HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအမှား

သတင်းအမှား။ နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတ ၁၄ ရက် Quarantine ယူမယ်ဆိုတဲ့ဖေ့စ်ဘွတ်ပို့စ်

ဒီသတင်းအမှားကို ဝေမျှသူဟာမဟုတ်မမှန်တဲ့သတင်းတွေကို နေ့စဉ်နဲ့အမျှ သူ့ရဲ့လူမှူကွန်ရက်ကနေရေးသားနေသူဖြစ်ပါတယ်။

By - Boom Live Myanmar | 6 April 2020 1:21 PM GMT

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ ၁၄ ရက် Quarantine ယူမယ်ဆိုတဲ့ သတင်းအမှား တစ်ခုကို မတ်လ ၃၁ ရက်နေ့မှာ Aung Naing Htwe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်က ရေးသားဖြန့်ဝေခဲ့ပါတယ်။

ဒီ ဖေ့စ်ဘွတ် ပိုစ့်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့ နှစ်ဦးဟာ ဆွစ်ဇာလန်နိုင်ငံသူ ကုလသမ္မဂ မှ အကြီးအကဲ အရာကို တွေ့ဆုံခဲ့တဲ့အတွက် Self Quarantine လုပ်နေရတယ်လို့ ရေးသားထားပါတယ်။

လက်ရှိ ဒီသတင်းအမှား  ကို Aung Naing Htwe ဆိုသူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကနေ လူပေါင်း ၃၆ဝဝ ကျော်ခန့် ထပ်ဆင့်မျှဝေခဲ့ပြီး ဆက်လက်လည်း မျှဝေနေဆဲ ဖြစ်ပါတယ်။

သတင်းဆန်းစစ်ချက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ဟာ အဆိုပါသတင်းအမှားမှာ ထည့်သွင်းရေးသားထားသလို ကိုရိုနာရောဂါဖြစ်ပွားနေသူ ဆွစ်ဇာလန်နိုင်ငံသူ ကုလသမဂ္ဂ ဝန်ထမ်းနဲ့ တွေ့ဆုံခြင်း မရှိခဲ့ပဲ ကျန်းမာစွာ နိုင်ငံတာဝန်တွေ ထမ်းဆောင်လျှက်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မတ်လ ၃၁ ရက်နေ့မှာ ပြန်လည်ဖြေရှင်းထားပါတယ်။

အွန်လိုင်းမှာ ဖေ့စ်ဘွတ်အကောင့်တုများနဲ့ ကောလဟာလများဖြန့်နေမှုများကို မယုံကြည်ဖို့နဲ့ Covid-19 ဖြစ်ပေါ်နေစဉ်ကာလမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဧည့်သည်တွေ့ဆုံမှုကို အထူးသတိထားဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက သတင်းစဉ်ကို ပြောထားူပါတယ်။



 


Related Stories