BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဒေါ်အောင်ဆန်းစုကြည်ပုံတွေနဲ့...
Top Block

ဒေါ်အောင်ဆန်းစုကြည်ပုံတွေနဲ့ ဘာသာရေးသွေးထိုးတဲ့ သတင်းအမှားပြန်လည်ဖြန့်ဝေ

လူမှုကွန်ယက်ပေါ်မှာ ဓါတ်ပုံအဟောင်းတွေ အသုံးပြုပြီး ဘာသာရေးသွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  24 April 2021 2:46 PM IST
  • ဒေါ်အောင်ဆန်းစုကြည်ပုံတွေနဲ့ ဘာသာရေးသွေးထိုးတဲ့ သတင်းအမှားပြန်လည်ဖြန့်ဝေ

    အဆိုပါ သတင်းအမှားကို ဧပြီလ ၁၀ ရက်နေ့မှာ Min Khant ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေထားတာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ရဲ့ ဓါတ်ပုံတွေ ပါဝင်နေပါတယ်။ ဒီဓါတ်ပုံတွေထဲမှာ ယခင် လူမျိုးရေးဘာသာရေး သွေးထိုးလှုံ့ဆော်ရင် သုံးလေ့ရှိတဲ့ ဓါတ်ပုံအဟောင်းတွေ ပါဝင်နေတာဖြစ်ပါတယ်။

    ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ရိုက်ကူးထားတဲ့ဓါတ်ပုံနဲ့ နေပြည်တော်က နေအိမ်ထမင်းစားခန်းထဲက နောက်ခံပန်းချီကားတွေနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံစတဲ့ ပုံတွေကို အသုံးပြုထားပြီးအဲ့ဒီပုံတွေနဲ့အတူ"သူတို့ကို မထောက္ခံလို့ဆိုပြီးဆရာတော်ကြီးတွေ ရဟန်း သံဃာတွေကို ဆဲနည်းမျိုးစုံနှင့်ဆဲပြီး သာသနာကို လုပ်ချင်တာလုပ်ခဲ့တဲ့မွှေမွှေကို ထောက်ခံတဲ့ ငနီတသိုက်ဟာ ဒုက္ခနဲ့တွေ့မှ ဆရာတော်တို့ကယ်ကြပါအုန်းဘုရားတဲ့။ ဆွမ်းဒါယိကာ/ကွမ်းဒါယိကာတွေပါဘုရားတဲ့" အစချီကာ ရုန့်ရင်းကြမ်းတမ်းသည့် အသုံးအနှုန်းများ ဘာသာရေးသွေးထိုးလှုံ့ဆော်သည့် အသုံးအနှုန်းများကိုထည့်သွင်းရေးသားပြီးဖြန့်ဝေထားဖြင့်ဖြစ်သည်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော်နဲ့ ကူးယူဖော်ပြထားသူများ ရှိနေပါတယ်။


    သတင်းဆန်းစစ်ချက်

    Min Khant ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဓါတ်ပုံအဟောင်းတွေ အသုံးပြုပြီးရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဘာသာရေးသွေးထိုးလှုံ့ဆော်ပြီး သတင်းအမှားဖြန့်ထားတာကို တွေ့ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် အစ္စလာမ်ဘာသာရေးခေါင်းဆောင်ကို လက်အုပ်ချီနေတဲ့ပုံ အဖြစ်မြင်တွေ့ရတဲ့ ဓါတ်ပုံဟာ ၂၀၁၄ ခုနှစ်က The Voice Weekly Journal က ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံဖြစ်ပြီး အဆိုပါ ဓါတ်ပုံထဲမှာ ဒေါ်အောင်ဆန်းစုကြည် လက်အုပ်ချီ အရိုအသေပေးနေတာ အလယ်မှာ ရပ်နေတဲ့ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်ကို အရိုအသေပေးနေတဲ့ ပုံဖြစ်ပြီး ထောင့်အစွန်မှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်က ရပ်နေတာ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်တဲ့ Angle ကြောင့် နားလည်မှုလွဲမှားစေမှုကြောင့် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်ခဲ့ဖူးပြီး ဘာသာရေးသွေးထိုးလှုံ့ဆော်သူတွေဟာ အဲ့ဒီဓါတ်ပုံနဲ့ မကြာခဏ အမုန်းစကား ဖြန့်ဝေကြတာ ဖြစ်ပါတယ်။

    အဆိုပါ ဓါတ်ပုံ နဲ့ ပတ်သက်တဲ့ သတင်းအကြောင်းအရာကို ဒီမှာ ဖတ်နိုင်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် နံရံမှာ ချိတ်ဆွဲထားတဲ့ ပုံတွေကို အစ္စလာမ်ဘာသာရေး ကျမ်းစာတွေ ချိတ်ဆွဲထားတယ် ဆိုတဲ့ အကြောင်းအရာဟာ ရွေးကောက်ပွဲ မတိုင်ခင်က မကြာခဏ သတင်းအမှားတွေနဲ့ တိုက်ခိုက်တဲ့အခါမှာ ထွက်ပေါ်လာလေ့ရှိတဲ့ ဓါတ်ပုံဖြစ်ပြီး အဆိုပါ ဓါတ်ပုံရဲ့ နောက်ခံဟာ အလှဆင် ပန်ချီကားတွေသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ လို့ Boom ကယမန်နှစ်က သတင်းဆန်းစစ်မှုပြုလုပ်ထားပါတယ်။ အဆိုပါဓါတ်ပုံတွေ အကြောင်း ရေးသားထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။



    Tags

    fake newsHate speechold picturesreligionCoupသတင်းအမှားဓါတ်ပုံအဟောင်း
    Read Full Article
    Claim :   Min Khant ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဓါတ်ပုံအဟောင်းတွေ အသုံးပြုပြီးရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!