HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဓါတ်ပုံဟောင်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကိုပုံဖျက်တဲ့ သတင်းအမှား

တော်လှန်ရေးအဖွဲ့တွေက ကလေးငယ်တွေကို လူသစ်စုဆောင်းပြီး တိုက်ပွဲထဲ အသုံးချနေတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 5 Jan 2024 2:39 PM GMT

အဆိုပါ သတင်းအတုကို ဒီဇင်ဘာလ ၂၉ ရက်နေ့က တယ်လီဂရမ်ချန်နယ်တွေ၊ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ် ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ တောင်ပေါ်ဒေသ တစ်ခုရဲ့ ခြံဝန်းထဲမှာ စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ကလေးငယ်တွေ၊ လူလတ်ပိုင်းတွေ၊ အမျိုးသမီးငယ်လေး တစ်ချို့ စုရုံး ထိုင်နေကြတဲ့ ဓါတ်ပုံတွေကို သုံးထားပြီး “ကလေးငယ်မျာကိုပါ လူသစ်စုဆောင်း၊ တိုက်ပွဲအတွင်း အသုံးချမှုများ လုပ်လာတဲ့ စစ်သွေးကြွ အကြမ်းဖက်သူပုန်များရဲ့ လုပ်ရပ်သက်သေ” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြမှုတွေလည်းရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

တော်လှန်ရေး အဖွဲ့တွေက ကလေးငယ်တွေကို လူသစ်စုဆောင်းပြီး တိုက်ပွဲထဲ အသုံးချနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေဘက်က လုပ်ကြံရေးသားဖြန့်ဝေထားတဲ့ ဝါဒဖြန့် သတင်းအတု တစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖြစ်စဉ်တစ်ခုဖြစ်ပြီး သတင်းအမှားဖြန့်သူတွေ သုံးထားတဲ့ ဓါတ်ပုံတွေဟာ TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို တိုက်ခိုက်ပြီး တအောင်းလူမျိုး ၁၂၇ ယောက်ကို ကယ်ထုတ်ခဲ့တဲ့ဖြစ်စဉ်က ဓါတ်ပုံတွေဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA က ရှမ်းပြည်မြောက်ပိုင်း၊ သန္နီမြို့နယ်၊ ဂျာယန်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူ့စစ်စခန်းကို အင်အား ၅၀၀ ခန့် အသုံးပြုပြီး ဝင်ရောက်တိုက်ခဲ့ကာ အဓ္ဓမ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းစေခံထားရတဲ့ တအောင်းလူမျိုး ၁၂၇ ဦးကို ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်တွေက စစ်သားစုဆောင်းဖို့ တအောင်းလူမျိုး အမျိုးသား ၁၁၂ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက်ကို အဓ္ဓမ လူသစ်စုဆောင်းထားတာ ဖြစ်ပါတယ်။ ဒီ ၁၂၇ ယောက်ထဲမှာ အသက်မပြည့်သေးတဲ့အရွယ်ဖြစ်တဲ့ အသက် ၈ နှစ်ကနေ ၁၇ နှစ်ကြား ကလေးငယ် အယောက် ၂၀ ပါဝင်ခဲ့ပါတယ်။ အဆိုပါ စစ်စခန်းကို TNLA က စီးနင်းနေချိန်မှာ စစ်တပ်ဘက်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲကာ ပြည်သူ့စစ်တွေကို စစ်ကူပေးခဲ့ပေမယ့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်က အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

TNLA က ဂျာယန် ပြည်သူ့စစ်စခန်းကို တိုက်ခိုက်ပြီး တအောင်းလူမျိုးတွေကို ကယ်တင်ခဲ့တဲ့ ဖြစ်စဉ်ကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။


သတင်းအမှားဖြန့်သူတွေဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ၎င်းဖြစ်စဉ်က ဓါတ်ပုံတွေအသုံးပြုပြီး တော်လှန်ရေး အင်အားစုတွေက ကလေးစစ်သားတွေ စုဆောင်းပြီးတိုက်ပွဲမှာ အသုံးချနေတယ်လို့ ဖြန့်ထားတာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories