HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NLD ပါတီ ဖျက်သိမ်းခံရတော့မယ်ဆိုတဲ့ သတင်းအမှား

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူအပြီးမှာ NLD ပါတီကို ဖျက်သိမ်းခံရတော့မယ် ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေလည်း ဆက်တိုက်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Feb 2021 4:48 AM GMT

အဆိုပါ သတင်းအမှားကို ကြံခိုင်ရေးပါတီ ထောက်ခံသူတွေရှိတဲ့ USDP Supporters (Meikhtila) ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့ခင်း ၁ နာရီ ၃၄ မိနစ်မှာ Thiha Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ပြည်ခိုင်းဖြိုးပါတီထောက်ခံသူ Group ထဲမှာ အဖွဲ့ဝင် ၁၈၁၀၀၀ ကျော်ရှိပြီး NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ထားတဲ့ သတင်းအမှားများစွာ တင်လေ့ရှိပါတယ်။ အခု ရေးသားထားတဲ့ သတင်းအမှားထဲမှာ "NLD ပါတီသည် ဖျက်သိမ်းခံရတော့မှာ ဖြစ်ပြီး ၊ နောက်ထပ်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ မဟုတ်ကြောင်း သိရှိရ" လို့ ရေးသားထားပါတယ်။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၀၀ ကျော်ရှိပြီး ထပ်ဆင့်ဝေမျှထားသူ ၃၀ ကျော်ရှိပါတယ်။

မူရင်းရေးသားမှုကို ဒီမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူ Group ထဲမှာ တင်ထားတဲ့ NLD ပါတီကို အပြီးတိုင်ဖျက်သိမ်းတော့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ NLD ပါတီကို တိုက်ခိုက်ဖို့ ရေးတင်ထားတဲ့ ဝါဒဖြန့်သတင်းအမှားသာ ဖြစ်ပါတယ်။

NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၈၃% နှုန်းအနိုင်ရရှိထားပြီး လွှတ်တော်မခေါ်ခင်ည မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးပြီးနောက်ရက်မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတွေ NLD ဗဟိုကော်မတီဝင်တွေပါ ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလိုဖမ်းဆီးထားပြီးနောက်ပိုင်းမှာ ကြံခိုင်ရေးပါတီဝင်တွေက သတင်းအမှားတွေနဲ့ NLD ပါတီကို ဆက်တိုက်တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ အခုသတင်းအမှားတင်ခဲ့တဲ့သူရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

Related Stories