HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြနှင်းရည်လွင်အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားတဲ့ သတင်းအမှား

ထိန်းချုပ်နယ်မြေရောက်ရှိနေတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်အပေါ် တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။

By - Boom Live Myanmar | 13 Nov 2021 2:15 PM GMT

အဆိုပါ သတင်းအမှားကို နိုဝင်ဘာလ ၈ ရက်နေ့ည ၈ နာရီ ၅၄ မိနစ်မှာ Moe Minn Thein ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ခဲ့တာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "လွတ်မြောက်နယ်မြေမှာ အချစ်သစ်နဲ့ ပျော်နေတဲ့ မြနှင်းရည်လွင်" လို့ ရေးသားထားပါတယ်။ ၎င်းသတင်းအမှားရဲ့ အတွင်းမှာတော့ "ငွေကြေးကိစ္စအရှုပ်အရှင်းများကြောင့် တောခိုသွားတဲ့ တစ်ခုလပ် မြနှင်းရည်လွင်ဟာ တောထဲမှာ PDFလူငယ်လေးတစ်ဦးနဲ့ မေတ္တာမျှနေတာ (၃)လကျော်ပြီဖြစ်ပြီး တဲတစ်လုံးတွင် အတူတကွ နေထိုင်လျှက်ရှိကြောင်း လွတ်မြောက်နယ်မြေရောက် ဖဒိုစောစီးမူးက သတင်းပေးပို့ ထားပါတယ်။

သူတို့ဟာ စစ်တိုက်ထွက်ရခြင်းမရှိပဲ အလှူခံခြင်းကိစ္စကို တာဝန်ယူထားကြကြောင်း၊ ရောက်ရှိလာသည့် စားနပ်ရိက္ခာများအား PDF အဖွဲ့ငယ်လေးများကို ခွဲဝေပေးပြီး ငွေကြေးကိုတော့ မြနှင်းရည်လွင်ကသာ ကိုင်ဆောင်ထားကြောင်း၊ တောထဲမှာ အချစ်ရေးနဲ့ ငွေရေးကြေးရေး အဆင်ပြေတာကြောင့် မြို့ကို မပြန်လိုကြကြောင်းလည်း ဖဒိုစောစီးမူးကဆိုပါတယ်။" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၉၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော်ရှိကာ ကူးယူဖော်ပြသူများစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ထိန်းချုပ်နယ်မြေရောက်ရှိနေတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်အပေါ် ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီထောက်ခံအားပေါ်တဲ့အကောင့်တွေမှာ ထိန်းချုပ်နယ်မြေရောက်နေတဲ့ သရုပ်ဆောင်တွေ အမျိုးသမီးတွေအပေါ် ဒီလို သတင်းအမှားဖြန့်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ ယခင်လကလည်း မြနှင်းရည်လွင်အပေါ် သတင်းအမှားတွေနဲ့ တိုက်ခိုက်ခဲ့တာကို Boom က အချက်အလက် စစ်ဆေးခဲ့ပါတယ်။

မြနှင်းရည်လွင်အကြောင်း အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားကို အောက်ပါ Link မှာ ဖတ်ပါ။

မြနှင်းရည်လွင်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူအဖြစ် ပုံဖျက်တဲ့ သတင်းအမှား

ယခုသတင်းအမှားထဲမှာ မြနှင်းရည်လွင်ဟာ ငွေကြေးအရှုပ်အရှင်းကြောင့် တောခိုသွားတယ်လို့ ရေးသားထားပေမယ့် ဒီလို အရှုပ်အရှင်း တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိသလို စစ်အာဏာရှင်ကို အဆုံးစွန်ထိ ဆန့်ကျင်ဖို့ လက်နက်ကိုင် ထိန်းချုပ်နယ်မြေကို ရောက်လာတာ ဖြစ်တယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့က RFA သတင်းဌာနမှာ အင်တာဗျူးဖြေကြားထားပါတယ်။

RFA သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကို ဒီမှာ ဖတ်ပါ။

ဒီလို မြနှင်းရည်လွင်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီထောက်ခံသူတွေက သတင်းအမှားဖြန့်ကာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

Related Stories