HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဓါတ်ပုံအဟောင်းတွေအသုံးပြုပြီး ဖြန့်ဝေထားတဲ့ မင်းတပ်မြို့ သတင်းအမှား

မင်းတပ်မြို့ရဲ့ လက်ရှိအခြေအနေ ဆိုရွားနေပြီလို့ရေးသားကာ ဓါတ်ပုံအဟောင်းတွေ အသုံးပြုပြီးဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 14 Sep 2021 2:26 PM GMT

အဆိုပါ သတင်းအမှားကို ချယ်ရီကိုကို ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၉ ရက်နေ့ည ၈ နာရီ ၅၁ မိနစ်မှာရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားထဲမှာ "အင်တာနက်တွေဖျက် ဖုန်းလိုင်းတွေဖျက်ပြီး ချင်းပြည်နယ်မင်းတပ်ကို စစ်ပွဲကြီးပုံစံနဲ့တိုက်နေတာ လိုင်းပေါ်ရှိနေတဲ့သူအားလုံး ဒီပုံတွေတင်ပေးကြပါ။ နိုင်ငံတကာသိအောင်" လို့ရေးတင်ထားပြီး ရဟက်ယာဉ်တစ်စီး ပျံနေတဲ့ပုံတွေ၊ အောက်မှာ မီးလောင်နေတဲ့ပုံတွေ၊ ချင်းရိုးရာဝတ်စုံနဲ့ သူတွေအပေါ် ရဟက်ယာဉ် တစ်စီးပျံသန်းနေတဲ့ ပုံတွေ တင်ထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၈၀၀ ကျော်ရှိကာ မှတ်ချက်ရေးသားသူ အချို့လည်းရှိနေပါတယ်။ မှတ်ချက်ရေးသားသူထဲမှ အချို့က သတင်းအမှားတွေဖြစ်တယ်လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

သတင်းဆန်းစစ်ချက်

မင်းတပ်မြို့မှာ အင်တာနတ်ဖြတ်ပြီး စစ်ပွဲအကြီးကြီးပုံစံ ဖန်တီးနေတဲ့ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဓါတ်ပုံအဟောင်းတွေသုံးပြီး သတင်းအမှားဖြန့်ထားတာကို တွေ့ရပါတယ်။

၎င်းရေးသားထားတဲ့အထဲက မင်းတပ်မြို့မှာ အင်တာနတ်လိုင်းတွေ ဖြတ်တောက်ထားတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်ပါတယ်။ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နေ့ခင်းပိုင်းမှာ မင်းတပ်မြို့အဝင် ကျောက်ထုဘက်မှာ အင်တာနက်ကြိုးတွေ ပြတ်တောက်ပြီး MPT ဖုန်းလိုင်းတချို့ ပြတ်တောက်ခဲ့ပါတယ်။ဒီအခြေအနေကြောင့် မင်းတပ်တစ်မြို့လုံးကို အင်တာနတ်ဖြတ်တောက် ထားတာ မဟုတ်ပါဘူး။

ဒါ့အပြင် ၎င်းတင်ထားတဲ့ ရဟတ်ယာဉ်ပုံတွေဟာ တခြားနိုင်ငံက တောမီးလောင်တာကို ငြိမ်းသတ်နေတဲ့ ပုံတွေသာဖြစ်ပြီး ဒီပုံအဟောင်းတွေဟာလည်းမတ်လ ခန့်ကတည်းက လူမှုကွန်ယက်ပေါ်ဖြန့်ဝေပြီးသုံးစွဲလေ့ရှိတာကို တွေ့ရပါတယ်။

ဒါ့အပြင် ချင်းရိုးရာဝတ်စုံနဲ့ သူတွေအပေါ်က ရဟက်ယာဉ်ဖြတ်ပျံနေတဲ့ပုံဟာလည်း ၂၀၁၇ ခန့်က အစိုးရဌာနက တာဝန်ရှိသူတွေ နဲ့ အခမ်းအနားတက်ရောက်လာတဲ့ မြို့ခံလူထုပုံ ဖြစ်ပါတယ်။

ယခင် ဓါတ်ပုံအဟောင်းတွေနဲ့ ထွတ်ပေါ်ခဲ့တဲ့ မင်းတပ်မြို့အကြောင်း သတင်းအဟောင်းကို ဒီမှာ ကြည့်ပါ။

Freedom News Group ပေ့ချ်က ရေးသားထားတဲ့ မင်းတပ်မြို့သတင်းအမှား


Related Stories