BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KBZ pay အမည်ခံပြီး လိမ်လည်နေတဲ့...
သတင်းအတု

KBZ pay အမည်ခံပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

ကမ္ဘောဇဘဏ်ရဲ့ တရားဝင် KBZPay ဖေစ့်ဘွတ်ပေချ့် ပုံစံ တုပကာ ငွေသွင်းငွေထုတ်နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ ပေးတယ်ဆိုပြီး KBZPay အကောင့်တွေထဲက ပိုက်ဆံတွေ လိမ်လည်ထုတ်ယူနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  15 Oct 2022 2:35 PM IST
  • KBZ pay အမည်ခံပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

    စက်တင်ဘာလ ၂၂ ရက်နေ့ကမှ ပေချ့်စတင်ထောင်ထားတဲ့ KBZ PAY Service - Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုကနေ kpay အကောင့်တွေကနေ ငွေသွင်း ငွေထုတ်လိုသူတွေကို ဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်လည်နေတာပါ။ ဒီဖေစ့်ဘွတ်ပေချ့်မှာ kpay အကောင့်ထဲက ငွေထုတ်လိုသူတွေကို ရာခိုင်နှုန်းလုံးဝ မပေးရဘဲ ထုတ်လို့ ရကြောင်းနဲ့ kpay ကိုယ်စားလှယ် လျှောက်ချင်သူတွေ အတွက်လည်း ကိုယ့်မြို့နယ်မှာ ငွေသွင်းငွေထုတ်ပြုလုပ်ကာ လျှောက်နိုင်တယ်ဆိုပြီး ပိုစ့်တွေတင်ထားတာ တွေ့ရပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    KBZ PAY Service - Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ အများပြည်သူရဲ့ Kpay အကောင့်တွေထဲက ငွေတွေကို လိမ်လည်ခိုးယူဖို့ ထောင်ခြာက်ဆင်ထားတဲ့ အကြောင်းအရာသာဖြစ်ပါတယ်။ KBZPay အကောင့် ကိုယ်စားလှယ် လျှောက်ထားမှုနဲ့ ငွေသွင်းငွေထုတ်တွေ ရာခိုင်နှုန်း ပေးစရာမလိုပဲ ထုတ်လို့ရအောင်လုပ်ပေးမယ်ဆိုပြီး လိမ်လည်ထားတာသာ ဖြစ်ပါတယ်။

    KBZ PAY Service - Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ အတုသာဖြစ်ပြီး KBZPay ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မဟုတ်ဘူး ဆိုတဲ့အကြောင်း သတိပေးချက် ဗွီဒီယိုကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။


    KBZPay ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားတဲ့ ဒီအသိပညာပေး ဗွီဒီယိုထဲမှာ ဆိုရှယ်မီဒီယာတွေက တဆင့် (သို့မဟုတ်) ဖုန်းနဲ့ ဆက်သွယ်ပြီး OTP နဲ့ PIN နံပါတ်တွေကို တောင်းခံကာ ငွေလိမ်လည်ထုတ်ယူတာတွေ ဖြစ်တတ်ကြောင်း၊ OTP နဲ့ PIN နံပါတ်တွေကို မိမိကလွဲပြီး အခြားသူတွေကို ဝေမျှခြင်းမပြုကြဖို့ တိုက်တွန်းကြောင်းတွေ အဲ့ဒီ Video မှာရှင်းပြထားပါတယ်။

    Tags

    Fraud Awarenessfraudulent Facebook pageKBZpayFake Facebook pagesFake Page
    Read Full Article
    Claim :   ကမ္ဘောဇဘဏ်ရဲ့ တရားဝင် KBZPay ဖေစ့်ဘွတ်ပေချ့် ပုံစံ တုပထားတဲ့ ငွေသွင်းငွေထုတ်နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!