HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စတိဗ်ဂျောစ့် ဒါတွေမပြောခဲ့ပါ

Apple ကို ပူးတွဲတည်ထောင်သူ စတိဗ်ဂျောစ့်က သူမသေဆုံးမီမှာ စည်းစိမ်ဥစ္စာကို မရပ်မနား ရှာဖွေခဲ့ခြင်းက အဓိပ္ပါယ်မဲ့ ခဲ့တယ်လို့ အဓိပ္ပါယ်ရတဲ့ စကားတွေ မှာကြားပြောဆိုခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 16 Oct 2025 7:31 PM IST

ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းကတည်းက ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား လည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ‘အိုင်ဖုန်း'တီထွင်သူ Steve Jobs ဆုံးတော့ ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက် အမွေကျန်ခဲ့တယ်။ သူက 56 နှစ်မှာ ပန်ကရိယကင်ဆာနဲ့ ဆုံးခဲ့တယ်။ သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ်။ အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက ငါ့မှာရှိတဲ့ အောင်မြင်မှုတွေ ချမ်းသာ ကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ။ မင်းအတွက် car မောင်းပေးဖို့ car driver ငှား ပေးလို့ ရပေမယ့် ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး။ အရာဝတ္ထု ပစ္စည်းဥစ္စာတွေက ပျောက်သွား ရင် ပြန်ရှာလို့ ရနိုင်ပေမယ့် အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ ရှာမတွေ့တော့ဘူး။ ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် ဂရုစိုက်ပါ။ မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ။ $30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီ ပဲဖြစ်ဖြစ် အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ တူညီစွာ ပြသပေးမှာပါ။ $150,000 တန် ကားကိုပဲ မောင်းမောင်း $3000တန် ကားကိုပဲ မောင်းမောင်း တူညီတဲ့လမ်း၊ တူညီတဲ့ခရီးအကွာအဝေးနဲ့ သင်သွားချင်တဲ့နေရာကို

အတူတူပဲ ပို့ပေးမှာပါ။ $300 တန် wine ပဲ သောက်သောက် $10 တန် wine ပဲ သောက်သောက် မူးတာကတော့ အတူတူပဲ ဖြစ်နေမှာ။ $300 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် $30 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် အိတ်ထဲက ပိုက်ဆံ amount က ပြောင်းသွားမှာ မဟုတ်ဘူး။ 300 sqm ကျယ်တဲ့ အိမ်မှာပဲ နေနေ 3000 sqm လောက်ကျယ်တဲ့ အိမ်မှာပဲ နေနေ အထီးကျန်တဲ့ လူက အထီးကျန်နေမှာပဲ” ဆိုပြီး ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စတိဗ်ဂျောစ့် မသေဆုံးမီ ပြောဆိုခဲ့တဲ့ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ အဖြစ်အပျက် ဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ဘလော့တစ်ခုက စတင်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ လုပ်ကြံရေးသားခဲ့တာ ဖြစ်ပြီး မြန်မာဘာသာပြန်ပြီး ဖြန့်ဝေနေတာကတော့ ၂၀၂၁ ခုနှစ်မှာ အစောဆုံး ဖြန့်ဝေထားတာ တွေ့ရပါတယ်။


ဖြန့်ဝေမှုတွေကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

စတိဗ်ဂျောစ့်ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပေမယ့် သူနောက်ဆုံး ပြောခဲ့တဲ့စကားတွေ ဆိုတာကိုတော့ သူကွယ်လွန်ပြီး ၄ နှစ်လောက် ကြာပြီးမှ အွန်လိုင်းပေါ်မှာ ဖြန့်ဝေလာတာ တွေ့ရပါတယ်။

အမှန်တကယ် သူနောက်ဆုံး ပြောခဲ့တဲ့ စကားတွေဆိုရင် မီဒီယာတွေမှာ ဟိုးလေးတကြော် ဖော်ပြတာမျိုးဖြစ်နိုင်ပေမယ့် ဒီအကြောင်းအရာဟာ သမာသမတ်ကျပြီး ယုံကြည်စိတ်ချရတဲ့မီဒီယာတွေပေါ်မှာဖော်ပြခဲ့ဖူးခြင်းမျိုးမရှိခဲ့ပါဘူး။ စတိဗ်ဂျောစ့် ကွယ်လွန်ပြီးနောက်မှာ သူ့ရဲ့ ညီမ Mona Simpson က အကိုဖြစ်သူရဲ့ နောက်ဆုံးစကားတွေကို ရည်ရွယ်ရေးသားခဲ့တဲ့ 'A Sister’s Eulogy for Steve Jobs' ဆိုတဲ့ ဆောင်းပါးကို The New York Times မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၃၀ မှာ ဖော်ပြခဲ့ပါတယ်။

