BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ကွမ်းစားသူတွေ ကိုဗစ် မဖြစ်ဘူးဆိုတဲ့...
Top Block

ကွမ်းစားသူတွေ ကိုဗစ် မဖြစ်ဘူးဆိုတဲ့ သုတေသနမရှိပါ

ကိုဗစ် ၁၉ တကျော့ပြန်ဖြစ်ပွားချိန်မှာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အမှားတွေ၊ ထင်မြင်ယူဆချက်တွေ ရေးသားဖြန့်ဝေနေတာတွေ အများအပြားရှိနေပါတယ်။

By - Boom Live Myanmar |
Published -  18 Sept 2020 9:02 PM IST
  • ကွမ်းစားသူတွေ ကိုဗစ် မဖြစ်ဘူးဆိုတဲ့ သုတေသနမရှိပါ

    ဒီလိုထွက်ပေါ်လာတဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ဗဟုသုတ အမှားတွေဟာ ပထမအကြိမ် ကိုရိုနာရောဂါပျံ့နှံ့ခဲ့တဲ့ ကာလမှာ ထွက်ပေါ်ခဲ့တဲ့ ကောလဟာလတွေကို အခြေခံပြီး ဖြန်လည်ဖြန့်ဝေမှုတွေ ပါဝင်ပါတယ်။

    ဒီရက်ပိုင်းထဲမှာပဲ ကွမ်းစားတဲ့ သူတွေမှာ ကိုရိုနာရောဂါပိုး မတွေ့ဘူးဆိုတဲ့ အကြောင်းအရာတစ်ခုကိုရေးသားဝေမျှနေပြီး လူပေါင်းများစွာက ဒီအကြောင်းအရာကို ဆင့်ကဲဝေမျှမှုတွေရှိလာပါတယ်။

    အဲ့ဒီ အကြောင်းအရာကို နိုင်မျိုးဝင်းဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၁၃ ရက်နေ့ နေ့ခင်း ၁ နာရီ ၅၃ မိနစ်မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး "စစ်တမ်းအရ ကွမ်းစားနဲ့သူတစ်ဦးမှ ပိုးမတွေ့" ဘူးလို့ ရေးသားထားပါတယ်။ အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၃၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ တစ်ထောင်ကျော် ရှိနေပါတယ်။

    ဒါ့အပြင် အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Banthar Ali ဆိုတဲ့ နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခုက စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကိုင်းမြို့ ကောင်းကြောင်း မကောင်းကြောင်း ပွင့်ပွင့်လင်းလင်းပြောကြမယ် ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ အဲ့ဒီပိုစ့်ကို ထပ်မံရေးသားထားပါတယ်။ Banthar Ali ဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၁၂၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၅၃၀၀ ကျော် ရှိနေပြီး အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်ကို ထပ်ဆင့်ကူးယူဖော်ပြသူပေါင်းများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ အကြောင်းအရာဟာ ဧပြီလခန့် ကတည်းက မြန်မာနိုင်ငံ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပြီး အခုအချိန် တကျော့ပြန် ဝေမျှနေကြတာ ဖြစ်ပါတယ်။ ဒီလို ထင်ယောင်ထင်မှား ဝေမျှမှုတွေဟာ ကွမ်းယာထဲမှာ ပါဝင်တဲ့ ထုံးဓါတ်က ကိုဗစ်ရောဂါပိုးကို သေစေနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကို အခြေခံပြီး ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

    ပထမအကြိမ် အဆိုပါ သတင်းအမှား ပျံနှံ့ခဲ့စဉ်က Boom Myanmar က ရန်ကုန်ဆေးဝါးတက္ကသိုလ်၊ ဆေးဝါးဗေဒဌာနက ကထိက ဒေါက်တာဒေါ်သန်းသန်းနု ကိုဆက်သွယ်မေးမြန်းတဲ့အခါမှာအခုလိုဖြေထားဖူးပါတယ်။

    ကွမ်းယာထဲမှာ အသုံးပြုနေတဲ့ ထုံးနဲ့ ပက်သတ်ပြီး "Slake Lime (ဖောက်ထုံး) ဟာ ကိုရိုနာဗိုင်းရပ်ပိုးကို သေစေတယ်ဆိုတဲ့ research လုပ်ထားတာတွေတော့ မရှိသေးဘူး။ ကတယ်တမ်း ဒီ Lime (ထုံး) က မစားဖူးတဲ့သူ စားရင်တောင်မှ ထုံးပေါက်တယ်တို့ ဘာတို့ ဖြစ်သေးတာပဲ။ အရေပြားနဲ့ ထိရင်တောင် ပြဿနာရှိနိုင်တယ်။ ကိုရိုနာ နဲ့ ပတ်သတ်ပြီး ပိုးသတ်မယ့် Bleaching powder တို့ ဘာတို့လိုမျိုး chlorine ပါတဲ့ ဟိုက်ပိုကလိုရိုက်ပါတဲ့ ဟာတွေ ပေးရင်တောင် မျက်စိမထိအောင် သေချာအုပ်ရမယ်။ အရေပြားမထိအောင် အုပ်ရမယ်တို့ ပြောပြီးသုံးရတဲ့ အမျိုးအစားလေ။ အခု လူတွေ စားနေတဲ့ကွမ်း ထဲမှာပါတဲ့ slake lime(ဖောက်ထုံး) လောက်နဲ့ ကိုရိုနာကို ကာကွယ်နိုင်တယ်လို့ ပြောနေတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စလေ" လို့ ပြောခဲ့ပါတယ်။

