HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်သက်သက်ခိုင် ရှင်းလင်းခံရတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီခန့်အပ်ထားတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် ရှင်းလင်းသုတ်သင်ခံရတယ်လို့ ခေတ်သစ်မီဒီယာ အတည်ပြုဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Jan 2023 5:59 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဇန်နဝါရီ ၁၀ ရက်နေ့ကတည်းက ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်ခန့်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'ခေတ်သစ်အတည်ပြုပြီ' လို့ ရေးသားကာ ဗွီဒီယိုဖိုင်ကာဗာပေါ်မှာ 'စည်းရုံးရေးဆင်းနေသည့် ဒေါ်သက်သက်ခိုင် ရန်ကုန်တိုင်း မှော်ဘီမှာ ရှင်းလင်းခံရ' လို့ ရေးသားဖြန့်ဝေထားတာပါ။ အချို့ ဖြန့်ဝေမှုတွေမှာတော့ 'ဒေါ်သက်သက်ခိုင် သေပြီတဲ့ဗျာ' လို့ ရေးသားဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဒေါ်သက်သက်ခိုင် ရှင်းလင်းခံရတယ်ဆိုတဲ့ သတင်းကို ခေတ်သစ်မီဒီယာမှာ ဖော်ပြခဲ့ခြင်း မရှိသလို အခြားပြည်တွင်း ပြည်ပသတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ 'စည်းရုံးရေးဆင်းနေသည့် ဒေါ်သက်သက်ခိုင် ရန်ကုန်တိုင်း မှော်ဘီမှာ ရှင်းလင်းခံရ' ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပဲ DVB သတင်းဌာနမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ဖော်ပြထားတဲ့ 'ဆေးလောကသားတွေ အွန်လိုင်းတွေ့ဆုံပွဲကို ဒေါ်သက်သက်ခိုင် ခိုးတက်လို့ ထုတ်ပယ်ခံရ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နဲ့ NUG အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံတဲ့ “မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏ အခန်းကဏ္ဍ” ဆိုတဲ့ အွန်လိုင်းတွေ့ဆုံပွဲကို စစ်ကောင်စီခန့် ဝန်ကြီး ဒေါ်သက်သက်ခိုင် ခိုးဝင်ပြီး တက်ရောက်တဲ့အတွက် ပွဲစီစဉ်သူက ထုတ်ပယ်ခဲ့ရတဲ့ အကြောင်းအရာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ဆေးလောကသားတွေတင် မဟုတ်ဘဲ စိတ်ပါဝင်စားတဲ့ မည်သူမဆို တက်ရောက်နိုင်တယ်လို့ ဖိတ်ခေါ်ထားတာ ဖြစ်ပေမယ့် အာဏာသိမ်း စစ်ကောင်စီခန့်အပ်ထားတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် နဲ့ ခိုးဝင်လာတဲ့အတွက် တက်ရောက်သူတွေက ဆဲဆိုခဲ့ကြတဲ့အပေါ် ပွဲစီစဉ်သူတွေက လက်မခံဘဲ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories