HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအမှား

မြောက်ဥက္ကလာက လူနာ ၁၆ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ကိုရိုနာရောဂါပိုးတွေ့ရှိခဲ့တဲ့ No.16 လူနာ သေဆုံးတယ်ဆိုတာ သတင်းအမှား ဖြစ်ပါတယ်။

By - Boom Live Myanmar | 1 April 2020 5:37 PM GMT

လူနာ ၁၆ သေဆုံးပြီဟု သတင်းအမှားဖြန့်ချိပြီး Live လွှင့်ခဲ့သည့် Post
လူနာ ၁၆ သေဆုံးပြီဟု သတင်းအမှားဖြန့်ချိပြီး Live လွှင့်ခဲ့သည့် Post

ဒီသတင်းကို Ko Yin Htay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် က Live လွှင်ပြီး တင်ထားတာ ဖြစ်ပြီး အဲ့ဒီ Live လွှင့်ပြီးမိနစ်ပိုင်းမှာပဲ ထပ်ဆင့် ဝေမျှသူထောင်ချီရှိခဲ့ပါတယ်။

ရှစ်မိနစ်ကြာတဲ့ အဲ့ဒီ Live Video မှာ "ပိုးတွေ့လူနာ No.16 လူနာသေဆုံးလမ်း Lock Down ဆေးရုံဝန်ထမ်းမျာနှင့် မေဓါဝီဈေး ဒုက္ခများပြီ"ဆိုတဲ့ စာသားတစ်ကြောင်းတည်းနဲ့ ဖြန့်ချိခဲ့ပြီး တစ်နာရီခန့်အကြာမှာ အဲ့ဒီ Video ကိုထပ်ဆင့်ဖြန့်ဝေခဲ့သူငါးထောင်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းကို စိစစ်ဖို့ Boom Myanmar က မြောက်ဥက္ကလာပ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ No.16 လူနာ သေဆုံးသွားတာ မဟုတ်ကြောင်း အတည်ပြုပြောကြားပါတယ်။

 "No.16 လူနာရော သားဖြစ်တဲ့သူပါ အခု ဝေဘာဂီဆေးရုံမှာ ရှိပါတယ်။ အမေရော သားဖြစ်တဲ့သူပါ ကျန်းမာရေး စိုးရိမ်စရာ မရှိပါဘူး။ ဒါ ဖေ့စ်ဘွတ်ပေါ်မှာ ဒါ သက်သက်ဖွတာ ဖြစ်တယ်" လို့ ဦးမြင့်လွင်က ပြောပါတယ်။

ဒီ Live Video မှာ အခင်းဖြစ်ပွားတဲ့နေရာလို့ယူဆရတဲ့လမ်းတစ်ခုမှာ အတားအဆီးတချိူ့ချထားပြီး အဲ့ဒီနားမှာ စောင့်ကြပ်နေတဲ့အရပ်သာတချိူ့ကိုမြင်တွေ့ရပေမယ့် သတင်းလွှင့်ခဲ့သူဟာ လူနာတွေသေဆုံးကြောင်းအထောက်အထားတစုံတရာမပါဝင်ပဲရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

အခု သတင်းရေးသားနေတဲ့ ည ၁၁ နာရီ ခွဲဝန်းကျင်မှာတော့ အဲ့ဒီ live Video ကိုပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်။ Boom Myanmar က အဲ့ဒီ Post ကိုစောင့်ကြည့်မှူအခြေအအေနအရ အဲ့ဒီသတင်းအမှာဒ ဖြုတ်ချကာနီးအချိန်မှာပဲ ဝေမျှသူ ရှစ်ထောင်ကျော်ရှိနေခဲ့ပါတယ်။


Related Stories