HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

AA နဲ့ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ချ် အပိုင်အဖြစ်ထည့်သွင်း ထားတယ်ဆိုတဲ့ သတင်းအတု

ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးအရ တင်းမာလာပြီး ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာတဲ့ အချိန် AA ကို ဘင်္ဂလားဒေ့ချ်စစ်တပ်ထဲမှာ ထည့်သွင်းကာ ရခိုင်ကိုလည်း ဘင်္ဂလားဒေ့ချ်အပိုင်အဖြစ်ဖော်ပြခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 Sep 2022 2:43 AM GMT

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြတာဖြစ်ပြီး သတင်းအမှားထဲမှာ "Arakan Army(AA) အဖွဲ့ကို ဘင်္ဂလားဒေ့ရ်ှ စစ်တပ်တွင် ထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း Bangladesh Military Affairs Page တွင် ဖော်ပြထား" လို့ ရေးသားထားပါတယ်။ သတင်းအမှားထဲမှာတော့ အမေရိကန်အမတ်တစ်ဦးက ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ချ်ကို လွှဲပြောင်းပေးဖို့ အဆိုပြုခဲ့ကြောင်း၊ AA အဖွဲ့ကို ဘင်္ဂလားဒေ့ချ်စစ်တပ်ထဲကို ထည့်သွင်းဖို့ ညှိနှိုင်းနေကြောင်း၊ ဘင်္ဂလားဒေ့ချ်နဲ့ စစ်ဖြစ်လျှင် တူရကီကလည်း ဘင်္ဂလားဒေ့ချ်ဘက်က ဝင်ကူတိုက်ပေးမှာဖြစ်ကြောင်း၊ စစ်ကောင်စီတပ်တွေနဲ့ ARSA တိုက်တုန်းကလည်း ဘင်္ဂလားဒေ့ချ်က ဝင်ကူတိုက်ပေးခဲ့ကြောင်း၊ လက်ရှိမှာ အေအေနဲ့ အာဆာပူးပေါင်း တိုက်နေကြကြောင်း၊ တူရကီက AA ကို ရိက္ခာထောက်ပံ့ပေးနေကြောင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

AA ကို ဘင်္ဂလားဒေ့ချ်စစ်တပ်ထဲ ထည့်သွင်းပြီး ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ချ်အပိုင်အဖြစ် ဖော်ပြထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းဖြစ်တာကို တွေ့ရပါတယ်။

သတင်းအမှားဖြန့်သူတွေ အသုံးပြုထားတဲ့ ဓါတ်ပုံဟာ လူမှုကွန်ယက်ပေါ်ပျံ့နှံ့ခဲ့တာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး မူရင်းတင်ထားတဲ့ Bangladesh Military Affairs ဆိုတဲ့ပေ့ချ်ကို Facebook က ဖြုတ်ချထားခဲ့တာ ကြာပြီဖြစ်ပါတယ်။ အဆိုပေ့ချ်နာမည် Page အတုတွေ တွေ့ရသလို Screen shot ကိုယူပြီး သတင်းအမှားဖြန့်နေတာတွေလည်း တွေ့ရပါတယ်။

ဒီရက်ပိုင်းအတွင်း AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားရာကနေ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နတ်ကြီးတွေ ဘင်္ဂလားဒေ့ချ်နိုင်ငံထဲ ကျရောက်ပြီးတဲ့နောက် စစ်ကောင်စီခန့်အပ်ထားတဲ့ မြန်မာသံအမတ် ခေါ်ယူသတိပေး ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း AA ဟာ ဘင်္ဂလားဒေ့ချ်နိုင်ငံထဲမှာ ၎င်းတို့ စစ်စခန်း အခြေချထားတာဖြစ်တယ်ဆိုတဲ့ သတင်းအမှားတွေ၊ AA နဲ့ အာဆာ ပူးပေါင်းပြီး မိုင်တိုင် ၄၀ စခန်းကို တိုက်ခဲ့တာဆိုတဲ့ သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။

AA နဲ့ ပတ်သက်ပြီး ဒီရက်ပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတွေကို အောက်ပါ Link မှာ ဖတ်ပါ။

မိုင်တိုင် ၄၀ စခန်းကို AA နဲ့ ARSA ပူးပေါင်း တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအတု

ဒါ့အပြင် သတင်းအမှားတွေနဲ့ ပတ်သက်ပြီး AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ''ခုချိန်မှာ စစ်ကောင်စီကရန်သူဆိုတာပါ။မီဒီယာကိုအားပြုပြီးတော့ သတင်းအမှားတွေ၊ သတင်းတုတွေကို ထောက်လျှောက်လုပ်နေတာ တွေရှိပါတယ်။ အဲ့ဒီအတွက်ကြောင့် မြန်မာတစ်နိုင်ငံလုံးအပါအ၀င် ရခိုင်ပြည်သူတစ်ရပ်လုံးကို သတင်းအတုတွေကိုအဓိကထားပြီးတော့ စောင့်ကြည့်ဖို့ အသိပေးချင်ပါတယ်" လို့ စက်တင်ဘာလ ၁၉ ရက်နေ့ ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

BNA သတင်းဌာန က ဖော်ပြထားတဲ့ ရခိုင်ပြည်နယ်မှာ သတင်းတု သတင်းမှားတွေ သတိထားဖို့ AA ဒုစစ်ဦးချုပ် ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို အောက်ပါ link မှာ ဖတ်ပါ။

ရခိုင်ပြည်သူတွေ သတင်းတု၊သတင်းမှားတွေကို သတိထားကြဖို့ အေအေဒုချုပ်သတိပေး

သတင်းအမှားဖြန့်ထားတဲ့ Acc တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုတွေဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းတွေ ဆက်တိုက်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories