BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကွမ်းစားရင် ကိုရိုနာပျောက်တယ်ဆိုတဲ့...
သတင်းအတု

ကွမ်းစားရင် ကိုရိုနာပျောက်တယ်ဆိုတဲ့ ကျန်းမာရေး ဗဟုသုတ အမှား

ကွမ်းယာစားရင် ကိုရိုနာပျောက်တယ်ဆိုတာ အကြောင်းအရာအမှားတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကောင့်ပေါင်းမျာစွာက လူမှူကွန်ရက်ပေါ်ကနေဖြန့်ချိခဲ့ကြပါတယ်။

By - Boom Live Myanmar |
Published -  2 April 2020 3:16 PM IST
  • ကွမ်းစားရင် ကိုရိုနာပျောက်တယ်ဆိုတဲ့ ကျန်းမာရေး ဗဟုသုတ အမှား

    ဒီသတင်းအမှားထဲမှာ ကွမ်းယာထဲမှာပါတဲ့ ထုံးဓါတ်ဟာ ကိုရိုနာ ဗိုင်းရပ်ပိုးကို သေစေနိုင်ပြီး တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ထုံးအမှုန့်တွေ ဖြူးလိုက်တဲ့အတွက် Covid-19 Virus ပြန့်ပွားမှု ရပ်တန့်သွားတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် လက်ရှိ ကိုရိုနာရောဂါ ဖြစ်ပွားသူတွေဟာ ကွမ်းမစားသူတွေဖြစ်ကြောင်း ကွမ်းအစားများတဲ့ India နိုင်ငံမှာ ကူးစက်ပြန့်ပွားမှု့ နည်းနေတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

    လက်ရှိမှာ ဒီလိုရေးသားထားတဲ့အကြောင်းအရာကို ကို ဖေ့စ်ဘွတ်ပေါ်မှာ တဆင့်ပြန်လည်ဝေမျှသူ ၁ သိန်းနီးပါး ရှိနေပါတယ်။ ဒီသတင်းအမှားကို ကွမ်းယာပစ္စည်း အရောင်းအဝယ်ပြုသူတွေကြားမှာလည်း ထပ်ဆင့်မျှဝေနေဆဲ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ သတင်းအချက်အလတ်တွေကို ဆန်းစစ်ဖို့ Boom Myanmar က ဆေးပညာအသိုင်းအဝိုင်းက ပညာရှင်တွေနဲ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

    ကွမ်းယာထဲမှာ အသုံးပြုနေတဲ့ ထုံးနဲ့ ပက်သတ်ပြီး "Slake Lime (ဖောက်ထုံး) ဟာ ကိုရိုနာဗိုင်းရပ်ပိုးကို သေစေတယ်ဆိုတဲ့ research လုပ်ထားတာတွေတော့ မရှိသေးဘူး။ ကတယ်တမ်း ဒီ Lime (ထုံး) က မစားဖူးတဲ့သူ စားရင်တောင်မှ ထုံးပေါက်တယ်တို့ ဘာတို့ ဖြစ်သေးတာပဲ။ အရေပြားနဲ့ ထိရင်တောင် ပြဿနာရှိနိုင်တယ်။ ကိုရိုနာ နဲ့ ပတ်သတ်ပြီး ပိုးသတ်မယ့် Bleaching powder တို့ ဘာတို့လိုမျိုး chlorine ပါတဲ့ ဟိုက်ပိုကလိုရိုက်ပါတဲ့ ဟာတွေ ပေးရင်တောင် မျက်စိမထိအောင် သေချာအုပ်ရမယ်။ အရေပြားမထိအောင် အုပ်ရမယ်တို့ ပြောပြီးသုံးရတဲ့ အမျိုးအစားလေ။ အခု လူတွေ စားနေတဲ့ကွမ်း ထဲမှာပါတဲ့ slake lime(ဖောက်ထုံး) လောက်နဲ့ ကိုရိုနာကို ကာကွယ်နိုင်တယ်လို့ ပြောနေတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စလေ" လို့ လို့ ရန်ကုန်ဆေးဝါးတက္ကသိုလ်၊ ဆေးဝါးဗေဒဌာနက ကထိက ဒေါက်တာဒေါ်သန်းသန်းနုက Boom Myanmar ကို ပြောပါတယ်။

    မြန်မာပြည်မှာ ကွမ်းစားတဲ့ အလေ့အထ နဲ့ ပက်သတ်ပြီး "စင်္ကာပူ ကတောင်ပြောတယ် ……. မြန်မာနိုင်ငံက လူတွေက ကွမ်းတွေရောင်း ကွမ်းတွေစား ပြီး လျှောက်ထွေးနေတဲ့ အလေ့အထကိုက ကိုရိုနာကို ပိုပြီးတော့တောင် ပြန့်နှံ့စေတယ် လို့ ပြောနေကြတယ်။ ပြီးတော့ ကွမ်းဆိုင်တွေတောင် ပိတ်သင့်တယ်လို့ ပြောနေကြတော့ သူတို့ဘက်ကလည်း ဆိုက်ဝါးတွေ ပြန်သုံးနေကြတာလို့ ထင်တယ်။" လို့ ဒေါက်တာဒေါ်သန်းသန်းနုက ပြောပါတယ်။

