BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကျောက်တော်မြို့မှာ AA တပ်ဖွဲ့ဝင်တွေ...
      သတင်းအတု

      ကျောက်တော်မြို့မှာ AA တပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအမှား

      ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ AA တပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးထားပြီး အလောင်းတွေကို အဓ္ဓမ သယ်ယူခိုင်းနေတယ် ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  5 Feb 2024 9:51 PM IST
    • ကျောက်တော်မြို့မှာ AA တပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအမှား

      အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “ကျောက်တော်မြို့နယ်ရှိ ဒေသခံတွေကို AA ခဲဝါအလောင်းတွေအဓမ္မသယ်ခိုင်း” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ “ကျောက်တော်မြို့တိုက်ပွဲမှာ အတုံးအရုန်း သေသွားတဲ့ AA ခဲဝါအဖွဲ့တွေကို စုပုံမြေမြုပ်ဖို့ အနီးနားရွာကဒေသခံတွေ မလာမနေရခြိမ်းခြောက်ခေါ်ယူ နေတယ်လို့ တိမ်ရှောင်ထွက်ပြေးနေရတယ်လို့သိရပါတယ်” (မူရင်းအတိုင်း) လို့ ရေးသားထားကာ အလောင်းတွေကို ကျင်းတစ်ခုထဲ စုပြုံထည့်သွားကြောင်း၊ ဒဏ်ရာရသူတွေကို ဆေးကုမပေးဘဲ ပစ်ထားခဲ့တယ်လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာ နဲ့ ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ AA တပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးထားပြီး အလောင်းတွေကို အဓ္ဓမ သယ်ယူခိုင်းနေတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ကျောက်တော်မှာ AA တပ်ဖွဲ့ဝင်တွေ အကျအဆုံးများနေခြင်း မရှိပါဘူး။ စစ်ကောင်စီဘက်က တပ်စခန်းတွေသာ အသိမ်းခံရပြီး အကျအဆုံးများနေတာ ဖြစ်ပါတယ်။ ကျောက်တော်က စစ်ကောင်စီတပ်စခန်းတွေ အသိမ်းခံရတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

      ဒါ့အပြင် သတင်းအမှားကို စဖြန့်တဲ့ တယ်လီဂရမ်ချန်နယ်ဟာ ရက္ခိုင့်တပ်တော် AA ကို တိုက်ခိုက်ဖို့ သီးသန့်ပြုလုပ်ထားတဲ့ DORROR WADDY အမည်နဲ့ ချန်နယ်ဖြစ်ပြီး AA ကို တိုက်ခိုက်တဲ့ သတင်းအတု၊ သတင်းအမှားပေါင်းများစွာ ဖြန့်ထားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

      ၎င်းတို့ ယခင်ဖြန့်ထားတဲ့ သတင်းအမှားတွေကို အောက်ပါ link တွေမှာ ကြည့်ပါ။

      ရသေ့တောင်မှာ AA တပ်ဖွဲတွေ အများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအတု

      ပိုက်ဆံ မပေးတဲ့ ဒေသခံတွေကို AA က ရိုက်နှက် နှိပ်စက်နေတယ်ဆိုတဲ့ သတင်းအတု

      မင်းပြားမြို့တိုက်ပွဲမှာ AA တပ်ဖွဲ့ဝင် အချင်းချင်း ပစ်သတ်တယ်ဆိုတဲ့ သတင်းအတု

      AA က တိုက်ပွဲမှ ဆုတ်ခွာချိန် ကျေးရွာမီးရှို့ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတု

      စစ်ကောင်စီတပ်တွေနဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်တွေဟာ ရခိုင်ပြည်နယ်မှာ အထိနာနေပြီး ဖေဖော်ဝါရီလ ၄ ရက်ခန့်မှာ ဘင်္ဂလားဒေ့ချ်ဘက်ကိုပါ ထွက်ပြေးနေရပါတယ်။ ဘင်္ဂလားဒေ့ချ်ဘက်ကို ထွက်ပြေးလာတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၆ ယောက်ဟာလည်း လက်နက်တွေ သိမ်းပြီး ထိန်းသိမ်းခံထားရပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      false newsMilitaryCoupAAcomradesသတင်းအမှားရက္ခိုင့်တပ်တော်စစ်ကောင်စီ
      Read Full Article
      Claim :   ပေါက်တောမြို့ကို ဖျက်ဆီးသည့် ULA/AA အဖွဲ့ကို ဒေသခံများက လုံးဝလက်မခံနိုင်ဟု ကြိမ်းဝါးပြောဆို
      Claimed By :  Facebook, Telegram
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!