BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Freedom News Group ပေ့ချ်က...
သတင်းအတု

Freedom News Group ပေ့ချ်က ရေးသားထားတဲ့ မင်းတပ်မြို့သတင်းအမှား

ပြီးခဲ့တဲ့ရက်တွေက လူမှုကွန်ယက်ပေါ်မှာ မင်းတပ်မြို့နဲ့ ပတ်သက်ပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်ခဲ့ပါတယ်

By - Boom Live Myanmar |
Published -  20 May 2021 8:39 PM IST
  • Freedom News Group ပေ့ချ်က ရေးသားထားတဲ့ မင်းတပ်မြို့သတင်းအမှား

    အဆိုပါ သတင်းအမှားကို "Freedom News Group" ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၆ ရက်နေ့ မနက် ၇ နာရီ ၄ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပြီး အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ

    "ခရစ်ယာန် ဘာသာဝင် သားအလောင်း ကို သွားကောက် တဲ့ အမေအို ကို ခေါင်းကွဲ အောင်ရိုက်၊ ရှစ်တန်း ကျောင်းသူ ပါမုဒိမ်း ကျင့် ခံရ၊ မီးမမှိတ် ထား ရင် လောင်ချာနဲ့ လှမ်း ထုရခံရတဲ့ တစ်စ ပြင် လို့ ဖြစ်သွေး တဲ့ ကြေကွဲဖွယ်ရာ မင်းတပ်" လို့ ရေးသားထားပါတယ်။ သတင်းရဲ့ အတွင်းပိုင်းမှာတော့ မင်းတပ်မြို့မှာ ဖမ်းမိတဲ့ လူငယ် ၁၅ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး မင်းတပ်မြို့ထဲသွားလာကာ လမ်းပေါ်မှာ စစ်တပ်က စနိုက်ပါနဲ့ ပစ်သတ်ထားတဲ့အတွက် လူသေအလောင်းတွေ ပျံ့ကျဲနေပြီး သွားကောက်မယ့်သူ မရှိကြောင်း၊ အိမ်ထဲမှာ ပုန်းနေသူတွေကို လမ်းပေါ်တစ်ခါထဲ ဆွဲထုတ်ပြီး တစ်ခါတည်း ပစ်သတ်ကြောင်း တည်းခိုခန်းမှာ ပုန်းအောင်းနေတဲ့ မိန်းခလေးနှစ်ဦးကို မုဒိန်းကျင့်လိုက်ကြောင်း၊ အိမ်ထဲမှာ ပုန်းနေတဲ့ ၈ တန်းကျောင်းသူ တစ်ဦးကို သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရွှေတောင်ထိပ်နားမှာလည်း အမျိုးသမီးတွေကို မုဒိန်းပြုကျင့်ခဲ့ကြောင်း၊ ဘုရားကျောင်းမှာ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ ဆရာသောမတ်(စ) ဆိုသူကို သေနတ်နဲ့ ပစ်သတ်ထားခဲ့ကြောင်း၊ ဆရာသောမတ်(စ) ကို ပြန်သယ်ယူဖို့ လက်တွန်းလှည်းနဲ့ လာတဲ့ မိခင်ဖြစ်သူကို သေနတ်ဒင်နဲ့ ရိုက်ထားခဲ့ကြောင်း အဲ့ဒီ သတင်းထဲ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၄၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၆၀၀၀ ကျော်ရှိနေပြီး ဖတ်ရသူတွေအတွက် စိတ်ခံစားမှုပြင်းထန်စရာတွေဖြစ်ခဲ့ပါတယ်။

    မူရင်း ရေးသားမှု အပြည့်အစုံကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    Freedom News Group ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ မင်းတပ်မြို့မှာ နေထိုင်တဲ့ ဒေသခံတစ်ယောက်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အဆိုပါ အကြောင်းအရာတွေဟာတကယ်မရှိခဲ့တဲ့ သတင်းအမှားတွေသာဖြစ်ကြောင်းပြောပါတယ်။

    ဒါ့အပြင် ချင်းပြည်နယ်အခြေစိုက် သတင်းဌာန ဖြစ်တဲ့ Chin News ကလည်း အဆိုပါ သတင်းအမှားနဲ့ပတ်သက်ပြီး ဖြေရှင်းရေးသားထားတာကိုတွေ့ရပါတယ်။ Chin News သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။


    Tags

    fake newsMindatFreedom News GroupFake Facebook pageသတင်းအတုမင်းတပ်CoupMilitary
    Read Full Article
    Claim :   Freedom News Group ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!