HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့တယ်ဆိုတဲ့ သတင်းအတု

ရွေးကောင်ပွဲ နီးကပ်လာတာနဲ့အမျှ ဆိုရှယ်မီဒီယာပေါ်မှာ နိုင်ငံရေးအမြတ်ထုတ်တဲ့ သတင်းအမှားတွေ၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်တဲ့ သတင်းအမှားတွေ မကြာခဏ တွေ့ရလေ့ရှိပါတယ်။

By - Boom Live Myanmar | 4 July 2020 7:08 AM GMT

ဒီရက်ပိုင်း အတွင်းမှာ ဆလိုင်းမော့ဆက် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တု တစ်ခုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ဖြန့်ဝေထားပါတယ်။ မေလ ၁၉ ရက်နေ့ မနက် ၈ နာရီ ၄၉ မိနစ်မှာ အဆိုပါ ဖေ့စ်ဘွတ်အကောင့်ဟာ "ဒေါ်အောင်ဆန်းစုကြည် လျှို့ဝှက်စွာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့" လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းအမှားတစ်ပုဒ် တင်ထားပါတယ်။ အဲ့ဒီ သတင်းရဲ့အတွင်းပိုင်းမှာတော့ "နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာ လျှိုးဝှက်စွာ

အစ္စလာမ်ဘာသာသို့ ကူပြောင်းသွားခဲ့တာ ကြားပြီ ဖြစ်တယ်လို့ ယခင် ထောက်လှန်းရေမှူ းဟောင်း၏ တူတော်မောင် …. က ပြန်လည်ပြောပြခဲ့ပါတယ်။ ဒီလို့ကူပြောင်းတာ ဗလီမှာမဟုတ် သလို မော်လဝီဆရာတွေရဲ့ ရှေ့မှာ ကူးပြောင်းခဲ့တာ မဟုတ်ပါဘူး။ ၂၀၀၉ခုနှစ် မေလ ၄ရက် ဗဟန်မြို့နယ် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄/၅၆ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ခရစ်ယာန်ဘာသာဝင် ဗီယက်နမ် စစ်ပြန်ဟောင်း အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရှေ့၌ ဘူခါခြုံလျက် ကျမ်းမြတ်ကုရ်အာန် ကိုင်ကာ သစ္စာဆိုပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့တယ်လို့ ဆိုပါတယ်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဒီသတင်းအမှားထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊မိသားစုအကြောင်း မဟုတ်မမှန်ပုံဖျက်မှုတွေ၊ ဘာသာရေးအရ ပုံဖျက်ပြီး ရေးသားထားခြင်းတွေပါဝင်နေပါတယ်။ ဒီသတင်းရဲ့ အောက်ဆုံးနားမှာတော့ ရေးသားသူ နာမည်မှာ "ဂျောရှ်ဒဗလျူဝီရမော့ဆက်" လို့ ရေးသားထားပါတယ်။

အဆိုပါ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ လူမျိုးရေးဘာသာရေး ထိလွယ်ရှလွယ်ဖြစ်တဲ့ အမုန်းတရားတွေ၊ သတင်းအမှားတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ အဆိုပါ သတင်းအမှားရဲ့ အောက်ဆုံးမှာ ရေးသားထားတဲ့ ဝီရမော့ဆက် ဆိုတဲ့ နာမည်ဟာ လူမျိုးရေးအမုန်းတရားတွေ ဖြန့်ချီလို့

ဖေ့စ်ဘွတ်ပေါ်က အကောင့်တွေ ဖယ်ရှားခံထားရတဲ့ နာမည်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝီရမော့ဆက် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဆလိုင်းမော့ဆက် ဆိုတဲ့နာမည်နဲ့ ပြန်ပေါ်လာပြီး လူမျိုးရေး ဘာသာရေး အမုန်းတရားတွေ ပြန်လည်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းဆန်းစစ်ချက်

ဆလိုင်းမော့ဆက်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အစ္စလာမ်ဘာသာသို့ လျှို့ဝှက်စွာ ကူးပြောင်းခဲ့တယ်ဆိုတဲ့ သတင်းကို ဆန်းစစ်ကြည့်တဲ့အခါ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဘာသာရေးကို အသုံးချပြီး သတင်းအမှား ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

ဒီလို သတင်းဖြန့်ဝေမှုအပေါ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က အခုလို မှတ်ချက်ပေးပါတယ်။

"ရွေးကောက်ပွဲနီးလာရင် ဝါဒဖြန့်ပြီး သတင်းအမှားဖြန့်တာတွေက များလာမှာပဲ။ ဟိုးအရင်ထဲက အန်တီက နိုင်ငံခြားသားကို ယူထားတယ်ဆိုတဲ့ ဟာမျိုးနဲ့ တောက်လျှောက်တိုက်ခိုက်ခဲ့တာပဲ။ အခုလည်း ဒါလုပ်ကြံဖန်တီးပြီးတော့ သက်သက်လုပ်တာပဲ။ ဒါတွေကတော့ ရွေးကောက်ပွဲနီးလာရင် တွေ့နေကြပဲ" 

Related Stories