BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီလေယာဉ် ပစ်ချခံရတယ်ဆိုတဲ့...
သတင်းအတု

စစ်ကောင်စီလေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီလေယာဉ် တပြိုင်နက်ပစ်ချခံရပြီး လေယာဉ်မှူး အပိုင်းအစတွေ ပြန်ကောက်ရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 Sept 2022 1:37 PM IST
  • စစ်ကောင်စီလေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MM New ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကူးယူဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'တပြိုင်နက် ပစ်ချခံရ၊ လေယာဉ်မှူး အပိုင်းအစများ ပြန်ကောက်ရ' လို့ ရေးသားကာ အချိန် ၉ မိနစ် ကျော်ကြာတဲ့ ဗွီဒီယိုဖိုင် တစ်ခုနဲ့အတူ ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    စစ်ကောင်စီရဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတွေဟာ လူစိတ်ဝင်စားမှု များတဲ့အတွက် သတင်းမှားတွေဖြန့်ပြီး Clickbait နဲ့ ဝင်ငွေရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ မကြာခန လုပ်ကြံဖြန့်ဝေလေ့ရှိပါတယ်။ ဒီလိုဖြန့်ဝေရာမှာ

    Namcheav Pakonkeang ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း စက်တင်ဘာလ ၁၅ ရက်နေ့မှာ 'မအလ ဌက် ၁ကောင် ပစ်ချခံရ' လို့ ရေးသားကာ သတင်းမှားတွေ ဖြန့်ခဲ့ပါသေးတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတဲ့ 'တပြိုင်နက် ပစ်ချခံရ၊ လေယာဉ်မှူး အပိုင်းအစများ ပြန်ကောက်ရ' ဆိုတဲ့ ဗွီဒီယိုထဲမှာ စစ်ကောင်စီလေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာအစား စက်တင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ Mi 35 နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အကြောင်းအရာကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဒီဗွီဒီယိုဖိုင်တွေထဲမှာ စစ်ကောင်စီလေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်း မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားခြင်း မရှိပါဘူး။

    ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

    Tags

    FakenewsMilitary jetMilitary Coupလေယာဉ်ပစ်ချခံရjet fighter shot downmilitary councilClickbait
    Read Full Article
    Claim :   စစ်ကောင်စီလေယာဉ် တပြိုင်နက်ပစ်ချခံရပြီး လေယာဉ်မှူး အပိုင်းအစတွေ ပြန်ကောက်ရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!