HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ကစထ(၅)မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 24 March 2024 4:19 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ် ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရန်ကုန်တိုင်းစစ်ဌာနချုပ် ရုံးခန်းထဲထိ ပကဖ (အထူးတပ်ဖွဲ့) ရုပ်ဖျက်စီးနင်း၊ ဗိုလ်ချုပ်ကြီး သက်ပုံ သေဆုံး' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ နှစ်သိန်းခွဲနီးပါး ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံ သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းက စစ်​ကောင်စီ အရာရှိကြီးတွေ ဂေါက်သီး ရိုက်ကစား​နေတဲ့ ‌​​​ဂေါက်ကွင်း​နေရာကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အကြောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒုတိယဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူးသုံးဦး၊ ဗိုလ်ကြီးသုံးဦး၊ တပ်ကြပ်ကြီး လေးဦး၊ ရဲ​ဘော် ခုနစ်ဦးနဲ့ စည်ပင်ဝန်ထမ်း နှစ်ဦးစုစုပေါင်း ၂၀ဦး ပွဲချင်းပြီး​​သေဆုံးတယ်ဆိုပြီး ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့)ရဲ့ တာဝန်ရှိသူက သတင်းဌာနတွေကို ပြောဆိုတယ်လို့ ရေးသားဖော်ပြနေပေမယ့် သတင်းဌာနတွေက သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။

ဒါ့အပြင် ဒီဖြစ်စဉ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံ သေဆုံးတယ်ဆိုပြီး ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့) ကိုယ်တိုင်က ပြောဆိုထားတာ မရှိသလို ရန်ကုန်တိုင်းစစ်ဌာနချုပ်ရုံးခန်းထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြမထားပါဘူး။

သတင်းတွေမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းက စစ်​ကောင်စီ အရာရှိကြီးတွေ ဂေါက်သီး ရိုက်ကစား​နေတဲ့ ‌​​​ဂေါက်ကွင်း​နေရာကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တယ်လို့ပဲ ရေးသားထားတာပါ။

ဒီဖြစ်စဉ်အကြောင်း သတင်းဌာနတွေမှာ ဖော်ပြထားတာကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Related Stories