်းကြောင်းတဲ့ ယန္တယားတွေပေါ့ Mechanism တွေရှိရမှာပါရှင့်။ အဲ့ဒါနဲ့ ကျွန်မတို့ ခွဲခြားပြီး မြင်ဖို့ လိုတယ်ပေါ့နော်။

ပါတီနဲ့ပတ်သက်တဲ့သတင်းအမှားတွေကို အမှန်လို့ယုံနေကြတာတွေရှိတယ်။ဆက်ပြီးတော့လည်းနေ့စဉ်နဲ့အမျှ ထွက်ပေါ်နေတာတွေရှိတယ်။ ဒီအပေါ်မှာသတင်းအမှားတွေနဲ့ပတ်သက်လို့ ပြည်သူတွေကို အသိပေးချင်တဲ့ Message တစ်ခုခုပြောပါဦး

ပြည်သူလူထုရဲ့ ဆင်ခြင်တုံတရားပေါ့နော်။ ဆိုလို့ရှိရင် ပြောတိုင်းလည်း မယုံကြပါနဲ့။ ပြောတိုင်းမယုံကြပါနဲ့။ ပြီးလို့ရှိရင် ဆင်ခြင်တုံတရားနဲ့ ခြုံငုံသုံးသပ်ပြီးတော့မှ ဒီ သတင်းတစ်ခုတည်း အပေါ်မှာ မကြည့်ဘဲနဲ့ အဓိကကတော့ တိုင်းပြည်ကောင်းဖို့ ဆိုလို့ရှိရင် ပါတီတွေ ကောင်းဖို့လိုတယ်။ ပါတီတွေ အရည်အသွေးပြည့်ဝဖို့လိုတယ်။ ပြီးရင် ဒီပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ လူတော် လူကောင်း ဖြစ်ဖို့လိုတယ်။ အဲ့လိုလူတော် လူကောင်းတွေရောက်သွားတဲ့ လွတ်တော်မှ လွတ်တော်တွေ ကောင်းမယ်ပေါ့နော်။ လွတ်တော်ကောင်းမှသာလျှင် အစိုးရကောင်းတစ်ရပ်ကို ကျွန်မတို့ ဖွဲ့စည်းနိုင်မှာပေါ့။ အဲ့ဒါပြည်သူ လူထုရဲ့ ဆင်ခြင်တုံတရားလည်း အရေးကြီးပါတယ်ရှင့်။ ပြောတိုင်းလည်း မယုံကြပါနဲ့လို့။ ကျွန်မတို့ အဲ့ဒါကြောင့်မို့လို့ ပြည်သူလူထုက ဘာကို ကြည့်ရမလဲဆိုရင် ဖေ့စ်ဘွတ်မှာ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘဲနဲ့ ဘယ်သူကလည်း ပြောလို့ ပြောနေမှန်းမသိဘူးဆိုတာထက်စာရင် ဒီလိုနာမည် တစ်လုံးနဲ့ အလုပ်လုပ်ကြတဲ့ မီဒီယာတွေပေါ့နော်။ ဥပမာ Eleven က ဘာပြောလဲ။ Mizzima က ဘာပြောလဲ။ ဧရာဝတီက ဘာပြောလဲ စသည်ဖြင့်ပေါ့နော် အဲ့လိုမျိုးတွေ။ နောက်တစ်ခုက ဖေ့စ်ဘွတ်ပေ့ချ်တွေ ကြည့်လို့ရှိရင် ဒီလို ကြားလူက ပြောတာထက်စာရင် ကျွန်မတို့ ပါတီက ပြောတာ ဆိုလို့ရှိရင် ကျွန်မတို့ ပါတီ ပေ့ချ်ရှိပါတယ်။ ပါတီပေ့ချ်ကနေ တရားဝင် ထုတ်ပြန်တဲ့ မူဝါဒတွေပေါ့နော်။ ဒါတွေကိုပဲ ကြည့်ပြီးတော့မှ စဉ်းစားစေချင်ပါတယ်ရှင့်။ ကြားစကား မယုံပါနဲ့လို့ ကျွန်မအဲ့ဒါ ပြောချင်တာပါရှင့်။  

Related Stories