HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်လာတဲ့ ရုရှားကုန်တင်လေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား

မြန်မာစစ်တပ်ကို လေယာဉ်ဆီလာပို့တဲ့ ရုရှားကုန်တင်လေယာဉ် နေပြည်တော်လေဆိပ်မှာ RPG နဲ့ တိုက်ခိုက်ခံရပြီး လေယာဉ်မှူးသေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတွေပြန့်နှံ့လာပါတယ်။

By - Boom Live Myanmar | 14 March 2026 8:21 AM IST

ဒီအကြောင်းအရာကို Khit Thit Thadin ဆိုတဲ့ Youtubte ချန်နယ်မှာ မတ်လ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ကြာချိန် ၈ မိနစ်နီးပါးရှိ ဗီဒီယိုဖိုင်နဲ့အတူ 'နေပြည်တော်လာတဲ့ ရုရှားကုန်တင်လေယာဉ် RPG နဲ့ အထုခံရ၊ လေယာဉ်မှူးပါ သေဆုံး။ မြန်မာစစ်တပ်ကို လေယာဉ်ဆီလာပို့တဲ့ ရုရှားကုန်တင်လေယာဉ် လေဆိပ်မှာ အထုခံရ။ လေယာဉ်ပျက်စီးပြီး လေယာဉ်မှူးပါ သေဆုံး' ဆိုတဲ့ ခေါင်းစဉ်မျိုးစုံနဲ့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာတော့ Khit Thit Media သတင်းဌာနမှာ မတ်လ ၃ ရက်နေ့က ဖော်ပြထားတဲ့ 'နေပြည်တော် အေလာလေတပ်သို့ ရုရှား IL-76 ကုန်တင်လေယာဉ်များ ဆက်တိုက်ဆင်းသက်ပြီး စစ်ဘက်ဆိုင်ရာပစ္စည်းနှင့် လေယာဉ်ဆီများ လာရောက်ပို့ဆောင်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ရုရှားနိုင်ငံအကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြင့်တက်လာနေကြောင်း၊ နေပြည်တော်ရှိ အေလာလေတပ်စခန်းကို ရုရှားကုန်တင်လေယာဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းနဲ့ လေယာဉ်ဆီတွေကို တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် လာရောက်ပို့ဆောင်ခဲ့ကြောင်းတွေ ရေးသားထားတာပါ။

နေပြည်တော်ရှိ အေလာလေတပ်စခန်းကို ရုရှားကုန်တင်လေယာဉ်တွေလာတာ မှန်ပေမယ့် ဒီလေယာဉ်ကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာတော့မဟုတ်ပါဘူး။ ခေါင်းစဉ်တွေမှာပါသလို ရရှားလေးယာဉ်တွေတိုက်ခိုက်ခံရတယ်ဆိုတဲ့ဖြစ်စဉ်မျိုး ဒီရက်တွေမှာဖြစ်ပွားထားခြင်းမရှိတာကြောင့် လုပ်ကြံရေးသားထားတဲ့အကြောင်းအရာမျိုးတွေသာဖြစ်ပါတယ်။

Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories