HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော် စစ်ဆေးရုံကို AA ဒရုန်းဗုံးကြဲ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီရဲ့ နေပြည်တော်ရှိ စစ်ဆေးရုံကို အာရက္ခတပ်တော် AA က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃၀၀ ကျော် သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 16 Feb 2026 7:19 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Thadin ဆိုတဲ့ Youtube ချန်နယ်မှာ ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော် စစ်ဆေးရုံ အေအေ ဒရုန်းဗုံးကြဲ၊လူပေါင်း(၃၀၀) သေဆုံး' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

နေပြည်တော် စစ်ဆေးရုံကို AA ဒရုန်းဗုံးကြဲ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဗီဒီယိုထဲမှာ နောက်ခံစကားပြောနဲ့ ပြောဆိုထားတဲ့ အကြောင်းအရာ အချက်အလက်တွေဟာ ဝင်ရောက်ကြည့်ရှု့သူနဲ့ ဖော်လိုဝါ ဦးရေတိုးအောင် လုပ်ကြံပြောဆိုနေတာပဲ ဖြစ်ပါတယ်။

နေပြည်တော် စစ်ဆေးရုံကို AA ဒရုန်းဗုံးကြဲ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို အာရက္ခတပ်တော် AA၊ စစ်တပ် အသိုင်းအဝိုင်းနဲ့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories