HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KBZPay အကောင့် အဆင့်မြှင့်ပေးမယ်ဆိုပြီး ငွေလိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

လူမှုမီဒီယာတွေပေါ်မှာ အကောင့်တု၊ ပေချ့်အတုတွေပြုလုပ်ပြီး KBZPay သုံးစွဲသူတွေကို ကူညီပေးသလို ဟန်ဆောင်ကာ ပိုက်ဆံတွေ လိမ်လည်ထုတ်ယူနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ ရှိနေပါတယ်။

By - Boom Live Myanmar | 31 July 2023 3:28 AM GMT

ကမ္ဘောဇဘဏ်ရဲ့ တရားဝင် KBZPay ဖေစ့်ဘွတ်ပေချ့် ပုံစံ ပြုလုပ်ထားတဲ့ K pay Service ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ KBZ PAY Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာ ပေချ့်စတင်ထောင်ထားတာ ရက်ပိုင်းမျှသာ ရှိသေးပြီး kpay အကောင့်တွေကို လုံခြုံမှု ရှိစေဖို့ အဆင့်တိုးမြှင့်တဲ့ ဝန်ဆောင်မှု ပေးမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

ဖြန့်ဝေရာမှာ ‘KBZ Pay သုံးစွဲသူ မိဘပြည်သူများ အနေနဲ့ မိမိသုံးစွဲနေတဲ့ K Pay Acc လုံခြုံမှု ရှိစေရန် Special K Pay Acc ပြောင်းပေးပါတယ် ရှင့်။ Page ရဲ့ CB မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ် ရှင့်’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

K pay Service နဲ့ KBZ PAY Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖြန့်ဝေနေတာတွေဟာ အများပြည်သူတွေရဲ့ များပြည်သူရဲ့ Kpay အကောင့်တွေထဲက ငွေတွေကို လိမ်လည်ခိုးယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

အခုဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာ အတုတွေဖြစ်တဲ့အကြောင်း KBZPay ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်းက ပြန်လည်ဖြေရှင်း ထားပါတယ်။

KBZ ဝန်ထမ်းတွေ အနေနဲ့ လူမှုမီဒီယာတွေပေါ်က တဆင့် ဝန်ဆောင်မှုပေးနေတာ မရှိတဲ့အပြင် Kpay အကောင့်တွေရဲ့ လျှို့ဝှက် PIN နဲ့ SMS ကုဒ် (တစ်ခါသုံး OTP ကုဒ်) တွေကိုလည်း လာရောက်တောင်းဆိုမှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။


KBZPay ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်ရဲ့ ဖော်ပြမှုထဲမှာ မသမာသူတွေဟာ လူမှုမီဒီယာတွေပေါ်က အကောင့်တုတွေ၊ ပေချ့်အတုတွေနဲ့ KBZPay သုံးစွဲသူတွေကို ကူညီပေးသလို ဟန်ဆောင်ကာ SMS ကုဒ်နဲ့ လျှို့ဝှက် PIN နံပါတ်တွေကို မေမြန်း ရယူနိုင်သွားပါက သက်ဆိုင်ရာ KBZPay အကောင့်ကို စိတ်ကြိုက်စီမံပြီး ငွေတွေရယူသွားမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

KBZPay ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်ရဲ့ ဖော်ပြမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း KBZPay အကောင့် ကိုယ်စားလှယ် လျှောက်ထားမှုနဲ့ ငွေသွင်းငွေထုတ်တွေ ရာခိုင်နှုန်း ပေးစရာမလိုပဲ ထုတ်လို့ရအောင်လုပ်ပေးမယ်ဆိုပြီး ငွေလိမ်လည်ထုတ်ယူမှုတွေ ရှိခဲ့တဲ့အတွက် BOOM က ရေးသားဖော်ပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ နှစ်က လိမ်လည်ခဲ့မှုအကြောင်း BOOM ရဲ့ ရေးသားခဲ့မှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories