BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA က တိုက်ပွဲမှ ဆုတ်ခွာချိန်...
သတင်းအတု

AA က တိုက်ပွဲမှ ဆုတ်ခွာချိန် ကျေးရွာမီးရှို့ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတု

ရက္ခိုင့်တပ်တော် AA က တိုက်ပွဲက ဆုတ်ခွာသွားချိန်မှာ စစ်တွေမြို့က တောကန်ကျေးရွာကို မီးရှို့ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  16 Jan 2024 10:11 PM IST
  • AA က တိုက်ပွဲမှ ဆုတ်ခွာချိန် ကျေးရွာမီးရှို့ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ် တစ်ခုဖြစ်တဲ့ May Yu Htar Nay မေယုဌာနေ ချန်နယ်က ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာရာ နေအိမ်တွေ မီးလောင်နေတဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ၁၄ ရက်နေ့ ညဘက်နဲ့ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအနီးက စစ်တပ်လုံခြုံရေးစခန်းတွေကို AA အဖွဲ့က လာရောက်နှောက်ယှက်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး AA အဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားချိန်တွင် တောကန်ရွာကို မီးရှို့ထွက်ပြေးသွားတဲ့အတွက် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရက္ခိုင့်တပ်တော် AA က တိုက်ပွဲက ဆုတ်ခွာသွားချိန်မှာ စစ်တွေမြို့က တောကန်ကျေးရွာကို မီးရှို့ထွက်ပြေးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ရက္ခိုင့်တပ်တော် AA ရဲ့ Website မှာ “၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်၊ နံနက် (၉) နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအား မီးရှို့ဖျက်ဆီးလျက်ရှိ” လို့ အဆိုပါ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာခဲ့ပါတယ်။ AA က ထုတ်ပြန်ထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။


    စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေက အဆိုပါ အကြောင်းအရာကို AA က မွတ်စလင်ကျေးရွာတွေကို မီးရှို့နေတဲ့ပုံစံ တန်ပြန်ဝါဒဖြန့် ရေးသားလာကြတာ ဖြစ်ပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ ရခိုင်ပြည်နယ်အနှံ့အပြားမှာ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက အထိနာနေပြီး ပြည်သူတွေကို ဖမ်းဆီးတာ ဓါးစာခံလုပ်တာတွေ ရှိခဲ့ပါတယ်။

    စစ်တပ်ဟာ ၎င်းတို့ စစ်ကြောင်းထိုးတဲ့အခါတွေ တိုက်ပွဲဖြစ်တဲ့အခါတိုင်းမှာလည်း လူနေထိုင်ရာမြို့တွေ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ မီးရှို့ဖျက်ဆီးတာတွေ အမြဲ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupArakan ArmyburnedKilledသတင်းအတုကျေးရွာမီးရှို့ထွက်ပြေးစစ်ကောင်စီအာဏာသိမ်းရက္ခိုင့်တပ်တော်
    Read Full Article
    Claim :   AA က တိုက်ပွဲက ဆုတ်ခွာသွားချိန်မှာ စစ်တွေမြို့က တောကန်ကျေးရွာကို မီးရှို့ထွက်ပြေးသွား
    Claimed By :  Facebook, Telegram, TikTok
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!