Simpson ရဲ့ ဆောင်းပါးထဲမှာ အခု အွန်လိုင်းပေါ်မှာ ဖြန့်ဝေနေသလို စတိဗ်ဂျောစ့် ပြောဆိုတယ်ဆိုတဲ့ အကြောင်းအရာတွေ မပါဝင်ပါဘူး။


သူမရဲ့ ဆောင်းပါးနောက်ဆုံးမှာ ရေးသားထားတာက စတိဗ်ဂျောစ့် သေဆုံးခါနီးမှာ စကားလုံးတစ်လုံးထဲကို သုံးခါ ထပ်တလဲလဲ ပြောဆိုခဲ့ကြောင်း၊ သူမသေဆုံးမီ သူ့ညီမ Patty ကိုကြည့်ကြောင်း၊ နောက် သူ့ရဲ့ ကလေးတွေကို အချိန်ကြာ စိုက်ကြည့်နေခဲ့ကြောင်း၊ နောက် သူ့ရဲ့ ဘဝလက်တွဲဖော် Laurene ကို ကြည့်ပြီး နောက်ဆုံး စကားအဖြစ်နဲ့ OH WOW၊ OH WOW OH WOW လို့ ပြောဆိုသွားတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

စတိဗ်ဂျောစ့်ရဲ့ ညီမ Mona Simpson ရေးသားထားတဲ့ ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

အခုဖြန့်ဝေနေတဲ့ စတိဗ်ဂျောစ့်ရဲ့ နောက်ဆုံးစကားတွေ ဆိုတဲ့ အကြောင်းအရာကို သူ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ နှုတ်ရော၊ စာနဲ့ရော တခါမှ မှတ်ချက် မပေးခဲ့ဘူးလို့ စတိဗ်ဂျောစ့်ရဲ့ အတ္ထုပ္ပတ္တိကို ရေးသားသူ ဝေါ်လ်တာ အိုင်ဆက်ဆန် (Walter Isaacson) က ပြောဆိုထားပါတယ်။

ဒါပေမယ့် စတိဗ်ဂျောစ့်အနေနဲ့ ကွယ်လွန်ခါနီးမှာ သူ့ရဲ့ သားသမီးတွေ ပြုစုပျိုးထောင်ခဲ့ပုံနဲ့ ပတ်သက်ပြီးတော့ နောင်တရခဲ့တယ် ဆိုတဲ့အကြောင်း ထုတ်ပြောခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ဒီအကြောင်းကို Independent သတင်းမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၈ ရက်က 'Steve Jobs' final wish: to get to know his children before it was too late' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။

ဆောင်းပါးထဲမှာ စတိဗ်ဂျောစ့်ရဲ့ အတ္ထုပ္ပတ္တိကို ရေးသားသူ ဝေါ်လ်တာ အိုင်ဆက်ဆန်ကို စတိဗ်ဂျောစ့် ပြောဆိုခဲ့တယ်ဆိုတဲ့ ပြောစကားတွေကို ပြန်လည် ရေးသားဖော်ပြထားပါတယ်။"ကျွန်တော့်ကလေးတွေ ကျွန်တော့်ကို သိစေချင်တယ်။ ကျွန်တော်က သူတို့အတွက် အမြဲတမ်း အနားမှာ မရှိခဲ့ဘူး၊ ဘာကြောင့်လဲဆိုတာကို သူတို့သိစေချင်တယ်၊ ကျွန်တော် လုပ်ခဲ့တာတွေကို နားလည်စေချင်တယ်။"

အိုင်ဆက်ဆန်က "သူဟာ တကယ့်ကို လူသားဆန်ပါတယ်။ လူအများစု သိထားတာထက် အစစ်အမှန် ပုဂ္ဂိုလ်တစ်ဦး ပိုဖြစ်ပါတယ်။ အဲဒါက သူ့ကို ဒီလောက်ထိ ကြီးမြတ်စေတာပါ" လို့လည်း ပြောဆိုထားပါတယ်။

"စတိဗ်ဟာ ရွေးချယ်မှုတွေ လုပ်ခဲ့တယ်။ သူ့မှာ ကလေးတွေ ရှိတာ ဝမ်းသာလားလို့ ကျွန်တော် မေးတော့၊ 'ကျွန်တော် လုပ်ခဲ့တဲ့ အရာအားလုံးထက် အဆ ၁၀,၀၀၀ ပိုကောင်းပါတယ်' လို့ သူက ပြောခဲ့တယ်။" ဆိုပြီးလည်း ထပ်ပြောပါတယ်။

Independent သတင်းမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories