HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအမှား

မိုင်းဖုန်းဆရာတော် တန်ခိုးနဲ့ ပျံနေတယ်ဆိုတာ အဟုတ်လား

မိုင်းဖုန်းဆရာတော် တန်ခိုးအစွမ်းနဲ့ ကျိုက်ထီးရိုးတောင်ပေါ်ကို ပျံနေတဲ့ မှတ်တမ်းဗီဒီယိုဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 14 Sep 2023 5:23 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Strange Tv ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မိုင်းဖုန်းဆရာတော် တန်ခိုးပြပြီး ကျိုက်ထီးရိုးတောင်ပေါ်ကို ပျံလာပြီး ဖူးမျှော်။ မိုင်းဖုန်းဆရာတော် တန်ခိုးအစွမ်းနဲ့ ကျိုက်ထီးရိုးတောင် ပေါ်ကို ပျံနေတဲ့ မှတ်တမ်းဗီဒီယို’ ဆိုပြီး ရေးသားထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်စစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ မိုင်းဖုန်းဆရာတော် တန်ခိုးပြပြီး ကျိုက်ထီးရိုးတောင်ပေါ်ကို ပျံလာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ ပါဝင်တာကတော့ မဟာဗောဓိမြိုင်ဆရာတော် ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းဆိုပြီး သက်သေမပြနိုင်တဲ့ ပါးစပ်ပြော အကြောင်းအရာ တစ်ခုကိုကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတဲ့ ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories