HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်သက်သက်ခိုင် ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ပစ်ခတ်သတ်ဖြတ်လိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေပေါ်ထွက်လာခဲ့ပါတယ်။

By - Boom Live Myanmar | 14 May 2025 8:50 AM IST

ဒီအကြောင်းအရာကို Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အမေစုနဲ့ ပြည်သူတွေကို စော်ကားတဲ့ ဝန်ကြီးသက်သက်ခိုင် ပစ်သတ်ခံရပြီ။ စိတ်ခိုင်မှ ကြည့်ပါ။ အလောင်းထုတ်ရုပ်သံ ပါ' လို့ ရေးသားထား တာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

တင်းဆန်းစစ်ချက်

ဒေါ်သက်သက်ခိုင် ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ဧရာဝတီသတင်းဌာနမှာ မေလ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်တပ်မှလွဲ၍ လက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ရန် ဒေါ်သက်သက်ခိုင် ပြော' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ ထာဝရငြိမ်းချမ်းရေးရဖို့ စစ်တပ်ကလွဲပြီး လက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်စွန့်ကြဖို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပါတီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုကြောင်း၊

နိုင်ငံရေးဖြစ်စဉ် မတည်ငြိမ်အောင် လုပ်ဆောင်တဲ့ သူတွေမှာ ပြည်သူလူထု၊ ပြည်တွင်းရှိ နိုင်ငံရေးသမားများ၊ စစ်တပ်နှင့် နိုင်ငံတကာစွက်ဖက်မှုများလည်းပါဝင်နေကြောင်းနဲ့ ပြည်သူများ အမြင်ကျယ်ရန်လိုကြောင်း ပြောဆိုခဲ့တယ်လို့ ရေးသားထားတာပါ။

ဒီသတင်းထဲမှာ ဒေါ်သက်သက်ခိုင် ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories