HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

RFM အမည်နဲ့ဖြန့်ဝေတဲ့ UEC သတင်းအမှား

ရွေးကောက်ပွဲကာလမတိုင်ခင်ကတည်းက သတင်းအမှားတွေ ဖြန့်ဝေခဲ့တဲ့ RFM အဖွဲ့ကဖြန့်ဝေတဲ့သတင်းအမှားတစ်ပုဒ်လူမှုကွန်ရက်မှာထပ်မံပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar | 4 Dec 2020 9:27 AM GMT

ဒီသတင်းအမှားထဲမှာ အရင်က ဖြန့်ဝေတဲ့ပုံစံအတိုင်း RFM အမည်နဲ့ သတင်းအမှားရေးသားထားတဲ့ Screen Shot တစ်ခုကို ဖေ့စ်ဘွတ်အကောင့်တစ်ခုကနေပြန်လည်ဖြန့်ဝေထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားထဲမှာ ဗဟိုက မဲရုံမှူးတွေကို ဘယ်လိုညွှန်ကြားခဲ့သလဲဆိုပြီးရွေးကောက်ပွဲ မဲမသမာမှုတွေမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကောက်ပွဲဗဟိုကော်မရှင်က လူတွေကိုယ်တိုင် ပါဝင်ပတ်သတ်နေတယ်လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်ဝန်းကျင်ကတည်းက ရေးသားဖြန့်ဝေနေကြတာဖြစ်ပြီး သတင်းအမှားတွေဆက်တိုက်ဖြန့်ဝေနေတဲ့ RFM အမည်နဲ့ တံဆိပ်ပါ ပိုစ့်ထဲမှာ ရေးထားတာက "ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တဲ့ အတွက် USDP အပါအဝင်နိုင်ငံ ရေးပါတီတချို့က ကျယ်ကျယ်လောင်လောင် ကန့်ကွက်နေကြောင်း၊ မဲမသမာမှုတွေမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကောက်ပွဲဗဟိုကော်မရှင်က လူတွေကိုယ်တိုင်ပါဝင်ပက် သက်နေတယ်ဆိုပြီး ရွေးကောက်ပွဲမသမာမှု့ စံစမ်းစစ် ဆေးရေးအထူးအဖွဲ့က စာထုတ်ပြန်ကြောင်း၊ နိုင်ငံရေးပါတီတချို့က သက်ဆိုင်ရာသူတွေကို လူကိုယ်တိုင်လာရောက်ဝန်ခံပြီးအမှန်တရားအတွက် ဝန်ခံနေကြပြီလို့ ရွေးကောက် ပွဲမသမာမှု့ စုံစမ်းစစ်ဆေးရေးအထူးအဖွဲ့မှ ပြောရေးဆို ခွင့်ရှိသူ ဦးမြညွန့်က RFM သို့ပြောကြားကြောင်းနဲ့ ဆရာမတွေပါ လာရောက် ဝန်ခံ ထွက်ဆိုကြတာတွေရှိကြောင်း" ရေးသားဖြန့်ဝေနေတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေမှုတွေနဲ့ ပါတ်သတ်ပြီး အမှားတွေသာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် ဖေစ့်ဘွတ်စာမျက်နှာမှာ နိုင်ဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။


ကြေငြာချက်ကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

Radio Free Myanmar (RFM) ဟာ လွတ်လပ်တဲ့အာရှအသံ Radio Free Asia (RFA) နဲ့ အမည်ဆင်တူရိုးမှားပြုလုပ်ပြီး ဖေစ့်ဘွတ်ပေါ်မှာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ သတင်းမှားအများစုက လက်ရှိအာဏာရပါတီ NLD နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားတာ ဖြစ်ပါတယ်။

RFM ကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့အတွက် Facebook က ဖြုတ်ချလိုက်ထားခဲ့ပြီး ဖြစ်ပြီး RFM ပေချ့်ရဲ့ သတင်းတွေဆိုတာ စာတွေကို ကြိုက်နှစ်သက်ရာ ရေးနိုင်အောင်ဖန်တီးထားတဲ့ RFM လိုဂိုပါ Template အလွတ်တွေနဲ့ ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ ဒါတွေကို တချို့RFM သတင်းတွေဖြန့်ချိနေတဲ့ ပိုစ့်အောက်မှာ အချင်းချင်းမျှဝေနေကြတာ ဖြစ်ပါတယ်။ RFM အကြောင်း သတင်းဆန်းစစ်ချက်ကို BOOM သတင်းဌာနမှာ အောက်တိုဘာလ ၃၀ ရက်နေ့က ဖော်ပြထားပါတယ်။


 ဒီနေရာ မှာ ကြည့်ရှု့ပါ။

Related Stories