BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မူဆယ်က NLD ကိုယ်စားလှယ်လောင်းအပေါ်...
သတင်းအတု

မူဆယ်က NLD ကိုယ်စားလှယ်လောင်းအပေါ် ပုံဖျက်ရေးသားထားတဲ့ သတင်းအမှား

၂၀၂၀ ပြည်လုံးကျွတ်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ လူမှုကွန်ယက်ပေါ်မှာ NLD ကိုယ်စားလှယ်လောင်းတွေအပေါ် တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ နေ့စဉ်လိုလို ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  20 Aug 2020 11:48 AM IST
  • မူဆယ်က NLD ကိုယ်စားလှယ်လောင်းအပေါ် ပုံဖျက်ရေးသားထားတဲ့ သတင်းအမှား

    ဒီလိုထွက်ပေါ်လာတဲ့ သတင်းအမှား အများစုဟာ လူမျိုးရေး ဘာသာရေးကိုအခြေခံပြီး ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    ဒီရက်ပိုင်းအတွင်းမှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က NLD ကိုယ်စားလောင်း စိုင်းထွန်းကိုကို အပေါ် ပုံဖျက်ရေးသားထားတဲ့ သတင်းအမှားတစ်ပုဒ် ပျံနှံ့နေပါတယ်။ အဆိုပါ သတင်းအမှားကို Radio Free Myanmar ဆိုတဲ့ သတင်းဌာန အယောင်ဆောင်ပြီး သတင်းအမှားထုတ်လွတ်နေတဲ့ နေရာက စတင်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "NLD ဗဟိုက ကိုယ်စားလှယ်လောင်းတွေကို ဘယ်သူတွေနဲ့အစားထိုးနေသလဲ" လို့ ရေးသားထားပြီး အဲ့ဒီ သတင်းအမှားရဲ့ အတွင်းမှာတော့ "လွှတ်တော်ကိုယ်စားလှယ်များအမည်တင်သွင်းခွင့် လဲလှယ်ခွင့်များကုန်ဆုံးချိန်နီးမှ NLD ဗဟိုကကိုယ်စား လှယ်များ၏အမည်ကို ရုတ်တရက်ပြောင်းလဲပြစ်ခဲ့သည့်အတွက် ပြည်နယ်အဆင့်မှစ၍ အောက်ခြေအဆင့်ထိ NLDများမယုံသင်္ကာဖြစ်ခဲ့ကြသည်ဟုပြော ဆိုနေ ကြသည်။ ရှမ်းပြည်နယ် မူဆယ်မြို့အမှတ်(၂)မဲဆန္ဒနယ်အတွက် NLDပါတီကိုယ်စားပြုယှဉ်ပြိုင်ရန် ဒေါ်နန်းစမ်းစမ်း ထွေးကို ဒေသခံများနှင်မြို့မိမြို့ဖများက ရွေးချယ်တင် သွင်းခဲ့ကြ သော်လည်း NLD ဗဟိုက စိုင်းထွန်းကိုကိုဟု ရှမ်းနာမည်လိုလို အမည်ပေးထားသူ ဘင်္ဂလီ တယောက် ကို အတည်ပြုခန့်အပ်ခဲ့သည့် အတွက် ၆-၈-၂၀၂၀ နေ့တွင် မူစယ် နမ့်ခမ်း စသောဒေသခံများကအပြင်းအ ထန်ကန့်ကွက်ခဲ့ကြသည်။ စိုင်းထွန်းကိုကိုသည် ၎င်းကို ရခိုင်ဟုလိမ်ပြောခဲ့ပြီး မကြာခဏဘင်္ဂလာဒေ့ရှ်ကမိသားစုထံသို့ပြန်သွားလေ့ရှိကြောင်း စိုင်အုန်းကျော် ဆိုသူ၎င်း၏အသိတစ်ဦးက RFMသို့ပြောသည်။ NLD ပါတီက ယခုကဲ့သို့အောက်ခြေပါတီဝင်များ၏တင်ပြချက် ကို တန်ဖိုးမထားဘဲ လူမသိအောင်အစား ထိုးလဲလှယ်နေခြင်းကို ပါတီဝင်အများစုက မကျေမနပ် ဖြစ်၍ ပါတီမှနုတ်ထွက်သူတွေ နိုင်ငံနှင့်အဝှမ်း ဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ စိုင်းထွန်းကိုကို ဟုအမည်ပေးထားသူသည် ရခိုင်လူမျိုး ဟုလိမ်လည်ထားပြီးဝှိုက်ကဒ်ကိုင်ဆောင်ထားပြီးမှ ၂၀၁၇ လုနှစ်တွင် NLDအစိုးရ၏ အထူးစီမံချက်ဖြင့်နိုင်ငံသားကဒ် ရရှိလာသူဖြစ်သည်ဟု Facebook ပေါ်တွင် ပြောဆိုနေသည်ကိုတွေ့ရသည်။ ဒေသခံများထောက်ခံသူ ဒေါ်စန်းစန်းထွေး(ရှမ်း)နှင့် NLD ဗဟိုမှအစားထိုးရွေးချယ်လိုက်သည့်စိုင်းထွန်းကိုကို ခေါ် ဘင်္ဂလီ။ ၎င်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ကအစ ရိုရိုသေသေဆက်ဆံရသည်ဟုပြောဆိုနေ ကြသည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို NLD ပါတီကို တိုက်ခိုက်နေကြ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ပြန်လည်ကူးယူဖော်ပြထားကြပြီး လူပေါင်း ထောင်ကျော်ထိ ထပ်ဆင့်ဝေမျှထားကြပြီး လူပေါင်း သိန်းဂဏာန်းအထိ အဆိုပါ သတင်းအမှားဟာ ပျံနှံ့နေပါတယ်။


