BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်က...
Top Block

ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်က မြန်မာကို စစ်ကြေငြာဖို့ ပြောသလား

ဘင်္ဂလားဒေ့ချ် နယ်မြေထဲကို ကျည်ဆံတစ်ခွံကျရုံနဲ့ မြန်မာကို စစ်ကြေငြာမယ် ဆိုတဲ့ သတင်းတစ်ပုဒ်ကို သတိထားမိ ကြမယ်ထင်ပါတယ်။ ဒီအကြောင်းအရာက တကယ့်သတင်းအစစ်လား ဒါမှမဟုတ် လိမ်လည်ရေးသားထားတဲ့ အကြောင်းအရာလားဆိုတာကို ကြည့်ရအောင်ပါ။

By - Boom Live Myanmar |
Published -  24 Sept 2020 8:45 PM IST
  • ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်က မြန်မာကို စစ်ကြေငြာဖို့ ပြောသလား

    ဒီအကြောင်းအရာဟာ စက်တင်ဘာလ ၁၆ ရက်နေ့က VK လူမှုကွန်ယက်ပေါ်မှာ စတင်ပျံနှံ့ခဲ့ဖြစ်ပြီး အဲ့ဒီနေ့ ညပိုင်းမှာ Linn Myat Eain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ပြန်လည် ဖြန့်ဝေထားတာဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကိုပဲ Opera Report နဲ့ Opera Entertainment ဆိုတဲ့ YouTube Channel (၂) ခု ကပါ အဆိုပါ သတင်းကို နောက်ခံ အသံရွတ် ဆိုကာ Video သတင်းအဖြစ် ပြုလုပ်ပြီး ၎င်းတို့ရဲ့ YouTube Channel တွေမှာ စက်တင်ဘာလ ၁၆ ရက်နေ့က တင်ထားခဲ့ပါသေးတယ်။

    အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဘင်္ဂလားဒေ့ချ်နယ်မြေထဲကို ကျည်ဆံတစ်ခွံကျရုံဖြင့် မြန်မာကို စစ်ကြေငြာပြီးသား ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ်သတိပေး" လို့ ရေးသားထားတာဖြစ်ပါတယ်။

    အဲ့ဒီသတင်းရဲ့ အတွင်းပိုင်းမှာတော့ "ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲကို ကျည်ဆံတစ်ခွံ ကျရုံမျှဖြင့် မြန်မာကို စစ်ကြေငြာပြီးသာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက ပြောကြား လိုက်ကြောင်း ယနေ့ထုတ် Daily Dhaka News သတင်းစာတွင်ဖော်ပြထားသည်။ နေရပ်စွန့်ခွာ မူဆလင်များအပေါ်တာဝန်ခံမှု တာဝန်ယူမှု မရှိသော မြန်မာစစ်တပ်နှင့် မြန်မာအစိုးရသည် ICJ တွင်အမှုရင်ဆိုင်နေရချိန် မြန်မာတပ်မတော်သား နှစ်ဦးအား ဘင်္ဂလားဒေ့ရှ် အကူအညီဖြင့် သည်ဟိတ် မြို့သို့ရောက်ရှိသွားသည်ဟု မြန်မာအစိုးရ၏ ပြောကြားချက်ကို ယတိပြတ် ပြတ်ငြင်းဆိုလိုက်ပြီး မြန်မာအစိုးရ၏ နယ်စပ်တလျှောက် မူမမှန်သည့် စစ်ရေး လှုပ်ရှားမှုများသည် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပျက်ပြားစေနိုင်သလို ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျည်ဆံတစ်ခွံကျရုံမျှဖြင့် နေပြည်တော်ထိ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကကြိမ်းဝါးလိုက်သည်" ဟူသောရေးသားချက်များအပြင်အခြားသော အတည်မပြုနိုင်သည့်အကြောင်းအရာများကိုထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။

    အဲ့ဒီအကြောင်းအရာတွေကိုတော့ ဒီအောက်ကလင့်တွေကနေဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    VK link , Facebok Link , YouTube Link 1 , YouTube Link 2

    အဆိုပါ သတင်းအမှားကို Linn Myat Eain ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့်ဝေမျှသူပေါင်း ၁၂၀၀ ကျော်ရှိနေပြီး VK လူမှုကွန်ယက်ပေါ်မှာတော့ အကောင့်တုတွေရော အကောင့်အစစ်တွေနဲ့ပါ ဖြန့်ဝေနေတာကို တွေ့ရပြီး YouTube Channel (၂) ခုမှာတော့ ဝင်ရောက်ကြည့်ရှု့သူ စုစုပေါင်း ၅ သောင်းခွဲ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ ဘင်္ဂလားဒေ့ချ်နယ်မြေထဲကို ကျည်ဆံခွံကျရုံနဲ့ မြန်မာကို စစ်ကြေငြာမယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒ ဖြန့်ချီထားတဲ့ သတင်းသက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

    ၎င်းတို့ ရေးသားဖြန့်ဝေထားတဲ့ ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ် ရှိက်ဟာဆီနာက အဆိုပါ အကြောင်းအရာကို Daily Dhaka News မှာ ပြောဆိုထားတယ် ဆိုတဲ့ အချက်ကို စစ်ဆေးကြည့်တဲ့အခါမှာ လုပ်ကြံရေးသားထားခြင်းဖြစ်ကြောင်းတွေ့ရပါတယ်။ ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်ဟာ အဲ့ဒီအကြောင်းအရာကို Daily Dhaka News မှာပြောဆိုထားခြင်း မရှိသလို တခြား မည်သည့်နေရာမှာမှ ပြောဆိုထားခြင်း မရှိပါဘူး။

    ဒီအကြောင်းအရာကို YouTube Video လုပ်ခဲ့တဲ့ Channel (၂) ခုကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာလည်း လက်နက်ကိုင် တိုက်ပွဲသတင်းတွေ၊ စစ်ပွဲသတင်းတွေ ကို ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီးပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ကာ စီးပွားရှာနေတဲ့ YouTube Channel ဖြစ်ကြောင်း တွေ့ရပါတယ်။

    အဲ့ဒီ YouTube Channel အကြောင်း Boom က ရေးသားထားတဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    ဝါဒဖြန့်သတင်းတွေနဲ့ စီးပွားရှာနေတဲ့ YouTube Channel


    Tags

    False newsBangladeshdeclare warBurmaဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်မြန်မာစစ်ကြေငြာသတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ ဘင်္ဂလားဒေ့ချ်နယ်မြေထဲကို ကျည်ဆံခွံကျရုံနဲ့ မြန်မာကို စစ်ကြေငြာမယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook, YouTube, VK, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!