HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

WFP က ဆန်တွေအိမ်အရောက်ပို့ပေးတယ်ဆိုတဲ့ သတင်းအတု

ဆန်အခက်အခဲရှိသူတွေအနေနဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သို့ ဖုန်းဆက် အကူအညီတောင်းပါက အိမ်တိုင်ရာရောက် အခမဲ့ပို့ပေးမယ်ဆိုသတင်းအမှားတွေလူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 16 Aug 2021 11:26 AM GMT

ဒီလိုဖြန့်ဝေမှုတွေကို ဇွန်လ ၈ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး WFP က လှိုင်သာယာမြို့နယ်အတွင်း ထိခိုက်လွယ်သူ လူဦးရေပေါင်း ၃၃၄,၀၀၀ ကို စားနပ်ရိက္ခာထောက်ပံ့ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ တွဲကာ "ဆန်အခက်အခဲရှိသူများ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) Hotline +95 9 883005667 ထံဖုန်းဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်းနဲ့ အိမ်တိုင်ရာရောက် အခမဲ့ပို့ပေးမှာဖြစ်ကြောင်း" ဖြည့်စွက်ကာ ဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာနဲ့ ပါတ်သတ်ပြီး WFP ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက WFP အနေနဲ့ ဒီလိုဖုန်းဆက်အကူအညီ တောင်းခံပြီး ရရှိနိုင်တဲ့ ထောက်ပံ့မှုမျိုးလုပ်လေ့မရှိကြောင်း၊ ဆက်သွယ်လာသူတွေကိုလည်း အထိုက်အလျောက် ပြန်လည်ဖြေရှင်းနေကြောင်း ပြန်လည်ဖြေကြားထားပါတယ်။

United Nations Myanmar ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားတဲ့ မူရင်းပိုစ့်မှာလည်း ဖုန်းဆက် အကူအညီတောင်းပါကအိမ်တိုင်ရာရောက် အခမဲ့ပို့ပေးမယ်ဆိုတဲ့အချက်ထည့်သွင်းရေးသားထားခြင်း မရှိတာကိုတွေ့ရပါတယ်။ အောက်ပါပုံမှာ ကြည့်ရှု့နိုင်ပါတယ်။


United Nations Myanmar ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၂၁ ရက်နေ့က ဖော်ပြထားတဲ့ မူရင်းပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

အထက်ပါထုတ်ပြန်ချက်မှာ  ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိခိုက်လွယ်သူ လူဦးရေပေါင်း ၃၃၄,၀၀၀ အတွက် စားနပ်ရိက္ခာအထောက်အပံ့တွေ ဖြန့်ဝေခဲ့ကြောင်း၊ မကြာမီ ရန်ကုန်တိုင်း‌‌ဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ကိုလည်း အလားတူအထောက်အပံ့တွေ ပေးအပ်သွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။

Related Stories