HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်မှာ တိုက်လေယာဉ်တစ်စီး ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော်မှာ စစ်ကောင်စီ အရာရှိ ၃ ဦးပါဝင်တဲ့ စစ်တိုက်လေယာဉ်တစ်စီး ပစ်ချခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 Sep 2022 8:52 AM GMT

ဒီသတင်းကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ သတင်းစုံ MM ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ 'နေပြည်တော်တွင် စစ်တိုက်လေယာဉ်တစ်စီး ပစ်ချခံရ။ အရာရှိ ၃ ဦးပါဝင်။ ဘယ်သူဘယ်ဝါ လက်ချက်မသိရသေး' လို့ ရေးသားကာ အချိန် ၁၆ မိနစ် နီးပါးရှိ ဗွီဒီယိုဖိုင် တစ်ခုနဲ့အတူ ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတဲ့ 'နေပြည်တော်တွင် စစ်တိုက်လေယာဉ်တစ်စီး ပစ်ချခံရ' ဆိုတဲ့ ဗွီဒီယိုထဲမှာ စစ်ကောင်စီလေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာအစား ပါဝင်ခြင်းမရှိပါဘူး။ ဗွီဒီယိုထဲမှာ အမျိုးသားတစ်ဦးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ရှိအခြေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ အခြေအနေတွေအပေါ် သူ့ရဲ့ အမြင်တွေကို နောက်ခံစကားပြောနဲ့ ပြောနေတာသာ ဖြစ်ပါတယ်။

ဒီဗွီဒီယိုဖိုင်ထဲမှာ စစ်ကောင်စီလေယာဉ် နေပြည်တော်မှာ ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်း မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားခြင်း မရှိပါဘူး။

ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

စစ်ကောင်စီရဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတွေဟာ လူစိတ်ဝင်စားမှု များတဲ့အတွက် သတင်းမှားတွေဖြန့်ပြီး Clickbait နဲ့ ဝင်ငွေရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ မကြာခန လုပ်ကြံဖြန့်ဝေလေ့ရှိပါတယ်။

ဒီလိုဖြန့်ဝေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် စစ်ကောင်စီလေယာဉ် တပြိုင်နက်ပစ်ချခံရပြီး လေယာဉ်မှူး အပိုင်းအစတွေ ပြန်ကောက်ရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ခဲ့ပါသေးတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories