HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော် ဝိုင်းခံထားရတယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝိုင်းထားပြီလို့ စစ်လော်ဘီတွေ အသိပေးလာတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 13 Dec 2025 8:16 AM IST

ဒီအကြောင်းအရာကို Pii Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ပြန်လည်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'AA ချက်ချင်းကလဲ့စား ပြန်ချေ။ နေပြည်တော်လေဆိပ် ပျက်စီးသွားပြီ။ မြောက်ဦး ဆေးရုံ ဗုံးကြဲအပြီး နေပြည်တော်လေဆိပ်ကို ရခိုင့်တပ် တော်အေအေမှ ကလဲ့စားပြန်ချေ၊ လေဆိပ်တခုလုံး မီးလောင်' လို့ ရေးသားထားပါတယ်။

အချို့ဖြန့်ဝေမှုတွေမှာတော့ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်နဲ့အတူ 'နေပြည်တော် ဝိုင်းထားခံနေရပြီဟု အရေးပေါ် အသိပေးလာပြီ' ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

ဗီဒီယိုထဲမှာတော့ စစ်တပ်လော်ဘီ ကျော်မျိုးဟာ အမေရိကန်တပ်တွေ နေပြည်တော် အနီးအနားကို ရောက်ရှိလာပြီဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

နေပြည်တော်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝိုင်းထားပြီလို့ စစ်လော်ဘီတွေ အသိပေးလာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ စစ်တပ်လော်ဘီ ကျော်မျိုးဟာ အမေရိကန်တပ်တွေ နေပြည်တော် အနီးအနားကို ရောက်ရှိလာပြီဖြစ်တယ်လို့ ပြောဆိုကာ မည်သည့် သတင်းဌာန၊ အဖွဲ့အစည်းမှာမှ ထုတ်ပြန်ဖော်ပြမထားတဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories