HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာသာရေးနဲ့ တိုက်ခိုက်ထားတဲ့ သတင်းအမှား

စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာရေးနဲ့ တိုက်ခိုက်ထားတဲ့ သတင်းအမှားတစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 March 2024 4:45 PM GMT

အဆိုပါ သတင်းအတုကို ကိုနေဆိုတဲ့ဖေ့စ်ဘွတ်အကောင့်က မတ်လ ၁၇ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ရဟန်းတစ်ပါးကို မီးရှို့သတ်လို့ ဘာမှမဖြစ်ဘူး။ ဗလီကို မီးရှို့တာသာ သူတို့ရဲ့ အသည်းနှလုံးဆိုတာ သိထားကြပါ” လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို ထပ်ဆင့်ဝေမျှထားသူ ၄၀၀ ကျော်နဲ့ ကူးယူဖော်ပြထားသူတွေလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်က ဘုန်းကြီးတွေကို မီးရှို့တာ ဘာမှမဖြစ်ဘူး၊ ဗလီတွေကတော့ မွတ်စလင်တွေရဲ့ အသည်းနှလုံးဖြစ်လို့ မီးမရှို့ရဘူးလို့ ပြောထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေက စစ်မှုထမ်း ဥပဒေကိုပြဌားပြီး တပ်သားသစ်စုဆောင်းနေချိန် စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ မဘသ အဖွဲ့တွေကလည်း တစ်ဖက်မှာ ဘာသာရေး အဓိကရုဏ်းဖန်တီးဖို့ ရည်ရွယ်ချက်ရှိရှိ ပြဿနာတွေ ပြုလုပ်လာတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီလိုအချိန် ဆိုရှယ်မီဒီယာအပေါ်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အစ္စလာမ်ဘာသာထောက်ခံသူအဖြစ် အချိန်ကိုက် ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီသတင်းအမှားထဲမှာ ရေးသားဖော်ပြထားတဲ့ အကြောင်းအရာကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးခြင်းမရှိပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ စစ်တပ်ထောက်ခံသူတွေက ဒီထဲမှာ ဖော်ပြထားတဲ့အတိုင်း လက်ကမ်းစာရွက်နဲ့ပါ လူထုကြားထဲ သတင်းအမှားဖြန့်ဝေပြီး ဝါဒဖြန့်ခဲ့ပါတယ်။

ယခင်ဖြန့်ဝေခဲ့တဲ့ သတင်းအမှားကို အောက်ပါ Link မှာ ကြည့်ပါ။

လက်ကမ်းစာရွက် သတင်းတုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories