HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူကို NUG ရဲ့ မြေအောက်အဖွဲ့တွေ သတ်ဖြတ်တယ်ဆိုတဲ့ အချက်အလက်မခိုင်မာတဲ့ သတင်း

NUG အစိုးရရဲ့ လူ့အခွင့်အရေး အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့်ကို NUG ရဲ့ မြေအောက်အဖွဲ့တွေ သတ်ဖြတ်တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ထပ်မံစွပ်စွဲရေးသားမှုတွေ လူမှုကွန်ရက်ပေါ်ထပ်မံပျံ့နှံ့လာခဲ့ပါတယ်။

By - Boom Live Myanmar | 29 Sep 2023 6:55 AM GMT

ဒီအကြောင်းအရာကို စစ်ကောင်စီလော်ဘီ မီဒီယာတစ်ခုဖြစ်တဲ့ People Media မှာ ဇွန်လ အတွင်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ယခု ရက်ပိုင်းမှာ စစ်တပ်ထောက်ခံသူအများစုက ပြန်လည်ဖြန့်ဝေလာခဲ့တာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါး ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘NUG ရဲ့ လူ့အခွင့်အရေး အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့်ကို NUG ရဲ့ မြေအောက်အဖွဲ့တွေ သတ်ဖြတ်’ လို့ ရေးသားထားပါတယ်။

ဗီဒီယိုထဲမှာတော့ ဖေစ့်ဘွတ်ပေါ်မှာ စစ်တပ်ထောက်ခံတဲ့ အကြောင်းတွေ live လွှင့် ပြောဆိုလေ့ရှိသူ ကျော်စိုးဦးဆိုသူက ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့် သတ်ဖြတ်ခဲ့သူတွေဟာ NUG ရဲ့ မြေအောက်အဖွဲ့တွေဖြစ်ကြောင်း၊ NUG ထပ်ပိုင်းခေါင်းဆောင်တွေကြားမှာ ငွေကြေးအရှုပ်အရှင်းတွေ ရှိတဲ့အတွက် အချင်းချင်း ရှင်းလင်းမှုတွေလုပ်နေတာ ဖြစ်ကြောင်းပြောဆိုမှုတွေပါဝင်ပေမယ့် ဒီအချက်အလက်တွေပေါ်မှာ ခိုင်လုံတဲ့ သက်သေအထောက်အထား ၊ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်အကိုးအကားတွေမပါဝင်ပဲ ထင်ကြေးပေးသုံးသပ်ထားတာမျိုးသာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့်ကို ဇွန်လ ၇ ရက် ညပိုင်းမှာ အမည်မသိ လူတစ်စုက လုပ်ကြံသတ်ဖြတ် သွားတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြပြီး ဖြစ်ပါတယ်။

စစ်တပ်ထောက်ခံသူ အမျိုးသားရေး လှုပ်ရှားသူတွေက သူတို့ရဲ့ လက်ချက်ဖြစ်တဲ့အကြောင်း ထိုအချိန်ကတည်းက ဆိုရှယ်မီဒီယာတွေ ပေါ်မှာ ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပေမယ့်လည်း ဘယ်သူ့လက်ချက်ဆိုတာကိုတော့ ယနေ့တိုင် အတိအကျ မသိရသေးပါဘူး။

စစ်တပ်ထောက်ခံသူ အဆိုတော် လီလီနိုင်ကျော်နဲ့ ဦးတင့်လွင်တို့ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာမှာ ထင်ရှားသူတွေရဲ့ မိသားစုဝင်တွေရဲ့ နေရပ်လိပ်စာတွေ စုံစမ်းဖော်ထုတ်ဖို့ စစ်ကောင်စီလော်ဘီ Myanmar National Post တယ်လီဂရမ်ချန်နယ်က မေလကုန်ပိုင်းတွင် စတင်လှုံ့ဆော် ရေးသားလာပါတယ်။

ဒီနောက်ပိုင်းမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေရဲ့ မိသားစုဝင်တွေ လုပ်ကြံသတ်ဖြတ်ခံရမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ဇွန်လ ၆ ရက်နေ့ ညပိုင်းမှာ အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်ရဲ့ မိခင် ဒေါ်သဲမာလာဝင်းနဲ့ ဝမ်းကွဲအစ်မ မဆောင်းသဇင်ဦးတို့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူတွေဘက်က စစ်တပ်ဒေါက်တိုင်တွေ ဖြိုချတယ်၊ ဒလန်ရှင်းလင်းလာတွေ ရှိသလို စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းကလည်း လက်တုံ့ပြန်တယ်ဆိုပြီး မိသားစုဝင်တွေပါမချန် သတင်းပေးဖို့နဲ့ သတ်ဖြတ် လက်စားချေဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

ဒါတင်မက ဆိုရှယ်မီဒီယာပေါ်က စစ်တပ်ဆန့်ကျင်ရေး ပိုစ့်တွေနဲ့ ကွန်မန့်ရေးသားသူတွေကို ဖမ်းဆီးထောင်ချခိုင်းမှုတွေနဲ့ ရှင်းလင်းသုတ်သင် ခိုင်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

Related Stories