BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆိုလာပြားမီးလောင်တဲ့...
သတင်းအတု

ဆိုလာပြားမီးလောင်တဲ့ ဓါတ်ပုံအဟောင်းတွေကို သုံးပြီးဖြန့်ထားတဲ့ သတင်းအမှား

မီးလောင်ကျွမ်းနေတဲ့ ဆိုလာပြားဓါတ်ပုံတွေသုံးပြီးဖြန့်ထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 Sept 2024 8:20 PM IST
  • ဆိုလာပြားမီးလောင်တဲ့ ဓါတ်ပုံအဟောင်းတွေကို သုံးပြီးဖြန့်ထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ စက်တင်ဘာလ ၁၈ ရက်နေ့ ဝန်းကျင်ခန့်က အများစုဟာ ဟင်ဒီဘာသာနဲ့ ဖြန့်ဝေနေကြတာဖြစ်ပြီး သတင်းအမှားထဲမှာ “အိမ်ခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ ဟစ္စဘိုလာတို့ရဲ့ Solar ပြားတွေ ဗုံးတွေကဲ့သို့ ပေါက်ကွဲနေ။ အစ္စရေးက ဘယ်နည်းပညာကို ရှာဖွေတွေ့ရှိခဲ့တာလဲ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်အကောင့် ရာပေါင်းများစွာက ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အစ္စရေးရဲ့ နည်းပညာကြောင့် ဟစ္စဘိုလာတို့ရဲ့ အိမ်ခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ Solar ပြားတွေ ဗုံးတွေလို မီးလောင်ပေါက်ကွဲနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    ဒီမီးလောင်နေတဲ့ ဓါတ်ပုံတွေဟာ အစ္စရေးရဲ့ နည်းပညာလည်း မဟုတ်သလို ဟစ္စဘိုလာတို့ရဲ့ အိမ်ခေါင်မိုးက ဆိုလာပြားတွေလည်း မဟုတ်ပါဘူး။ ဒီပုံဟာ Fire Safety Research Institute အဖွဲ့က ၂၀၂၀ ခုနှစ်က X လူမှုကွန်ယက်ပေါ်မှာ မီးဘေးအန္တရယ် သတိပေးဖို့ တင်ထားတဲ့ ပုံသာဖြစ်ပါတယ်။


    ဟစ္စဘိုလာတွေရဲ့ အိမ်ခေါင်မိုးတွေ ပေါက်ကွဲမီးလောင်တယ်လို့ ဖော်ပြထားတဲ့ ပုံဟာ သီးခြား ဓါတ်ပုံနှစ်ပုံကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ပထမပုံဟာ အိမ်သုံး Solar ပြားတွေတပ်ဆင် အသုံးပြုတဲ့အခါ ဖြစ်လာနိုင်တဲ့ မီးဘေးအန္တရာယ်တွေကို Fire Safety Research Institute က သုသေသန ပြုလုပ်ထားတဲ့ ဓါတ်ပုံဖြစ်ပြီး ဒုတိယပုံဟာ ကနေဒါနိုင်ငံ British Columbia ပြည်နယ်က Westside Road အနီး Westshore Estates မှာ 2020 ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်ညက အိမ်မီးလောင်မှု ဖြစ်ပွားခဲ့စဉ်က Vernon Morning Star သတင်းဌာနက ဖော်ပြခဲ့တဲ့ ဓါတ်ပုံသာ ဖြစ်ပါတယ်။


    လက်ဘနွန်နိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့မှာ ပေါက်ကွဲမှုတစ်ချို့ ဖြစ်ပွားခဲ့ပြီးနောက် နောက်ဆက်တွေ သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ဒီသတင်းအမှားလိုမျိုးပဲ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဟောင်ကောင်နိုင်ငံက အိမ်သာတစ်လုံးအတွင်း ပေါက်ကွဲမှုဖြစ်တဲ့ဓါတ်ပုံအဟောင်း နဲ့ ဟစ္စလိုလာတွေ ပေါက်ကွဲမှုဖြစ်တာလို့ ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်ခဲ့ပါသေးတယ်။ Boom က အချက်အလက် စစ်ဆေးထားတဲ့ အဆိုပါ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    Tags

    Fake NewsOld photossolar panelsburningFire SafetyHezbollahIsraelattackLebanonသတင်းအမှားအစ္စရေးရဲ့ဟစ္စဘိုလာ
    Read Full Article
    Claim :   အစ္စရေးနည်းပညာကြောင့် ဟစ္စဘိုလာတို့ရဲ့ အိမ်ခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ Solar ပြားတွေ ဗုံးတွေကဲ့သို့ ပေါက်ကွဲနေ
    Claimed By :  Facebook, X
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!