BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒီမောဆိုတိုက်ပွဲမှာ ဗိုလ်နဂါး...
      သတင်းအတု

      ဒီမောဆိုတိုက်ပွဲမှာ ဗိုလ်နဂါး ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

      ဒီမောဆို တိုက်ပွဲမှာ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါး ကျရှုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  11 Sept 2022 7:22 PM IST
    • ဒီမောဆိုတိုက်ပွဲမှာ ဗိုလ်နဂါး ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Today News ဆိုတဲ့ Page တစ်ခုက စက်တင်ဘာ ၂ ရက်နေ့ ည ၇ နာရီ ၁၉ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖန်တီးရာမှာ ၄ မိနစ်နဲ့ ၃၈ စက္ကန့် ကြာမြင့်တဲ့ video တစ်ပုဒ် တင်ထားပါတယ်။ အဆိုပါ Video ကိုဖန်တီးရာမှာ ဗိုလ်နဂါးရဲ့ ဓါတ်ပုံတစ်ပုံ သုံးထားပြီး ဓါတ်ပုံပေါ်မှာ "ဒီးမော့ဆိုတိုက်ပွဲမှာ ဒဏ်ရာရသူကို ကာကွယ်ရင်း ဗိုလ်နဂါးကျရှုံး၊ အလောင်းပြန်မရခဲ့" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း ဒီမောဆို တိုက်ပွဲမှာ ဗိုလ်နဂါး ကျဆုံးသွားပြီဆိုတဲ့ ခေါင်းစဉ်ကိုသာ ထပ်မံရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်ပေါ်မှာ Like လုပ်ထားသူ ၂၄၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှုထားသူ ၅ သိန်းခွဲကျော်ရှိကာ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၂ သိန်းခွဲကျော်ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီမောဆို တိုက်ပွဲမှာ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးကျဆုံးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      သတင်းအမှားဖြန့်သူတွေက ဒီမောဆို တိုက်ပွဲမှာ ဗိုလ်နဂါးကျရှုံးသွားတယ်လို့ ဖြန့်ထားပေမယ့် ဒီမောဆိုဟာ ကယားပြည်နယ်မှာ တည်ရှိတာဖြစ်ပြီး ဗိုလ်နဂါးက စစ်ကိုင်းတိုင်း ပုလဲ မြို့နယ်မှာ အခြေချနေထိုင်ကာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

      ဒါ့အပြင် ဗိုလ်နဂါး ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအမှားတွေလည်း မကြာခဏ ထွက်ပေါ်လာလေ့ရှိပြီး ခုချိန်ထိ ဗိုလ်နဂါးဟာ ဘေးကင်းဆဲဖြစ်ကာ စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေတယ်လို့ ဗိုလ်နဂါးရဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ မကြာခဏ ဖြေရှင်းလေ့ရှိပါတယ်။

      ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ ဗိုလ်နဂါး ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအမှားတွေကို အောက်ပါ Link တွေမှာ ဖတ်ပါ။

      ဗိုလ်နဂါးကို အသေဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းအတု

      ဗိုလ်နဂါးကို အသေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား


      ဗိုလ်နဂါးဟာ ဖေ့စ်ဘွတ်အကောင့် ၂ ခု သုံးစွဲတာတွေ့ရပါတယ်။ ၎င်းရဲ့ အကောင့်တစ်ခုဖြစ်တဲ့ ဗိုလ်နဂါး နာမည်နဲ့ Account က မကြာခဏ report မိကာ လက်ရှိအချိန်မှာ အကောင့် ပြုတ်ကျနေပါတယ်။ ဗိုလ်ထင်လင်းဆိုတဲ့ Account နဲ့ ၎င်းရဲ့ ပေ့ချ်ကို လတ်တလော အသုံးပြုနေပါတယ်။ အဆိုပါ ပေ့ချ်နဲ့ Account ကို ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ထိ အသုံးပြု ရေးသားနေဆဲဖြစ်ပါတယ်။

      ဗိုလ်နဂါးရဲ့ Account နဲ့ Page ကို ဒီနေရာ နဲ့ ဒီနေရာမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်တဲ့ သူတွေက ပြုလုပ်ထားတဲ့ video ထဲမှာတော့ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့အထိ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ဦးနှောက်ရွာကို စစ်ကောင်စီတပ်တွေ ဝင်စီးတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်တဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်စဉ်တွေ လိမ်ညာရေးသားကာ Click baits နဲ့ စီးပွားရှာတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      False newsPearl PDFPDF leaderCoupMilitaryသတင်းအမှားအာဏာသိမ်းClickbaits
      Read Full Article
      Claim :   ဒီးမော့ဆိုတိုက်ပွဲမှာ ဒဏ်ရာရသူကို ကာကွယ်ရင်း ဗိုလ်နဂါးကျရှုံး
      Claimed By :  facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!