    သတင်းဆန်းစစ်ချက်

    Radio Free Myanmar ဆိုတဲ့ သတင်းဌာန အယောင်ဆောင်ပြီး ဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်တဲ့ မူဆယ်မြို့က NLD ကိုယ်စားလှယ်လောင်း စိုင်းထွန်းကိုကိုဟာ မွတ်စလင်လူမျိုး ဘင်္ဂလီ တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ သတင်းအမှားဖြန့်ဝေခံရတဲ့ ကာယကံရှင်ဖြစ်သူ စိုင်းထွန်းကိုကိုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် တို့ကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    သတင်းအမှားထဲမှာ စွတ်စွဲထားတာတွေနဲ့ ပက်သက်ပြီး မူဆယ်မြို့က NLD ကိုယ်စားလှယ်လောင်း စိုင်းထွန်းကိုကိုက "ကျွန်တော် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူပါ။ ကျွန်တော် အခုမှ မနေ့တနေ့ကမှ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူ မဟုတ်ပါဘူး။ မွေးထဲက ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့သူပါခင်ဗျ။ ကျွန်တော့်အမေက ရှမ်း ပလောင်ပါ။ အဖေက ရခိုင်ပါ။ အမေရော အဖေရော ဝန်ထမ်းတွေပါ ခင်ဗျ။ ကျွန်တော့အဖေက ကျွန်တော် (၈) လသားထဲက အဖေဆုံးသွားတာပေါ့နော်။ သူတို့ ပြောသလိုလည်း မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော့်အမေကလည်း သမ ဝန်ထမ်းပါခင်ဗျ။ ကျွန်တော်အဖေက နမ္မတူဘော်တွင်း သတ္တုတွင်းက ဝန်ထမ်းပါခင်ဗျ" လို့ Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

    ဒီအကြောင်းအရာ နဲ့ ပက်သက်ပြီး NLD ပါတီ ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်က "ပါတီက မူဆယ်မြို့နယ် လွတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းထွေးနေရာမှာ စိုင်းထွန်းကိုကို ကို အစားထိုးတယ်လို့ ပြောပါတယ်။ အဲ့ဒီ စိုင်းထွန်းကိုကိုက မွတ်စလင် ဖြစ်တယ်ဆိုပြီး တစ်ခါ လုပ်လာပြန်တယ်။ အဲ့ဒါလည်း မဟုတ်ပါဘူး။ စိုင်းထွန်းကိုကို ဆိုတာကတော့ ဒေသခံ တိုင်းရင်းသား တစ်ယောက်ပါပဲ။ စိုင်းထွန်းကိုကို က ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါပဲ။ ဒီဟာမှာလည်း ဒေါ်စန်းစန်းထွေး နေရာမှာ အစားထိုးတာက သူ့ အကြောင်း ကိစ္စရှိနိုင်ပါတယ်။ အဲ့ဒါကို မွတ်စလင် နဲ့ အစားထိုးချင်လို့ လုပ်တယ်ဆိုတာမျိုး တမင်ပေါ့လေ ဒီဟာကို ဆွပေးတာမျိုးကတော့ ကျွန်တော်တို့ လက်မခံပါဘူး။ ဒါ အခြေအမြစ် မရှိတဲ့ အောက်တန်းကျတဲ့ သတင်းပါ" လို့ ပြောပါတယ်။

    သတင်းအမှား ဖြန့်ဝေခဲ့တဲ့ Radio Free Myanmar ဟာ သတင်းဌာန အဆောင်ပြီး နိုင်ငံရေး တိုက်ခိုက်မှုများကို အစဉ်တစိုက် ပြုလုပ်နေပြီး ၎င်းတို့မှာ Facebook စာမျက်နှာလည်း မရှိ၊ Website လည်း မရှိပဲ ဟန်ပြပြုလုပ်ထားတဲ့ Blog စာမျက်နှာ တစ်ခုသာ တွေ့ရပါတယ်။ အဲ့ဒီ Radio free Myanmar ဟာ ရွေးကောက်ပွဲ အကြိုကာလထဲက NLD နဲ့ ပက်သက်တဲ့ သတင်းအမှား ပေါင်း များစွာကို ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

    Tags

    false newspolitically attacksNLD candidate from MuseSai Htun Ko Koသတင်းအမှားNLD ကိုယ်စားလှယ်လောင်းမူဆယ်ဘင်္ဂလီ
    Read Full Article
    Claim :   Radio Free Myanmar ဆိုတဲ့ သတင်းဌာန အယောင်ဆောင်ပြီး ဖြန့်ဝေထားတဲ့ မူဆယ်မြို့က NLD ကိုယ်စားလှယ်လောင်း စိုင်းထွန်းကိုကိုဟာ မွတ်စလင်လူမျိုး ဘင်္ဂလီ တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က သတင်းအမှားဖြန့်ဝေခံရတဲ့ ကာယကံရှင်ဖြစ်သူ စိုင်းထွန်းကိုကိုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် တို့ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!