    ဆက်စပ်သတင်းကို ဒီမှာဖတ်ရှုပါ။

    ကွမ်းစားခြင်းဟာ ကိုဗစ်ရောဂါပိုးကို မကာကွယ်နိုင်သလို ခံတွင်းကျန်းမာရေးလည်း ထိခိုက်စေနိုင်ပါတယ်။ ကွမ်းစားခြင်းနဲ့ ပတ်သက်ပြီး ဒေါက်တာအိဖြူထွေးက "ကွမ်းစာပြီး ကွမ်းတံထွေးထွေးမိမယ်ဆိုရင် တံထွေးကတဆင့် ပတ်ဝန်းကျင် အရာဝတ္ထုတွေပါမှာ corona virus ပိုးဟာအသက်ရှင်နိုင်ပါတယ်။ ဒီပိုးဟာ သုသေသနအမျိုးမျိုးအရ တစ်နာရီကနေ ၃နာရီ အတွင်း ပတ်ဝန်းကျင်မှာ အသက်ရှင်နိုင်တယ် လို့လည်းသိရတယ်။ ကွမ်းစားခြင်း ဖြင့် ပျောက်အောင်ကုနိုင်တယ်ဆိုတဲ့ သုတေသန စာတမ်းမျိုးလဲ မရှိသေးပါဘူး။ ကမ္ဘာအရပ်ရပ်မှာ COVID19 ကို ကုသဖို့ ဆေးနဲ့ ကာကွယ်ဆေးတွေဟာ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးပါတယ်။ WHO က အတည်ပြုထားတဲ့ ကာကွယ်ဆေး၊ ကုသဆေးလည်း မရှိသေးပါဘူး။ ကွမ်းစားလို့ ပါးစပ်မှာ ထုံးပေါက်လို့ အနာဖြစ်ရင် ခံတွင်းမှာ လေထဲကတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်နိုင်တယ်။ သွားနဲ့ခံတွင်း ရောဂါတွေလဲ ဖြစ်စေနိုင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။

    ဒါ့အပြင် India နိုင်ငံက တချို့ပြည်နယ်တွေမှာလည်း ကွမ်းတံတွေး ကနေ ကိုရိုနာ ဗိုင်းရပ် ကူးစက်ပြန့်ပွား နိုင်တဲ့အတွက် ကွမ်းတံတွေး မထွေးဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။ ကွမ်းတံတွေးကနေ တဆင့် ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားနိုင်တဲ့အတွက် ၁၈၉၇ ခုနှစ် မှာပြဌာန်းခဲ့တဲ့ အိန္ဒိယနိုင်ငံ ကပ်ရောဂါဆိုင်ရာ အက်ဥပေအရ ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ India နိုင်ငံ ဂူဂျာရက်ပြည်နယ်မှာ ကွမ်းတံတွေး မထွေးဖို့ တားမြစ်ပိတ်ပင်ထားတဲ့ သတင်းကို ဒီ Link မှာ ဖတ်ရှု့နိုင်ပါတယ်။

    ကွမ်းစားရင် ကိုရိုနာရောဂါ မဖြစ်ဘူးဆိုတဲ့အချက် သုတေသန ပြုလုပ်ထားခြင်း မရှိဘဲ ဖြန့်ဝေထားတာ ဖြစ်သလို ကိုရိုနာရောဂါ ပျံ့နှံ့နေတဲ့အချိန်မှာ ကွမ်းစားခြင်း အလေ့အထနဲ့ Public Area တွေမှာ ကွမ်းတံတွေးထွေးခြင်း ကို ထိန်းချုပ်ဖို့ ဆေးပညာ အသိုင်းအဝိုင်းက ပြောဆိုဝေဖန်နေမှုတွေလည်း ရှိနေပါတယ်။ ကွမ်းစားတဲ့ သူတွေမှာ ကိုရိုနာ ရောဂါပိုး မတွေ့ဘူးဆိုတဲ့အချက်ဟာ သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။

    Tags

    fake newsCorona Myanmarbetel-eatersCovid-19no researchကွမ်းစားသူကိုဗစ် ၁၉သုတေသနမရှိ
    Read Full Article
    Claim :   နိုင်မျိုးဝင်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ကွမ်းစားတဲ့ သူတွေမှာ ကိုရိုနာရောဂါပိုး မတွေ့ရဘူး ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!