HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထိုင်း ဘက်ခြမ်းကို လက်နက်ကြီး ကျည်ကျရောက်ခဲ့လို့ ထိုင်းက စစ်တပ်အထိုင်စခန်းတွေကို လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတဲ့ သတင်းအမှား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ထိုင်းနိုင်ငံဘက်အခြမ်း ကျရောက်ခဲ့တဲ့အတွက် ထိုင်းက စစ်တပ်အထိုင်စခန်းတွေကို လေယာဉ်နဲ့ ဗုံးပြန်ကြဲ တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Nov 2025 3:33 PM IST

ဒီအကြောင်းအရာကို Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထိုင်းနဲ့ စစ်ဖြစ်နေပြီ။ ထိုင်းဘက်ကို လက်နက်ကြီး ကျလို့ထိုင်းက လေယာဉ်နဲ့ ဗုံးကြဲ။ ကြားဖြန့်ရုံးတွေ အားလုံး ထိုင်းက လက်နက်ကြီးနဲ့ထုပြီး တုန့်ပြန်။ စစ်တပ်အထိုင်စခန်းတွေ ထိုင်းက လေယာဉ်ဗုံးကြဲ။ သေဆုံးမှု များပြား' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ထိုင်း ဘက်ခြမ်းကို လက်နက်ကြီး ကျည်ကျရောက်ခဲ့လို့ ထိုင်းက စစ်တပ်အထိုင်စခန်းတွေကို လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media မှာ နိုဝင်ဘာ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ 'မြ၀တီမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး မြန်မာဘက်မှ လက်နက်ကျည်များ ထိုင်းဘက်သို့ ကျရောက်ပြီး နေအိမ်နှင့်ကားများ ပျက်စီး၊ ထိုင်းစစ်တပ်ကလည်း လက်နက်ကြီးကျည်ဖြင့် မြန်မာဘက်သို့ သတိပေး ပြန်လည်ပစ်ခတ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

သတင်းထဲမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ ကျည်တွေ ထိုင်းနိုင်ငံဘက်အခြမ်း ကျရောက်ခဲ့ပြီး လူနေအိမ် ၄ လုံးပျက်စီးကာ ကား ၁ စီးပျက်စီးခဲ့ကြောင်း၊ ဒီလို ကျရောက်ခဲ့တဲ့အတွက် ထိုင်းစစ်တပ်က သတိပေးတဲ့ အနေနဲ့ ၁၂၀ မမ လက်နက်ကြီး(ကျည်အလွတ်)နဲ့ သတိပေး ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ရေးသားထားပါတယ်။

ဒီသတင်းထဲမှာ ထိုင်းက စစ်တပ်အထိုင်စခန်းတွေကို လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလိုအခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories