BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီဓါတ်ပုံက ဟစ္စဘိုလာတွေနဲ့...
သတင်းအတု

ဒီဓါတ်ပုံက ဟစ္စဘိုလာတွေနဲ့ မသက်ဆိုင်ပါ

ဟစ္စဘိုလာ အဖွဲ့ရဲ့ စစ်ဆင်ရေးကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့တယ်ဆိုတဲ့ ဓါတ်ပုံတစ်ပုံထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 Sept 2024 8:33 PM IST
  • ဒီဓါတ်ပုံက ဟစ္စဘိုလာတွေနဲ့ မသက်ဆိုင်ပါ

    အဆိုပါ ဓါတ်ပုံကို စက်တင်ဘာလ ၁၈ ရက်နေ့ခန့်က လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ မီးလောင်ပေါက်ကွဲပြီး ပျက်ဆီးနေတဲ့ ဘိုထိုင်အိမ်သာ တစ်လုံးရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဟစ္စဘိုလာ ပျောက်ကြားအဖွဲ့က စစ်ဆင်ရေးဆောင်ရွက်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တစ်ချို့ရေးသားဖြန့်ဝေမှုမှာတော့ အစ္စရေးထုတ်တဲ့ ဘထ္ထရီတွေ သုံးလို့ ပေါက်ကွဲတာလို့ ရေးသားမှုတွေလည်း ရှိနေပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့ဘွတ်အကောင့်ပေါင်းများစွာက ဖြန့်ဝေထားကြသလို X လူမှုကွန်ယက်တွေပေါ်လည်း ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ဟစ္စဘိုလာ အဖွဲ့ရဲ့ စစ်ဆင်ရေးကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့တယ်ဆိုတဲ့ ဓါတ်ပုံတစ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မှားယွင်းဖြန့်ဝေနေတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီဓါတ်ပုံဟာ အစ္စရေးနဲ့ရော ဟစ္စဘိုလာနဲ့ပါ မသက်ဆိုင်သလို လက်ဘနွန် နိုင်ငံနဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာ ဖြစ်ပွားတာ မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ်က ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အိမ်သာတစ်လုံးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

    ဒီဓါတ်ပုံနဲ့ ပတ်သက်ပြီး South China Morning Post က ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ရှန်ဇင်နယ်စပ်စစ်ဆေးရေးဂိတ်မှာ မပေါက်ကွဲသေးသော ဗုံးတစ်လုံး တွေ့ရှိကြောင်းနဲ့ ဒီဗုံးဟာ ဟောင်ကောင်က အိမ်သာတစ်ခုမှာ ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွယ်ကြောင်းကို တယ်လီဂရမ်ပေါ်မှာ အဆိုပါ ပေါက်ကွဲမှုများအတွက် တာဝန်ခံကြောင်း ထုတ်ပြန်ချက်များ ၎င်းသတင်းမှာ ဖော်ပြထားပါတယ်။

    South China Morning Post က ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    ဟောင်ကောင်က အိမ်သာထဲ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ဓါတ်ပုံကို ဟစ္စဘိုလာတွေကြောင့်လို့ အခုလို သတင်းအမှားဖြန့်ထားကြတာပဲ ဖြစ်ပါတယ်။

    Tags

    Fake newsOld photoHezbollahIsraelဟစ္စဘိုလာအစ္စရေးသတင်းအတုဓါတ်ပုံအဟောင်း
    Read Full Article
    Claim :   Some Hezbollah operative blew up while taking a dump.
    Claimed By :  Facebook, X, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!