BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မိုင်တိုင် ၄၀ စခန်းကို AA နဲ့ ARSA...
သတင်းအတု

မိုင်တိုင် ၄၀ စခန်းကို AA နဲ့ ARSA ပူးပေါင်း တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအတု

ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားဒေ့ချ် နယ်စပ်က မိုင်တိုင် ၄၀ စခန်းကို AA နဲ့ အာဆာအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Sept 2022 7:38 PM IST
  • မိုင်တိုင် ၄၀ စခန်းကို AA နဲ့ ARSA ပူးပေါင်း တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို Doror Waddy Midea ဆိုတဲ့ ပေ့ချ်တစ်ခုက ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရဲကင်းစခန်းကို AA နှင့် ARSA ပူးပေါင်းတိုက်ခိုက်" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရဲကင်းစခန်း တစ်ခုဖြစ်တဲ့ မိုင်တိုင်(၄၀)ရဲကင်းစခန်းကို ARSA အကြမ်းဖက်ဘင်္ဂါလီအဖွဲ့နှင့် AA အဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စခန်းစွန့်ခွာပေးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ခုကနေ သိရပါတယ်" (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ ဒါ့အပြင် အာဆာအဖွဲ့ဟာ တစ်ဖက်နိုင်ငံက ခိုးဝင်လာပြီး ဌာနေတိုင်းရင်းသားတွေကို သတ်ဖြတ်နေကြောင်း၊ အခုရက်ပိုင်းမှာ AA က ရွာသားတွေကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လာကြောင်း၊ AA နဲ့ အာဆာတို့ ပူးပေါင်းပြီး အနိုင်ကျင့် သတ်ဖြတ်မှာကို ဒေသခံတွေ ကြောက်လန့်နေတယ်လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ များစွာနဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ခန့်ရှိကာ တစ်ခြား ဖေ့စ်ဘွတ်အကောင့်တွေ ပေ့ချ်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာ-ဘင်္ဂလားဒေ့ချ်နယ်စပ်က မိုင်တိုင် ၄၀ စခန်းကို AA နဲ့ ARSA တို့ ပူးပေါင်း တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    မိုင်တိုင် ၄၀ စခန်းကို AA တစ်ဖွဲ့တည်းကသာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ARSA အဖွဲ့ မပါဝင်ပါဘူး။ ဒါ့အပြင် AA နဲ့ ARSA ဟာ ပူးပေါင်းထားခြင်းလည်း မရှိသလို မဟာမိတ်ဆက်ဆံရေးလည်း မရှိပါဘူး။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ပညာရေးဝန်ထမ်း နှစ်ဦး ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး AA နဲ့ ARSA ကြားမှာ အပြန်အလှန် ပစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပြီး ဆက်ဆံရေး အနည်းငယ် တင်းမာခဲ့ပါတယ်။ မိုင်တိုင် ၄၀ စခန်းကို AA ကသာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး AA အဖွဲ့ကလည်း ၎င်းတို့ Website မှာ တရားဝင် ထုတ်ပြန်ထားပါတယ်။

    အဆိုပါ တိုက်ပွဲသတင်းကို ရက္ခိုင့်တပ်တော် AA Website က ထုတ်ပြန်ထားတာကို ဒီနေရာမှာ ဖတ်ပါ။


    ဩဂုတ်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ မြောက်ဦးအခြေစိုက်တပ်တွေဟာ ၎င်းတို့ တပ်စွဲထားတဲ့နေရာကနေ မြောက်ဦးမြို့နယ်အတွင်းရှိ ကင်းဆိပ်၊ ဘူးရွက်မညှိုး၊ အောက်သကန်၊ ကူးတို၊ ချောင်းနား၊ လက္ကာ၊ ဝေသာလီ စတဲ့ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်း အပါအဝင် ဦးလှအောင်သိန်း (အသက် ၃၈ နှစ်)၊ ဒေါ်အေးယဉ်နု (အသက် ၆၉ နှစ်) တို့ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၉) ဦးအထိရှိခဲ့တဲ့အတွက် ရက္ခိုင့်တပ်တော် AA အနေနဲ့ ချက်ချင်း လက်တုံ့ပြန်ဖို့ စစ်ကောင်စီရဲ့ မိုင်တိုင်အမှတ် (၄၀) စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရတာ ဖြစ်တယ်လို့ ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ARSA ပါဝင်တယ်လို့ မည်သည့်သတင်းဌာနကမှ မဖော်ပြထားသလို အာဆာဘက်ကလည်း တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Doror Waddy Midea ဆိုတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းမီဒီယာပုံစံ ဖန်တီးထားပြီး AA အဖွဲ့ကို ဦးတည်တိုက်ခိုက်တဲ့ သတင်းအမှားပေါင်းများစွာ တင်ထားတာကို တွေ့ရပါတယ်။

    Tags

    Fake newsArakan ArmyAARSAjointly attack40-mile police postMyanmar-Bangladesh borderသတင်းအတုမိုင်တိုင် ၄၀ ရဲကင်းအေအေအာဆာ
    Read Full Article
    Claim :   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရဲကင်းစခန်းကို AA နှင့် ARSA ပူးပေါင်းတိုက်ခိုက်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!