HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒီဓါတ်ပုံဟာ အာဂျင်တီးနားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ မတော်တဆမှု ဖြစ်စဉ်က ပုံမဟုတ်ပါ

အာဂျင်တီးနားနိုင်ငံက ရုပ်ရှင်ရုံတစ်ရုံမှာ မေ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အမိုးပြိုကျတဲ့ ဖြစ်စဉ်က ဓါတ်ပုံဆိုပြီး ဖြန့်ဝေနေတဲ့ ပုံဟာ တကယ်တော့ အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုဖြစ်စဉ်က ပုံပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 May 2025 5:56 PM IST

ဒီအကြောင်းအရာကို မေလ ၂၅ ရက်နေ့မှာ DHA NA - ဓန ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ အမိုးမျက်နှာကျက် ပြိုကျနေတဲ့ ရုပ်ရှင်ရုံထဲမှာ ကယ်ဆယ်ရေးသမားတစ်ဦး အပေါ်မော့်ကြည့်နေတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုပြီး 'Final Destination ပြနေစဉ် ရုပ်ရှင်ရုံ မျက်နှာကျက် ပြိုကျ' လို့ ရေးသားဖြန့်ဝေထားတာပါ။

နောက်ထပ် ဖြန့်ဝေမှုတွေမှာတော့ ဒီဓါတ်ပုံကိုပဲ အသုံးပြုပြီး 'Final Destination: Bloodlines ဇာတ်ကားပြနေတုန်း ရုပ်ရှင်ရုံ မျက်နှာကျက် ပြိုကျခဲ့ပါတယ်။ Argentina နိုင်ငံကရုပ်ရှင်ရုံမှာ May 19 ကဖြစ်ပျက်ခဲ့တာဖြစ်ပြီး အမျိုးသမီး တစ်​ယောက် ဒဏ်ရာရရှိခဲ့ပါတယ်လို့ သိရှိရပါတယ်။ ရုပ်ရှင်ရုံကို လုံခြုံ​ရေးစစ်​ဆေးမှုများပြုလုပ်ရန် ယာယီပိတ်ထားပြီပဲ လည်း ဖြစ်ပါတယ်' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အာဂျင်တီးနားနိုင်ငံ၊ La Plata က Cinema Ocho မှာ နာမည်ကျော် Final Destination ရုပ်ရှင်ရဲ့ နောက်ဆုံး ထွက်ထားတဲ့ Bloodlines ရုပ်ရှင် ပြသနေစဉ် မေလ ၁၉ ရက်က ရုပ်ရှင်ရုံမျက်နှာကျက် ပြိုကျတဲ့ ဖြစ်စဉ် အမှန်တကယ် ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အသက် ၂၉ နှစ်အရွယ် Fiamma Villaverde ဆိုတဲ့ အမျိုးသမီးတစ်ဦး ပုခုံးနဲ့ လက်မောင်းမှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်အကြောင်းကို The Economic Times သတင်းဌာနမှာ မေလ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါပေမယ့် အခုဖြန့်ဝေနေတဲ့ ပုံထဲက ဖြစ်စဉ်ဟာ အာဂျင်တီးနားမှာ Final Destination ရုပ်ရှင် ပြနေတုန်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က ပုံမဟုတ်ပါဘူး။

ဒီဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ Liberty ရုပ်ရှင်ရုံမှာ ဖေဖော်ဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ရုပ်ရှင်ရုံ မျက်နှာကျက် ပြိုကျမှု ဖြစ်စဉ်က ပုံဖြစ်ပါတယ်။

ဒီဓါတ်ပုံဟာ NBC သတင်းဌာနမှာ ဖေဖေါ်ဝါရီလ ၂၈ ရက်က ဖော်ပြခဲ့တဲ့ သတင်းထဲက ပုံဖြစ်ပါတယ်။


Marvel ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Captain America: Brave New World ပြသနေစဉ် ပြိုကျခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ ရရှိတာ မရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

NBC သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories