HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သီပေါ-နမ္မတူကြား မိုးတေတံတား TNLA မိုင်းခွဲဖျက်ဆီးတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မြောက်ဘက်ရှိ သီပေါ-နမ္မတူ-နမ့်ဆန်မြို့တွေကို အဓိက ဆက်သွယ်ထားတဲ့ မိုးတေတံတားကို တအာင်းတပ် (TNLA) က မိုင်းခွဲဖျက်ဆီးထွက်ပြေးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 23 Oct 2025 10:08 PM IST

ဒီအကြောင်းအရာကို အောက်တိုဘာ ၈ ရက်နေ့ကတည်းက လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာဖြစ်ပြီး သတင်းမီဒီယာ အချို့ကလည်း ပြန်လည်ဖော်ပြထားတာ တွေ့ရပါတယ်။

ဖြန့်ဝေရာမှာ တံတားတစ်စင်း ရေပြင်ထဲကို ထက်ပိုင်းကျိုးကျနေတဲ့ ဓာတ်ပုံကို အသုံးပြုပြီး 'မိုးတေတံတား။ သီပေါမြို့မှ နမ္မတူနဲ့ နမ့်ဆန်မြို့ ဖက်ဆက်သွယ်ထားတဲ့ မိုးတေတံတားကို TNLA အဖွဲ့ မိုင်းခွဲဖျက်ဆီးထွက်ပြေး' လို့ ရေးသား ဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

သီပေါ-နမ္မတူကြား မိုးတေတံတား TNLA မိုင်းခွဲဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို ဖော်ပြခဲ့တဲ့ SHAN News သတင်းဌာနကလည်း ဒီသတင်းကို မှားယွင်းဖော်ပြမိတာသာ ဖြစ်ကြောင်း၊ မိုးတေတံတား အမှန်တက် ကျိုးကျပျက်စီးတာ မရှိကြောင်းနဲ့ ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း ဖျက်ဆီးခံထားရတဲ့ တံတားသာ ဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်ဖြေရှင်းထားပါတယ်။


SHAN News သတင်းဌာနရဲ့ ပြန်လည်ဖြေရှင်းချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

အခုဖြန့်ဝေနေတဲ့ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရတယ်ဆိုတဲ့ ပုံထဲက တံတားဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ်၊ သံတွဲ-ဂွလမ်းပေါ်က ကျိန္တလီချောင်းကူးတံတား ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်က ပုံတွေကို အသုံးပြု ဖြန့်ဝေထားတာပါ။


ထိုစဉ်က အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဆင်တာကို ခံနေရတဲ့ စစ်ကောင်စီတပ်တွေဟာ ကျိန္တလီမြို့နဲ့ ၅ မိုင်ခန့်အကွာ ရတနာမြိုင်ကျေးရွာမှာ ပိတ်မိနေတဲ့အတွက် ကျိန္တလီ ချောင်းကူးတံတားကို မိုင်းခွဲထွက်ပြေးဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ ကျိန္တလီ ချောင်းကူးတံတား ဖြစ်စဉ်သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့ နိုင်ပါတယ်။

တကယ်တော့ မိုးတေတံတားကို ၂၀၂၃ ခုနှစ် အကုန်ပိုင်းမှာ တအာင်းတပ် (TNLA) ရဲ့ ထိုးစစ်တွေ ဟန့်တားဖို့ဆိုပြီး စစ်တပ်က မိုင်းခွဲခဲ့ပါသေးတယ်။


စစ်ကောင်စီတပ်တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းမှာ TNLA သိမ်းထားတဲ့ နမ္မတူမြို့နဲ့ သီပေါမြို့ကို ဆက်သွယ်တဲ့ မိုးတေတံတားကို မိုင်းခွဲခဲ့တာပါ။

Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories