ဒီအကြောင်းအရာကို Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ်ဲ့မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အေအေ ပေါက်ကွဲနေပြီ။ တရုတ်ကုမ္မဏီ(၃)ခု ဒရုန်းဗုံးကြဲ မီးလောင်။ ကျောက်ဖြူဆိပ်ကမ်းရှိ တရုတ် ကုမ္ပဏီ(၃)ဦး ဒရုန်းဗုံးကြဲချ၊ ကုမ္ပဏီ တစ်ခုလုံးမီးလောင်ပြာကျ။ လုံခြုံရေးတပ် (၂၃) ဦး သေဆုံး' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အာရက္ခတပ်တော် AA က ကျောက်ဖြူဆိပ်ကမ်းရှိ တရုတ်ကုမ္ပဏီတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲဟာ ၂၀၂၂ ခနှစ် ဧပြီလအတွင်းက ရခိုင်အခြေစိုက် နိရဉ္စရာ သတင်းဌာနမှာ စက်တင်ဘာလ အတွင်းက ဖော်ပြထားတဲ့ 'ကျောက်ဖြူတွင် AA နှင့် အကြမ်းဖက်စစ်တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွား' ဆိုတဲ့ သတင်းဟောင်း တစ်ပုဒ်ကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ ကျောက်ဖြူမှာ ကင်းလှည့်နေတဲ့ အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့ အကြောင်း ရေးသားထားတာပါ။
အခုဖြန့်ဝေနေတဲ့ အာရက္ခတပ်တော် AA က ကျောက်ဖြူဆိပ်ကမ်းရှိ တရုတ်ကုမ္ပဏီတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တယ် ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ AA info Desk တို့မှာ ထုတ်ပြန်ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
နိရဉ္စရာ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းဟောင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



