BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နိုင်ငံတော်အတိုင်ပင်ခံရဲ့...
သတင်းအတု

နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဧည့်ခန်းဆောင်မှာ အစ္စလာမ်ဘာသာရေးစာတွေ ကပ်ထားတယ်ဆိုတဲ့ သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်နေအိမ် ဧည့်ခန်းနံရံပေါ်မှာချိတ်ဆွဲထားတဲ့ အနုပညာလက်ရာဖန်တီးမှူတွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးစာတွေအဖြစ် စွပ်စွဲပြီးရေးသားထားတဲ့သတင်းအတုတစ်ခု ယခုရက်ပိုင်းအတွင်းပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  28 Jun 2020 9:26 AM IST
  • နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဧည့်ခန်းဆောင်မှာ အစ္စလာမ်ဘာသာရေးစာတွေ ကပ်ထားတယ်ဆိုတဲ့ သတင်းအတု

    အဲ့ဒီသတင်းအမှားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်ြ့ပည့် မွေးနေ့က ဓါတ်ပုံတွေကို အခြေခံပြီးထွက်ပေါ်လာတာဖြစ်ပါတယ်။ Minaye Chan ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇွန်လ ၂၁ ရက် မနက် ၈ နာရီ ၂ မိနစ်မှာ ဒီပုံတွေကို အသုံးချပြီး သတင်းအတုဖန်တီးရေးသားခဲ့တာဖြစ်ပါတယ်။

    အဆိုပါ သတင်းအတုထဲမှာ "ဒေါ်စု ကို မတန်မရာ အရိယာလို့ ဆိုသူတွေ ကြည့်ထားကြ မွေးနေ့ ဓါတ်ပုံ တက်လာရာတွင် ဒေါ်စု ရဲ့ ဧည့်ခန်းဆောင်က အစ္စလာလ် အဆုံးအမ အမှတ်တံဆိပ်များ ထင်သာ မြင်သာစွာပြသ။ ဝိဘဇ္ဇ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်တွေ တိုးပွါးကြပါစေ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပြီး Photoshop နဲ့ ပြုပြင်ထားတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပါတယ်။ သတင်းအမှားဖြန့်ဝေရာမှာ အသုံးပြုထားတဲ့ ဓါတ်ပုံဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ၇၅ နှစ်မြောက် မွေးနေ့မှာ ဆုတောင်းပေးကြသူတွေ၊ လက်ဆောင်ပေးကြသူတွေကို ကျေးဇူးတင်စကားဆိုထားတဲ့ ဓါတ်ပုံ ဖြစ်ပြီး အဲ့ဒီဓါတ်ပုံထဲက နောက်ခံနံရံမှာ အလှဆင်ထားတဲ့ အရာတွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ကိုရ်အာန်ကျမ်းစာ တွေဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

    ဒီသတင်းအမှားကို ထပ်ဆင့်မျှဝေသူ ၁၆၀၀ ကျော်ရှိနေပြီး ဆက်လက်ဖြန့်ဝေနေကြဆဲ ဖြစ်ပါတယ်။ဒီသတင်းအတုကို ဖြန့်ဝေခဲ့တဲ့ Minaye Chan ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ အကောင့်ပုန်းတစ်ခုသာ ဖြစ်ပြီး နိုင်ငံရေးအရ ဝါဒဖြန့်ချိထားတဲ့ စာတွေ သတင်းအမှားတွေ မကြာခဏ တင်နေတာကို တွေ့ရပါတယ်။

    ဒါ့အပြင် ဒီသတင်းအမှားကို တခြားဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာကလည်း ဖြန့်ဝေထားတာကို တွေ့ရပြီး ရုရှလူမှုကွန်ယက်ဖြစ်တဲ့ VK ပေါ်မှာလည်း အကောင့်တု ပေါင်းများစွာနဲ့ ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို ဆန်းစစ်ဖို့ Boom Myanmar က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ဒီလိုသတင်းအမှား ဖြန့်ဝေမှုနဲ့ ပက်သက်ပြီး "ဒီ နောက်ခံနံရံက ပုံတွေက Decoration သဘောမျိုးနဲ့ အလှဆင်ထားတဲ့ဟာလေ။ အဲ့ဒါကို ပုံစံပြောင်းပြီး ဖြန့်တာပေါ့။ ရွေးကောက်ပွဲနီးလာရင် ဒီလိုဝါဒဖြန့်ပြီး သတင်းအမှားဖြန့်တာတွေက များလာမှာပဲ။ အထူသဖြင့်တော့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ပက်သက်ပြီး NLD က အစ္စလာမ် ထောက်ခံတဲ့ပါတီဆိုတာမျိုးတွေက အရင်ထဲက လုပ်ကြံဖန်တီးပြီး တိုက်ခိုက်နေကြပဲ။ အခုလည်း ဒီလိုလုပ်ကြံဖန်တီးပြီး တော့ သတင်းအမှားဖြန့်တာပဲ။ ဒါတွေကတော့ ရွေးကောက်ပွဲနီးလာရင်တော့ ဒါတွေကိုတော့ မျှော်လင့်ထားရမှာပေါ့" လို့ ကိုနေဘုန်းလတ်က ဆိုပါတယ်။

    ဒီဓါတ်ပုံဟာ လက်ရှိနေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေထိုင်တဲ့ နေပြည်တော် အိမ်အတွင်းက ဧည့်ခန်းဆောင်အတွင်းမှာ ၇၅ နှစ်ပြည့် မွေးနေ့မှာ ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ပြီး နောက်ခံ နံရံက ကားချပ်တွေဟာ Art Work အနုပညာ လက်ရာတွေသာဖြစ်ပြီး အဲ့ဒီလက်ရာရုပ်ပုံကားချပ်တွေမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကျမ်းစာမှာအသုံးပြုတဲ့ အာရဗီဘာသာ စကားလုံးတွေပါဝင်ခြင်းမရှိပါဘူး။ သတင်းအမှား ဖြန့်ဝေရာမှာ ယှဉ်တွဲအသုံးပြုထားတဲ့ ပုံတွေကတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကိုရ်အာန်ကျမ်းစာအုပ် အဖုံးပုံ တွေနဲ့ ကျမ်းစာအရေးအသားမှာအသုံးပြုတဲ့ အာရဗီဘာသာစကားလုံးတွေသာဖြစ်ပါတယ်။




    Tags

    Fake newsthe wall of State Counsellor
    Read Full Article
    Claim :   Minaye Chan ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာရေးသားဖြန့်ဝေထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ နေအိမ်အတွင်းက နံရံတွေမှာ အစ္စလာမ် ဘာသာရေးစာတွေ ကပ်ထားတယ်ဆိုတဲ့ သတင်းကို Boom Myanmar က စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!