HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကချင်လွတ်မြောက်ရေးတပ်မတော်က Gen Z တွေကို သတ်ဖြတ်တယ် ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်က Gen Z တွေကို သတ်ဖြတ်ပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်ထားတယ် ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 9 Sep 2021 2:44 PM GMT

အဆိုပါ သတင်းအမှားကို M Mytel ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားထဲမှာ "Kiaကာကင်းကုန်းတိုင်းမှာ GZတွေကို သတ်ဖြတ်စွန့်ပစ်ထားတဲ့ အလောင်းတွေလည်းတွေ့တယ် အမျိုးသမီးတွေ...အဝတ်မဲ့.အသက်မဲ့...အလောင်း တွေမြင်မကောင်း..ကာကင်းခုနှစ်ခုစလုံး... 250နီးပါး.မုဒိမ်းကျင့်သတ်ဖြတ်ထားကျတာ ယင်တွေအုံနေပြီ.အပုတ်နံတွေလည်းတစ်ထောင်း ထောင်း....စခန်းသိမ်းပြီးညကချောက်ကမ်းပါးထဲက ငိုယိုအော်ဟစ်နေကျတဲ့...အသံတွေ ကယ်ကျပါ ကယ်ကျပါဆိုတဲ့အသံတွေတပ်မတော်သား တွေ.ကြားရတော့အမျှဝေပေးမှ.အသံတွေတိတ်သွား သတဲ့.ဘယ်ကျွတ်မလည်းဗျာ...အားကိုးတကြီးနဲ့သွားတာ.ဟိုရောက်တော့ရက်ရက်စက်စက်မုဒိမ်းကျင့်အသတ် ခ့ရတာတွေ..ခေါင်းဖြတ်အသတ်ခံရတာတွေကြောင့်ပေါ့ အချို့တပ်မတော်သားတွေအမျှဝေရင်းငိုကျသတဲ့ရင် ထဲဘယ်ကောင်းမှညလည်းဗျာညီငယ်ညီမငယ် အရွယ်တွေ....အသတ်ခံထားရတာတွေ့တော့" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ ကိုကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၃၀၀ ကျော်ရှိကာ ကူးယူဖော်ပြထားသူလည်း များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်က Gen Z တွေကို သတ်ဖြတ်ပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အဆိုပါ သတင်းဟာ ဝါဒဖြန့်ထားတဲ့ သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။

KIA နဲ့ ပက်သက်ပြီး ဒီလို သတင်းအမှားမဖြန့်ခင် လွန်ခဲ့တဲ့ ဩဂုတ်လကလည်း အခုလို ရေးသားမှုမျိုးနဲ့ KNU တပ်မဟာ တွေကို တိုက်ခိုက်ခဲ့ သတင်းအမှားဖြန့်ခဲ့ကြပါတယ်။ KNU တပ်မဟာတွေအကြောင်း ဖြန့်ထားတဲ့ သတင်းအမှားတွေထဲမှာလည်း အခုရေးသားမှုအတိုင်းပဲ Gen Z တွေကို သတ်ဖြတ်ထားကြောင်း၊ အမျိုးသမီးတွေကို မုဒိန်းကျင့် သတ်ဖြတ်ထားကြောင်းရေးသားကာ သတင်းအမှား ဖြန့်ခဲ့ကြပြီး အခု တစ်ကြိမ်မှာတော့ အဆိုပါ ရေးသားမှုအတိုင်း KIA ကို ထပ်မံတိုက်ခိုက်လာတာကို တွေ့ရပါတယ်။

ယခင် KNU အကြောင်း ဖြန့်ဝေထားတဲ့ သတင်းအမှားအကြောင်းကို အောက်ပါ Link မှာဖတ်ပါ။

KNU တပ်မဟာ ၆ အကြောင်း ဖြန့်ဝေထားတဲ့ သတင်းအမှား

အဆိုပါ သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတွေ ဖြစ်တာကိုတွေ့ရပြီး စစ်တပ်ထောက်ခံတဲ့ အရေးအသားတွေကို ရေးကာ ဝါဒဖြန့်နေတာကို တွေ့ရပါတယ်။

Related Stories