    COVID-19 ဟာ အသက်ရှုလမ်းကြောင်း ကတဆင့် ကူးစက်တက်တဲ့ ရောဂါဖြစ်ပြီး "ပတ်ဝန်းကျင် မှာ ရှိ တဲ့ ရောဂါပိုးရှိနိုင်တဲ့ အရာဝတ္ထုတွေကိုထိတွေ့ကိုင်တွယ်မိပြီးမျက်နှာကိုလက်ဖြင့်ထိတွေ့ကိုင်မိမယ်ဆိုရင် ရောဂါကူးစက်နိုင်စေပါတယ်။ ကွမ်းစာပြီး ကွမ်းတံထွေးထွေးမိမယ်ဆိုရင် တံထွေးကတဆင့် ပတ်ဝန်းကျင် အရာဝတ္ထုတွေပါမှာ corona virus ပိုးဟာအသက်ရှင်နိုင်ပါတယ်။ဒီပိုးဟာ သုသေသနအမျိုးမျိုးအရ တစ်နာရီကနေ ၃နာရီ အတွင်း ပတ်ဝန်းကျင်မှာ အသက်ရှင်နိုင်တယ် လို့လည်းသိရတယ်။ ကွမ်းစားခြင်း ဖြင့် ပျောက်အောင်ကုနိုင်တယ်ဆိုတဲ့ သုတေသနစာတမ်းမျိုးလဲမရှိသေးပါဘူး။ ကမ္ဘာအရပ်ရပ်မှာCOVID19 ကို ကုသဖို့ ဆေးနဲ့ ကာကွယ်ဆေးတွေဟာစမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးပါတယ်။ WHO က အတည်ပြုထားတဲ့ ကာကွယ်ဆေး၊ ကုသဆေးလည်း မရှိသေးပါဘူး။ ကွမ်းစားလို့ ပါးစပ်မှာ ထုံးပေါက်လို့ အနာဖြစ်ရင် ခံတွင်းမှာ လေထဲကတဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေအလွယ်တကူဝင်ရောက်နိုင်တယ်။သွားနဲ့ခံတွင်းရောဂါတွေလဲဖြစ်စေနိုင်ပါတယ်" လို့ ခံတွင်း ကျန်းမာရေးနဲ့ ပက်သတ်ပြီး ဒေါက်တာအိဖြူထွေးက အခုလို ရှင်းပြပါတယ်။

    ဒီ ဖေ့စ်ဘွတ်ပိုစ့် မှာ ရေးထားတဲ့ India နိုင်ငံက ကွမ်းစားတဲ့ အလေ့အထကြောင့် ကိုရိုနာ ပြန့်ပွားမှုနှေးတယ် ဆိုတာလည်း မဟုတ်ပါဘူး။ India နိုင်ငံ ဂူဂျာရက်ပြည်နယ်မှာ ကွမ်းတံတွေး ကနေ ကိုရိုနာ ဗိုင်းရပ်ကူးစက်ပြန့်ပွားနိုင်တဲ့အတွက် ကွမ်းတံတွေး မထွေးဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။ ကွမ်းတံတွေးကနေ တဆင့် ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားနိုင်တဲ့အတွက် ၁၈၉၇ ခုနှစ် မှာပြဌာန်းခဲ့တဲ့ အိန္ဒိယနိုင်ငံ ကပ်ရောဂါဆိုင်ရာ အက်ဥပေအရ ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    India နိုင်ငံ ဂူဂျာရက်ပြည်နယ်မှာ ကွမ်းတံတွေး မထွေးဖို့ တားမြစ်ပိတ်ပင်ထားတဲ့ သတင်းကို ဒီ Link မှာ ဖတ်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ထုံးမှုန့်တွေ ဖြူးလိုက်လို့ ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှု ရပ်တန့်သွားတယ် ဆိုတာမဟုတ်ပါဘူး။ ထုံးအမှုန့်ဟာ ဗိုင်းရပ်ပိုးတွေကို သေစေတာ မှန်ပေမယ့် ကိုရိုနာ ဗိုင်းရပ်ဟာ နှာချေခြင်း၊ ချောင်းဆိုးခြင်း တွေအပြင် လေထဲကနေ တဆင့် ပြန့်ပွားနိုင်တဲ့ ဗိုင်းရပ်အမျိုးအစား ဖြစ်ပါတယ်။ တရုတ်အစိုးရက ဝူဟန်မြို့ကို ၂ လကြာ Lockdown ချပြီး ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

    ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားနိုင်တဲ့ နည်းလမ်းတွေကို ဒေါက်တာတင့်ဆွေရဲ့ ဒီ Blog စာမျက်နှာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    Covid-19 ရောဂါပိုးဟာ နှာရည် နဲ့ တံတွေးကနေ တဆင့်ကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကထုတ်ပြန်ထားတဲ့အတွက် ကွမ်းတံတွေးကနေ တဆင့်ကူးစက်နိုင်တာောကာင့် မြန်မာနိုင်ငံက ကွမ်းယာစားသုံးသူတွေ ကို ကန့်သတ်ထိန်းချုပ်သင့်ကြောင်း ဆေးပညာ အသိုင်းအဝိုင်းမှာ အကြံပြု တောင်းဆိုနေကြပါတယ်။

    WHO ရဲ့ အကြံပြုချက်ကို ဒီ Link မှာ ဖတ်ရှု့နိုင်ပါတယ်။

    တကယ်တော့ ကွမ်းစားရင် ကိုရိုနာရောဂါပိုးကို သေစေနိုင်တယ် ဆိုတာ ကျန်းမာရေးအယူအဆ အမှားသာ ဖြစ်ပါတယ်။

    Tags

    Chewing betelCorona MyanmarWrong Health knowledgeCovid-19
    Read Full Article
    Claim :   ကွမ်းစားရင် ကိုရိုနာဗိုင်းရပ် ကာကွယ်နိုင်တယ်ဆိုတဲ့ ကျန်းမာရေး ဗဟုသုတ အမှားကို ဆေးပညာအသိုင်းအဝိုင်းက ဆရာဝန်တွေက ထောက်ပြထားပါတယ်။
    Claimed By :  facebook post
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!